"ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် တစ်ချို့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ကျမတို့ (တိုင်းရင်းသားဒေသတွေမှာ) ယှဉ်ပြိုင်တာဟာ တိုင်းရင်းသားတွေနဲ့ ယှဉ်ပြိုင်တယ်လို့ ကျမတို့ကို ဝေဖန်တာရှိပါတယ်။
အဲဒီတော့ ကျမတို့ ပြောခဲ့ပါတယ်။
ကျမတို့က တိုင်းရင်းသားတွေနဲ့ ယှဉ်ပြိုင်ချင်လို့ ပြည်နယ်တွေ၊ တိုင်းတွေမှာ ယှဉ်ပြိုင်နေတာ မဟုတ်ဘူး။
ဗဟိုမှာ အာဏာရထားတဲ့ ပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဝင်ပြိုင်နေတာပဲ။
ဒီတော့ ကျမတို့လည်း ဝင်ပြိုင်ရမယ်။ မပြိုင်လို့ မဖြစ်ဘူး။ ဒါဟာ ဒီမိုကရေစီနိုင်ငံရေးပဲ။ (လက်ခုပ်သံများ)
တိုင်းရင်းသားတွေရဲ့နေရာတွေကို ကျမတို့ဖဲ့ယူချင်လို့ မဟုတ်ပါဘူး။
ကျမတို့ဟာ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ခွင့် ရချင်လို့ နေရာတိုင်းမှာ ဝင်ပြီးတော့ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်လို့ ကျမပြောချင်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်
ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
6.9.2015
Daw Aung San Suu Kyi
Post a Comment