လူလား၊ မူလား – ထက်မြက်
လွန်ခဲ့သော ၈၀ ပြည့်နှစ်များက စာပေလောကတွင် စာပေသဘော တရား အငြင်းအခုံများဖြစ်ခဲ့ဖူးသည်။ ထိုဖြစ် ပေါ်မှုများမှာ ၈၀ ပြည့်နှစ်များက သာမက လွန်ခဲ့သော ၆၀ ပြည့်နှစ်က လည်း ဖြစ်ခဲ့ဖူးသည်။ ထိုသည်မှာ ဗီဇနှင့် ပတ်ဝန်းကျင် ပြဿနာဖြစ်၏။ ထိုစဉ်ကနာမည်ကြီးခဲ့သော ခေါက်ထီး ကလေးမလုံ့တလုံ့ဆိုသော စာအုပ်အပေါ် ဝေဖန်ငြင်းခုံချက် များ ပေါ်လာသည်။ ကိုယ်ကျင့်တရားပျက်ပြားမှုသည် ဗီဇကြောင့်ဟု စာရေးဆရာ တချို့က မိမိတို့သိသမျှအတွေ့ အကြုံများနှင့် တင်ပြလာကြသလို နိုင်ငံရေး အတွေးအခေါ်ရှိသော စာရေးဆရာ တချို့က မူပတ်ဝန်း ကျင်ကြောင့် ဟု ခြေခြေမြစ်မြစ်ထောက်ပြခဲ့ကြပါသည်။ မိန်းကလေးတစ်ယောက်သို့မဟုတ် မိန်းက လေး တစ်စုဝါသနာအရ လျှပ်ပေါ်လော်လီကာ ပျက်စီးလာကြသလား၊ ထိုသို့ မဟုတ်ဘဲ မိမိမိသားစုဝမ်းရေး အတွက် ကိုယ်ခန္ဓာရောင်းစားကာ ပျက်စီး လာကြသလား ဆိုသည်မှာ ယခုလိုကျပ်တည်းသော အခြေအနေမျိုး တွင်အဖြေမှာ ရှင်းလင်းစွာ ပေါ် လာပါတော့သည်။…
နောက်ထပ်နိုင်ငံရေးလောကတွင် ဆွေးနွေးကြ၊ ငြင်းခုံကြသည့် ပြဿနာမှာ လူနှင့်မူပြဿနာဖြစ်၏။ လူကြောင့် လား၊ မူကြောင့်လားဆိုသည် ဖြစ်ပါ သည်။နိုင်ငံရေး ပါတီတစ်ရပ်၊ အစိုးရအဖွဲ့တစ်ဖွဲ့ Institution တစ်ခု၏ လုပ်ငန်းစဉ်များ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းမှာ လူတော်၍ အောင်မြင်သွားသည်လား၊ မူကောင်း၍ အောင် မြင်သွား သည်လား၊ မူညံ့၍ မအောင်မြင်ခြင်းလား၊ လူရှော်၍မအောင်မြင်ခြင်းလား ဆိုသည်ကို ဆွေးနွေးငြင်း ခုံကြလေသည်။ အသိဉာဏ်ပညာရှိသူများကမူ “မူ” သာလျှင် အဓိကဖြစ်သည်ကို သဘောပေါက် နားလည်ကြ လေသည်။ လမ်းစဉ်မှန်လျှင် မှန်သလိုအောင်မြင်ကြသလို လမ်းစဉ်မှားလျှင်မှားသလို ကျရှုံးကြသည်ကို နိုင်ငံ ရေး ပါတီများက သက်သေပြခဲ့ပြီး ဖြစ်သည်။ ၆၂ အာဏာသိမ်းစစ်ကောင်စီက တိုင်းပြည်တိုးတက်ဖို့ မြန်မာ့ ဆိုရှယ် လစ်လမ်းစဉ်ဆိုသည် ကိုချမှတ်လေသည်။
ယခင်က ညီညွတ်ရေး ပြိုကွဲခြင်းများ၊ တိုင်းပြည် မတိုးတက် ခြင်း များမှာမူကြောင့်ဖြစ်သည်ဟုဆိုကာ အည မည သဘော တရားနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်လိုက်တော့သည်။ လူထု နှင့်ကင်းကွာပြီး လူတစ်စုက လက်တွေ့မကျ သောမူကို ချလိုက်ခြင်းဖြစ်၏။ စစ်အာဏာရှင် ဗိုလ်နေ၀င်းနှင့် လူတစ်စု၏ လက်တွေ့ မကျ သောစိတ်ကူးယဉ်မူကို ချလိုက်သောကြောင့် တိုင်းပြည်မှာ ဖွတ်ကျောပြာစု၊ ခရု ဆံကျွတ် ဖြစ်သွားရလေတော့ သည်။ ထို့ကြောင့် မူလားလူလား၊ ဆိုသည့် ပြဿနာမှာ ထိုအချိန်ကတည်းက နိုင်ငံရေးလောက တွင် ငြင်းခုံစရာ ဖြစ်လာ၏။ လူကတော်ပါသည်၊ မူကမှားနေသောကြောင့် ဖြစ်သည် ဟုဆို၏။ မူကကောင်းပါသည်၊ လူကအခွင့် အရေးသမားများ၊ ၀ိသမလောဘသားများ၊ ကိုယ်ကျင့်တရားပျက်ပြားသူများဖြစ်သောကြောင့် မအောင်မြင် ရ ခြင်းဖြစ်သည်ဟုဆို ကြသည်။ အမှန်မှာမူကိုက မကောင်းသောကြောင့် အကျိုးဆက်ခံစားရခြင်းဖြစ်သည်။ မဆ လခေတ်တွင်မူ မူကလည်းမှား၊ လူကလည်းစစ်အာဏာရှင်များဖြစ် သောကြောင့် လူလည်းမှား၊ မူလည်းမှားပြီး တိုင်းပြည် ချောက်ထဲထိုးကျခဲ့ရလေသည်။ ၈၈ အာဏာသိမ်းစစ်ကောင်စီ ခေတ်တွင် မူဘာမူမှ လည်းမရှိ၊ လူက လည်းထူးချွန်ပြောင်မြောက် သူဟူ၍မရှိ။ ထို့ကြောင့် ပညာရေးလည်းပျက်၊ အုပ်ချုပ်ရေးလည်း မှားနေသော ကြောင့် ချောက်ထဲကျနေသော တိုင်းပြည်သည် ထို့ထက်နက်သော အမှောင်ထဲသို့ တိုး၍တိုး၍ ကျသွားရလေ တော့သည်။
အရေးကြီးသည်မှာ မူမှန်ဖို့လိုသလို လူလည်းကောင်းဖို့လိုပါသည်။ မူမှန်ပြီး အခွင့်အရေးသမားများ၊ လူညံ့များ၊ လူရှော်များကိုသာ အသုံးပြုထားလျှင်မူမှာလည်း ပျက်သွားပေမည်။ နိုင်ငံရေးပါတီများလည်း ထိုအတိုင်းပင်။ ပါတီကောင်းသော်လည်း လူညံ့၊ လူရှော်များ၊ လူအပုပ်အသိုးများဖြင့် ဆက်သွားနေလျှင်မူ ထိုပါတီမှာ ရည်မှန်း ချက်ပန်းတိုင်ကို ဘယ်တော့မျှ ရောက်မည် မဟုတ်ပေ။ ရွေးကောက်ပွဲအောင်နိုင်ရေး တွင်လူကြောင့်၊ မူကြောင့် ဆိုသောပြဿနာ၊ ပါတီကြောင့်၊ လူကြောင့်ဆိုသော ပြဿနာ မှာ မြန်မာ့နိုင်ငံရွေးကောက်ပွဲ သမိုင်းတွင် ပြသပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ပါတီစုံရွေးကောက်ပွဲ များကျင်းပပေးခဲ့သည်။ ၁၉၄၇ကတစ်ကြိမ်၊ ၁၉၅၁-၅၂က တစ်ကြိမ်၊ ၁၉၆၀ ပြည့်နှစ်က တစ်ကြိမ် ၁၉၉၀ခုနှစ်ကတစ်ကြိမ်၊ ၂၀၁၀ ပြည့်နှစ်ကတစ်ကြိမ် ပါတီစုံရွေးကောက် ပွဲများ ကျင်းပခဲ့လေသည်။ ထိုရွေးကောက်ပွဲ များကိုကြည့်လျှင် ပါဝင်ယှဉ်ပြိုင်သော သူကအဓိကကျသလား။ ပါဝင် ယှဉ်ပြိုင်သော ပါတီကအဓိကကျသလားဆိုသည်ကို လူထုကမဲပေးရွေးချယ်၍ ပြသ ခဲ့ကြသည်။ ၁၉၆၀ပြည့်နှစ် ရွေးကောက်ပွဲမှ အတွေ့အကြုံတစ်ခု ကို ပြောရမည်ဆိုလျှင်-
