အိမ်ထောင်ရေးဖောက်ပြန်ခဲ့သည်ဟူသော စွပ်စွဲမှုဖြင့် အမျိုး သားနှစ်ဦးနှင့်
အမျိုးသမီးတစ်ဦး တို့ကို တစ်လင်တစ်မယား စနစ် ကျင့် သုံးခြင်းဆိုင်ရာ
ဥပဒေပုဒ်မ များဖြင့် ဝါးခယ်မမြို့နယ် ရဲစခန်း တွင်အသီးသီးအမှုဖွင့်
ထားကြောင်း သိရသည်။
အမျိုးသမီးတစ်ဦး တို့ကို တစ်လင်တစ်မယား စနစ် ကျင့် သုံးခြင်းဆိုင်ရာ
ဥပဒေပုဒ်မ များဖြင့် ဝါးခယ်မမြို့နယ် ရဲစခန်း တွင်အသီးသီးအမှုဖွင့်
ထားကြောင်း သိရသည်။
၎င်းတို့နှင့် လက်ထပ်ခဲ့ကြသူ တို့နှင့် တာဝန်သိပြည်သူတို့က အဆိုပါ ဥပဒေ
ပုဒ်မ ၁၃ /၁၄တို့ ဖြင့် အမှုဖွင့်ခဲ့ကြခြင်းဖြစ်ကြောင်း၊ယခု အမှုဖွင့် ခံထားရသူတို့သည် အသက် ၃ဝ နှင့် ၄ဝ ကြားရှိသူ တို့ဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၁၃ /၁၄တို့ ဖြင့် အမှုဖွင့်ခဲ့ကြခြင်းဖြစ်ကြောင်း၊ယခု အမှုဖွင့် ခံထားရသူတို့သည် အသက် ၃ဝ နှင့် ၄ဝ ကြားရှိသူ တို့ဖြစ်ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်ရဲစခန်းတွင် ယခုလ ၁၄ ရက်နေ့က တစ်မှု၊ ၂၁ ရက်နေ့က
တစ်မှု အမှုလာဖွင့်၍ လက်ခံခဲ့ရသည်ဟု မြို့နယ်ရဲစခန်း မှူးကအတည်ပြု ပြောသည်။
တစ်မှု အမှုလာဖွင့်၍ လက်ခံခဲ့ရသည်ဟု မြို့နယ်ရဲစခန်း မှူးကအတည်ပြု ပြောသည်။
ဝါးခယ်မမြို့နယ်ရဲစခန်းမှူးက ”အမှု ၂ ခုလုံးက သူတွေဟာ သားသမီးတွေနဲ့ အိမ်ထောင်ကိုယ် စီရှိကြပြီးသားပါ။ ဒီလိုကနေ သူတို့ ဟာ နောက်တစ်ယောက်နဲ
့ ဖြစ်နေ ကြလို့ သူတို့ရဲ့အိမ်ထောင်ဘက် တွေက အမှုဖွင့်လိုက်ကြတာပါ”
ဟုပြောသည်။
့ ဖြစ်နေ ကြလို့ သူတို့ရဲ့အိမ်ထောင်ဘက် တွေက အမှုဖွင့်လိုက်ကြတာပါ”
ဟုပြောသည်။
လက်ရှိတွင် ပုဒ်မ ၁၄ ဖြင့် အမှု ဖွင့်ခံထားရသောစုံတွဲမှ အမျိုးသား ကိုအချုပ်ထဲသို့ထည့်ထားပြီး ၄င်း နှင့် လက်ရှိပေါင်းသင်းနေသူ အ မျိုးသမီးမှာ ယခင်
အိမ်ထောင် ဖက်နှင့် ကွာရှင်းထားပြီးဖြစ်၍ ၄င်းကို မိဘထံပြန်ပို့ထားသည်။
အိမ်ထောင် ဖက်နှင့် ကွာရှင်းထားပြီးဖြစ်၍ ၄င်းကို မိဘထံပြန်ပို့ထားသည်။
