0

ACM Re-Post 3-6-2014

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ဟောင်းကို မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးကွန်ရက်နဲ့ တယ်လီဖုန်း ၀န်ဆောက်မှု လုပ်ပိုင်ခွင့် လိုင်စင်ရခဲ့တဲ့ တယ်လီနော လုပ်ငန်းစု ဒု ဥက္ကဋ္ဌ ရာထူးပေးလိုက်တဲ့ အပေါ်
နော်ဝေနိုင်ငံက သြဇာကြီးတဲ့ သတင်းစာကြီးတစောင်က စတင်ဝေဖန်နေပါပြီ။

နော်ဝေနိုင်ငံဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးကိစ္စတွေ အတွက် နှစ်ပေါင်းများစွာ ကူညီပေးခဲ့တဲ့ နိုင်ငံ တွေထဲက အတက်ကြွဆုံးနိုင်ငံအဖြစ်ကနေ ကိုယ်ကျိုးစီးပွားအတွက်ပဲ နောက်ဆုံးတော့ လူ့အခွင့်အရေး ချိုးဖောက် နေဆဲ ဦးသိန်းစိန်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်သွားတယ်ဆိုပြီး အခုလို အဝေဖန် ခံနေရခြင်း ဖြစ်ပါတယ်။

နော်ဝေ သံအမတ် မစ္စ Katja Nordgaad ဟာ မြန်မာနိုင်ငံမှာ သံအမတ်တာဝန်ထမ်းဆောင်နေစဉ်တုန်း က နော်ဝေ ကုမ္ပဏီကြီးတွေဖြစ်တဲ့ တယ်လီနော တယ်လီဖုန်းကုမ္ပဏီနဲ့ Statoil ရေနံကုမ္ပဏီတွေ အပါအ၀င် နော်ဝေ ကုမ္ပဏီတွေ ကို မြန်မာအစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ မိတ်ဆက်ပေးခဲ့သူ ပါလို့လည်း နော်ဝေ သတင်းစာကြီးက ထောက်ပြ ထားပါတယ်။

နော်ဝေ-ဘားမား ကော်မတီအကြီးဖြစ်သူ Audin Aagre ကတော့ မစ္စ Nordgaard ဟာ မြန်မာနိုင်ငံမှာ သံအမတ်တာ ၀န် ထမ်းဆောင်စဉ်မှာ တယ်လီနောကုမ္ပဏီကြီး မြန်မာနိုင်ငံမှာ လုပ်ငန်း လိုင်စင်ရဖို့အတွက် အလွန်အသုံးဝင်ခဲ့သူလို့ ထောက်ပြထားချက်လည်း ဖော်ပြထားပါတယ်။

နော်ဝေနိုင်ငံကို ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖြစ်စဉ်တွေမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ နိုင်ငံ အဖြစ် နော်ဝေ နိုင်ငံသားတွေက မြင်လိုကြပါတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်လည်း လမ်းကြောင်းပြောင်းလာနေတဲ့ နော်ဝေအစိုးရအနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဟိုတုန်းကလိုပဲ အထောက် အကူပေးဖို့ နိုင်ငံသားတွေက တိုက်တွန်း ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုဗဲလ်ငြိမ်းချမ်းရေးဆု လက်ခံရခြင်း ကျေးဇူးတင်စကားပြော ဖို့
နော်ဝေနိုင်ငံကို လာရောက်ခဲ့ချိန်က စပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီရသွားပြီလို့ နော်ဝေထိပ်တန်း
ခေါင်းဆောင် တချို့က သုံးသပ်လိုက်တာ ဟာလည်း လက်တွေ့နဲ့ ကွာဟနေပြီး အဲဒီနောက်ပိုင်းက စတင်ကာ သမတ ဦးသိန်းစိန်အစိုးရနဲ့ စီးပွားရေး တွဲလုပ်ဖို့ပဲ အာရုံထားခဲ့ကြပုံဟာ နော်ဝေသမိုင်းအတွက် မကောင်း ဘူး လို့လည်း ဝေဖန်နေကြပါတယ်။

နော်ဝေနိုင်ငံဟာ မြန်မာဒုက္ခသည်တွေနဲ့ မြန်မာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို အားတက် သရော ထောက် ပံ့ ကူညီခဲ့တဲ့ သမိုင်းကောင်းဟာ အခုလို နော်ဝေနိုင်ငံခြားရေး ၀န်ထမ်းတွေက စီးပွားရေးလုပ်ငန်းအကျိုး စီးပွား မျက်နှာကိုပဲ ကြည့်ပြီး ဓနရှင် ကုမ္ပဏီကြီးတွေဆီ ပြောင်းလဲတာဝန်ယူ သွားကြတာတွေဟာ နော်ဝေသမိုင်းကို ပြောင်းပြန်လှန်ပစ်တာလိုဖြစ်နေလို့ နော်ဝေပြည်သူတွေ ကိုယ်စား သတင်းစာက ဝေဖန်ရေးသားနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ဟောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- aftenposten.no

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ဟောင်းကို တယ်လီနော ဒုဥက္ကဋ္ဌ ခန့်အပ်လို့ ဝေဖန်ထားတဲ့ နော်ဝေသတင်းစာ

လင်းသန့် ~

Aye Chan Mon Credit To : ဧရာဝတီ
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top