ထိုအချိန်က သန့်ရှင်းဖဆပလတစ်ဖြစ်လည်း ၀န်ကြီးချုပ်ဦးနုခေါင်းဆောင်သော ပထစပါတီနှင့် တည်မြဲ ဖဆပ လတစ်ဖြစ်လည်း ဦးကျော်ငြိမ်း၊ ဦးဗဆွေခေါင်းဆောင်သည့် ဖဆပလအဖွဲ့တို့ယှဉ် ပြိုင်ကြခြင်းဖြစ်သည်။ ဖဆပ လက ဗိုလ်ချုပ်အောင်ဆန်းပုံကို ချိတ်ဆွဲအသုံးပြုကြသလို ပထစပါတီက ဦးနု၏ပုံလိုဂိုကိုအသုံးပြုကာ ပြိုင်ကြ လေသည်။ထိုအချိန်ကလူထုသည် စစ်တပ်ကိုအော့နှလုံးနာနေကြသည်။ ထို့ပြင် ဖဆပလခေါ်တည်မြဲ တို့ကို လည်း အော့နှလုံးနာနေကြ၏။ ယခင်ကပြူစောထီး ခေါ်ဖဆပလ လူမိုက်များ၏ မိုက်ကြေးခွဲ ဗိုလ်ကျမှုကို စက် ဆုပ်ရွံရှာကြသလို ၁၉၅၈ခုနှစ် ဗိုလ်နေ ၀င်းအိမ်စောင့်အစိုးရ၏ လုပ်ရပ်များကို လည်းမကျေနပ်ကြပေ။ တည်မြဲ ဖဆပလ ကိုသာမဲထည့်ခဲ့လျှင် ပြူစောထီးများ အနိုင်ကျင့်ရမ်းကား လူသတ်မုဒိမ်းကျင့်ခဲ့မှုများကို ပြန်လည်ခံစား ရမည်ဟုလူထုက စွဲမှတ်ခဲ့ကြသည်။ တစ်ချိန်တည်းတွင် အရှေ့တောင် အာရှအပါအ၀င် ကမ္ဘာတစ်ဝန်း၌ ကျူးကျော်ရမ်းကားနေသော အမေရိကန်နယ်ချဲ့တို့ ကိုအော့နှလုံးနာနေချိန်ဖြစ်သည်။
ဦးကျော်ငြိမ်းတို့ကိုသာ မဲထည့်လျှင် အမေရိကန် လက်ဝေခံဖြစ်သွားမည်။ ထိုင်းလို၊ ဖိလစ်ပိုင်လို အမေရိကန် လက်ဝေခံနိုင်ငံဖြစ်သွားမည်ဟု လက်ဝဲအင်အားစုများ၏ လူထုအပေါ် စည်းရုံးမှုမှာလည်း ကြီးမားခဲ့သည်။ ထို အချိန်ကပြည်တွင်း စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်ကာ ဆောင်ရွက်နေ သည်။ ဒုတိယခေါင်းဆောင်ဗိုလ်မှူးချုပ် ဟောင်းကျော်ဇောမှာလည်း လူထု၏လေး စားချစ်ခင် ခြင်းကို ခံယူနေရချိန်ဖြစ်သည်။ ထိုအချိန်တွင် ၁၉၆၀ရွေးကောက်ပွဲ ကျင်းပရာတွင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ကြည့်မြင်တိုင်မြို့နယ်တွင်တစ်သီး ပုဂ္ဂလအမတ်အဖြစ်ဝင်အရွေးခံ၏။ ဦးနုပုံချိတ် ထားသော သခင်စံဝေက ပထစအမတ်အဖြစ် ၀င်အရွေးခံပါသည်။ သခင်စံဝေဆိုသော ပုဂ်္ဂိုလ်မှာ လူထုချစ်ခင်မှုအရဆိုလျှင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကို အနိုင်ရစရာ မရှိပေ။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ဘက်မှနေ လက်ဝဲသမား များ၊ ဗကသ၊ တကသကျောင်းသားသမဂ္ဂ ခေါင်းဆောင် ရဲဘော်များက ပါဝင်ကူညီကြသည်။ ပမညတ ၀ိဓူရ သခင်ချစ်မောင်တို့ကလည်း ထိပ်တိုက် ရင်မဆိုင်ရေးမူဖြင့် ဖဆပလ၊ ပမညတ၊ ပထစအမတ်များကို ထိပ်တိုက် ယှဉ်မပြိုင်ရန် အဆိုတင်ထား၏။သခင်စံဝေကလည်း ဗိုလ်မှူးချုပ်ကျော်ဇောလို ပုဂ်္ဂိုလ်မျိုးကိုနိုင် မည်ဟုထင်မ ထားပေ။ သူရှုံးမည်ဟုသာ ထင်၏။ သို့သော် ပထစ အမတ်အတော် များများမှာ သူတို့ကိုယ်သူတို့နိုင်မည်ဟုထင် ကြပါသည်။ မနက်ဖြန်ရွေးကောက်ပွဲကျင်း ပမည်ဆိုလျှင် ညကတည်းက သခင်စံဝေ တို့ အိပ်မပျော်ဟုဆိုသည်။ အရက်သောက် သူကသောက်၊ စိတ်ပျက်သူက စိတ်ပျက် ဖြစ်နေကြသည်ဟုဆိုကြသည်။