ယင်းအပြင် စက်တင်ဘာလ ၂၁ ရက်နေ့က အမှုဖွင့်ထားသော လှိုင်သာယာနေ စုံတွဲမှ မြန်မာ အမျိုးသမီးကိုဖမ်းထားပြီး ၄င်းနှင့် အတူနေ အမျိုးသားသည်လည်း အိမ်ထောင်ရှိ အမျိုးသားဖြစ် ကြောင်း၊ လက်ရှိတွင်၎င်းသည် ရှောင်တိမ်းနေ၍
ဖမ်းမိနိုင်ရေး ဆောင်ရွက်ေ နကြောင်း အဆိုပါ စခန်းမှ တာဝန်ကျရဲအရာရှိက ပြော သည်။
ဖမ်းမိနိုင်ရေး ဆောင်ရွက်ေ နကြောင်း အဆိုပါ စခန်းမှ တာဝန်ကျရဲအရာရှိက ပြော သည်။
”ဒုတိယအမှုက သူတို့ကလှိုင် သာယာကနေစဖြစ်ပြီး ဒီကိုလာနေ ကြတာဖြစ်တဲ့အတွက် လှိုင်သာယာ ကို ပြန်လွှဲမယ်”ဟု၎င်းက ပြော သည်။
ဧရာဝတီတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိ က”ရဲအရေးပိုင်
ပြီး အာမခံပေးလို့ မရတဲ့ ဥပဒေပုဒ်မတွေဖြစ်နေတဲ့အ တွက် ဥပဒေနဲ့အညီဆောင်ရွက် ခြင်းဖြစ်ပါတယ်”ဟု မှတ်ချက်ပြု သည်။
ပြီး အာမခံပေးလို့ မရတဲ့ ဥပဒေပုဒ်မတွေဖြစ်နေတဲ့အ တွက် ဥပဒေနဲ့အညီဆောင်ရွက် ခြင်းဖြစ်ပါတယ်”ဟု မှတ်ချက်ပြု သည်။
အိမ်ထောင်ကွဲတစ်ဦး ဖြစ်ခဲ့ဖူး သူ အသက် ၄ဝ ကျော်အရွယ်ရှိ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့ နယ်နေ အမျိုးသမီးတစ်ဦးက”အန်တီ တို့အရွယ်တုန်းက ဒီဥပဒေမရှိ တာနာတာပဲ။ အန်တီဆို ၁၅ နှစ် ကျော်လောက် ကလေးနဲ့ ဒုက္ခတွေ ကို
တစ်ဦးတည်းခံခဲ့ရတယ်။လင် ပစ်မဆိုတဲ့ ဘွဲ့ရပြီးတော့လေ” ဟု ပြောသည်။
တစ်ဦးတည်းခံခဲ့ရတယ်။လင် ပစ်မဆိုတဲ့ ဘွဲ့ရပြီးတော့လေ” ဟု ပြောသည်။
အဆိုပါ ဥပဒေကို သြဂုတ် ၃၁ ရက်တွင်ပြဋ္ဌာန်းခဲ့ပြီးနောက် ရက်၂ဝ အတွင်း ၄င်းတို့သုံးဦးသည် ပထမဆုံးအကြိမ် အမှုဖွင့်တိုင် တန်းခံလိုက်ရခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
ဥပဒေအရ ပြစ်မှုထင်ရှားပါက ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရ
မည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။
မည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။
တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို နိုင်ငံတော်သမ္မတက
သြဂုတ်လ နှောင်းပိုင်းက လက်မှတ်ရေးထိုး အတည်ပြု ခဲ့သည်။
သြဂုတ်လ နှောင်းပိုင်းက လက်မှတ်ရေးထိုး အတည်ပြု ခဲ့သည်။
PN-051
Post a Comment