0


မြန်မာ-ထိုင်းနယ်စပ်ရှီ ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - အိဖြူမွန်)
မြန်မာနိုင်ငံမှ ဒုက္ခသည်များ ကို နိုင်ငံအတွင်း အခြေချ နေထိုင်နိုင်ရေး အကူအညီပေးမည်ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရက ကြေညာသည်။

စက်တင်ဘာ ၂၁ ရက်တွင် တောင်ကိုရီးယား တရားရေးဝန် ကြီးဌာနက မိမိတို့သည် ကုလ သမဂ္ဂက ဦးစီးအကောင်အထည် ဖော်နေသည့် ဒုက္ခသည်များ ပြန် လည်နေရာချထားရေး စီမံကိန်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် မြန် မာဒုက္ခသည်များအား လက်ခံသွား မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
တရားရေး ဝန်ကြီးဌာနက ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက် လွှာများ စိစစ်နေမှုကို အစပြု လုပ်ဆောင်နေပြီး ထိုင်းနှင့် မြန်မာနယ်စပ်၊ မဲဆောက်မြို့ ဒုက္ခ သည် စခန်းမှ ဒုက္ခသည် ၃၀ ကို ဖိတ်ခေါ်သွားရန် ရည်ရွယ်ထား ကြောင်း ပြောကြားသည်။
လျှောက်လွှာများကို လက်ခံ ပြီး တွေ့ဆုံမေးမြန်းမှုများကို လာ မည့်လအတွင်း စတင်မည်ဟု ဆို သည်။
လျှောက်လွှာ လက်ခံမှု အစီ အစဉ်တွင် တောင်ကိုရီးယားအစိုး ရသည် စာရွက်စာတမ်းများကို စစ်ဆေးလေ့လာမည့် အရာရှိ တစ်ဦးကို သတ်မှတ်စေလွှတ် မည်ဖြစ်ပြီး ခိုလှုံခွင့် လျှောက်ထား သူများ၏ အထောက်အထားနှင့် ကျန်းမာရေး အခြေအနေများကို မှတ်တမ်းပြုစုမည်ဟု သိရသည်။
တောင်ကိုရီးယားတွင် ဒုက္ခ သည်များဆိုင်ရာ ဥပဒေသက် ရောက်မှု စတင်ပြီး ၂ နှစ်အကြာ ၌ ကုလသမဂ္ဂ၏ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ပြန်လည်နေရာ ချထားရေး အစီ အစဉ်တွင် ပူးပေါင်းဆောင်ရွက် လာခြင်း ဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် UNHCR သည် ဒုက္ခသည်များကို လက်ခံပေးမည့် နိုင်ငံပေါင်း ၂၈ ခုသို့ ခွဲဝေ နေရာချထားပေးရန် ရည်ရွယ်ထားသည်။
အဆိုပါ  နိုင်ငံများတွင် အမေ ရိကန်၊ ဩစတြေးလျ၊ ဂျပန်တို့ လည်း ပါဝင်ပြီး စစ်မက်ဖြစ်ပွား ရာ နိုင်ငံများမှ တိမ်းရှောင်လာ သည့် ဒုက္ခသည်များကို စုရုံးလက် ခံထားရသည့် အိမ်နီးချင်း  နိုင်ငံ များ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချ ပေးရန် စီစဉ်ထားကြောင်း သိရ သည်။
ဒုက္ခသည်များကို လက်ခံမည့် နိုင်ငံများသည် နေရာထိုင်ခင်း စီ စဉ်ပေးခြင်း၊ အကာအကွယ်ပေး ခြင်းတို့ကို တာဝန်ယူရန် သဘော တူညီထားသည်။
တောင်ကိုရီးယားသည် ဂျပန်အပြီးတွင် ဒုက္ခသည်များ ပြန် လည်နေရာချထားရေး အစီအစဉ် အတွက် ဒုတိယမြောက် ပူးပေါင်း လာသည့် နိုင်ငံလည်း ဖြစ်သည်။
ဂျပန်နိုင်ငံသည် တတိယ ကမ္ဘာ့နိုင်ငံများမှ ဒုက္ခသည်များ ကို ၂၀၁၀ ပြည့်နှစ်မှ စတင်၍ လက်ခံနေခဲ့သည်။
တောင်ကိုရီးယား တရားရေး ဝန်ကြီးဌာနက ရွေးချယ်ထား သည့် မြန်မာဒုက္ခသည် ၃၀ ဦးကို ဒုက္ခသည် အသိအမှတ်ပြု အခွင့် အရေးများ ခံစားခွင့် ပေးမည် ဖြစ်ပြီး F-2 ဗီဇာများ ပေးအပ် မည်ဟု ဆိုသည်။