မနက်ဗိုလ်မှူးချုပ် ကျော်ဇောဘက်မှ အိုးစည်ဗုံမောင်းများဖြင့်၊ အနုပညာရှင်များဖြင့် စည်ကားနေ သည်။ မြတ် လေးတို့၊ စန္ဒား ရားချစ်ဆွေတို့၊ မာမာအေးတို့လည်း ပါလိမ့်မည်ထင်၏။ သို့သော် မဲရုံပိတ်၍ မဲများရေတွက်ရာ အရှုံး အနိုင်ကြေညာသည့်အခါ ပထစကိုယ်စားပြု သခင်စံဝေသည် ဗိုလ်မှူးချုပ်ကျော်ဇော ကိုအနိုင်ရရှိသွား ပါတော့သည်။ လူပုဂ်္ဂိုလ်လား၊ ပါတီလားဆိုသည်မှာထို ၁၉၆၀ ရွေးကောက်ပွဲက သက်သေပြခဲ့ပါ သည်။ လူထု ကလည်းမိမိတို့၏ဘ၀နှင့်ယှဉ်သော အသိအရပါတီကိုမဲထည့်ခဲ့ကြသည်။ သူတို့ချစ်သော လူပုဂ်္ဂိုလ်ကို မဲမထည့် ခဲ့ကြပေ။
၁၉၉၀ ပြည့်ရွေးကောက်ပွဲကို တချို့လူလတ်ပိုင်းက ကောင်းကောင်းမီပါ သည်။ ထိုရွေးကောက်ပွဲမှာ ပို၍သိ သာ၏။ မကြာသေးခင် က ကြေးမုံသတင်းစာထဲတွင် DVB ရုပ်သံလွှင့်မီဒီယာမှ ကိုမျိုးသာထက်ဆောင်း ပါးတစ် ပုဒ်ကိုဖတ်ရ၏။ လူအဓိကလား ပါတီအဓိကလားဆိုသည်ကို သူကလူသာ အဓိကဖြစ်ကြောင်း၊ လူသာကောင်း လျှင် အနိုင်ရရှိနိုင်ကြောင်း ရေးသွားသည်။ သမ္မတအကြံပေးဖြစ်ခဲ့ဖူးသော ဦးနေဇင်လတ်ကလည်း လူသာ အဓိ ကဖြစ်ကြောင်း၊ ပါတီမှာ သာမညဖြစ်ကြောင်း ပြောဆိုသွားသည်ကို ဖတ်ရပါသည်။ ၁၉၉၀ပြည့်နှစ် က ဒေါ် အောင်ဆန်းစုကြည် နိုင်ငံရေးလော က ရောက်လာသည်မှာ ၂နှစ်သာရှိသေး၏။ NLD ခေါင်းဆောင်များမှာ လူထုက လုံးဝယုံကြည်ကိုးစားပြီး မဲပေးရမည့်ခေါင်းဆောင်များ၊ လူများဟု ပြောမရနိုင်သေးပေ။
ဗိုလ်ချုပ်ဟောင်းများ၊ စာရေးဆရာများ၊ ဗိုလ်ချုပ်အောင်ဆန်းသမီး ယခုမှ နိုင်ငံရေးလောက ၀င်လာသူတို့ ဖြစ် သည်။ သို့သော်နှစ်ပေါင်းများစွာ အုပ်ချုပ်လာသောစစ်အာရှင်များကို လူထုက နာကြည်းစက်ဆုပ် မုန်းတီးနေကြ သည်။ မဆလပါတီကို ကိုယ်စားပြုသော တစည ပါတီနှင့်ပါဒီမိုကရေစီကို ကိုယ်စားပြုသော NLD အဖွဲ့တို့ယှဉ် ရာတွင် လူထုက NLD ကို တောင်ပြိုကမ်းပြို အနိုင်ပေးလိုက်ပါ တော့သည်။ ထိုဖြစ်စဉ်မှာ လက်တွေ့ပြသ သွား သော သာဓကဖြစ်ပါသည်။ လူလား၊ ပါတီလားဆိုသည်ကို အထွေအထူးအချိန် ကုန်ခံကာငြင်းခုံနေစရာ မဟုတ် ပေ။ ၁၉၆၀ ပြည့်နှစ်ကဆိုလျှင် လူထုကြားထဲ၌ ပြောစရာစကား တစ်ခုရှိသည်။ ခွေးတစ်ကောင်ကို လည်ပင်း တွင် ပထစပါတီဟု စာချိတ်ပေးလိုက်လျှင် လူထုကမဲထည့်မှာ သေချာပါသည်ဆိုသော စကားပင်။
မြန်မာသံတော်ဆင့်သတင်းဌာန -
Myanmartandawsint Newspaper
Post a Comment