၎င်းတို့သည် ဒီဇင်ဘာတွင် တောင်ကိုရီးယားသို့ ရောက်ရှိ မည်ဖြစ်ပြီး နိုင်ငံအတွင်း အလုပ် လုပ်ရန်လည်း ခွင့်ပြုပေးမည်ဟု သိရသည်။
တောင်ကိုရီးယားသို့ ရောက် ရှိလာမည့် ဒုက္ခသည်များသည် ပထမဆုံး တစ်နှစ်တွင် ဒုက္ခသည် များ ကူညီထောက်ပံ့ရေး စင်တာ တစ်ခု၌ နေထိုင်ကာ ကိုရီးယား ဘာသာစကားနှင့် လုပ်ငန်းခွင် ဆိုင်ရာ သင်တန်းများကို တက် ရောက်ရမည် ဖြစ်သည်။
ထို့နောက်တွင်မှ ၎င်းတို့ကို မည်သည့်ဒေသတွင် အခြေချပေး ရမည်ကို အစိုးရက ဆုံးဖြတ်မည် ဖြစ်သည်။
ဒုက္ခသည်များ ရှိနေသည့် နိုင်ငံများစွာ အနက်မှ မြန်မာဒုက္ခ သည်များအား ရွေးချယ်လက်ခံရ ခြင်းနှင့် ပတ်သက်၍ တောင်ကိုရီး ယားအစိုးရက ရှင်းလင်းဖော်ပြ ခဲ့ရာ ယဉ်ကျေးမှုနောက်ခံအခြေ အနေတူညီခြင်း၊ တောင်ကိုရီး ယားတွင် မြန်မာများ ပျံ့နှံ့ နေထိုင် ခြင်းတို့ကြောင့်ဖြစ်ကြောင်း ပါရှိ သည်။
ယင်းအခြေအနေများက အ သစ်လက်ခံမည့် ဒုက္ခသည်များ အတွက် ကိုရီးယား လူ့အဖွဲ့အ စည်းတွင် ဝင်ဆံ့ရန် ပိုမိုအ ထောက်အကူ ဖြစ်စေမည်ဟု လည်း အစိုးရက ဆိုသည်။
‘‘၂၀၁၇ ခုနှစ်ထိ နှစ်စဉ် ဒုက္ခသည် ၃၀ လောက်ကို လက်ခံ ပေးသွားမယ့် လမ်းပြစီမံကိန်း တစ်ရပ်ကို ဖော်ဆောင်သွားပါ မယ်။ ရလဒ်တွေကို ပြန်လည် သုံးသပ်ပြီး ဒီအစီအစဉ်ကို ရှေ ဆက်ဖို့ သင့်၊ မသင့် စဉ်းစားဆုံး ဖြတ်သွားမှာပါ’’ ဟု တောင်ကိုရီးယား တရားရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
‘‘တောင်ကိုရီးယား အစိုးရ က မြန်မာဒုက္ခသည်တွေကို နေရာ ချထားပေးဖို့ ကူညီ အားထုတ် လာခြင်းဟာ အပေါင်းလက္ခဏာ တစ်ရပ်လို့ မြင်ပါတယ်’’ ဟု UNHCR ၏ တောင်ကိုရီးယားရုံး မှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ရှင်ဟီအင်းက ဆိုသည်။
‘‘ဒီလုပ်ငန်းစဉ် ဘယ် လောက် အောင်မြင်မလဲဆိုတာ ကတော့ အခုလုပ်ဆောင်မှုတွေ ကို တောင်ကိုရီးယား ပြည်သူ တွေ ဘယ်လောက်ထိ လက်ကမ်း ကြိုမလဲဆိုတဲ့အပေါ်မှာလည်း မူ တည်ပါတယ်’’ ဟု ၎င်းက မှတ် ချက်ပြုခဲ့သည်။
သို့သော်လည်း ယခုအစီအ စဉ်အတွက် တောင်ကိုရီးယား အ စိုးရအနေဖြင့် ဝေဖန်မှုအချို့နှင့် ကြုံတွေ့နေရပြီဖြစ်သည်။
ပြည်တွင်းတွင် ရှိနေသည့် ဒုက္ခသည်များ အရေးကို နိုင်နိုင် နင်းနင်း ထိန်းချုပ်ကိုင်တွယ်နိုင် စွမ်း မရှိမီ ပြည်ပမှ ဒုက္ခသည်များ ကို ထပ်မံလက်ခံမည့် ဆုံးဖြတ် ချက်အပေါ် အတိုက်အခံများက မေးခွန်းထုတ်ခဲ့သည်။
ကွန်ဂို ဒုက္ခသည် တစ်ဦးအ ဖြစ် တောင်ကိုရီးယားသို့ ရောက်ရှိ လာပြီး ယခုအခါ ဂွမ်ဂျူးတက္က သိုလ်တွင် ပါမောက္ခတစ်ဦးအ ဖြစ် အလုပ်လုပ်နေသည့် ယီအွမ် ဘီသိုနားက အစိုးရ၏ လုပ်ဆောင် မှုသည် လက်တွေ့လိုအပ်ချက်နှင့် ရှေ့နောက် ကွဲလွဲနေကြောင်း မှတ်ချက်ပြုခဲ့သည်။
‘‘အစိုးရက မြန်မာဒုက္ခသည် တွေကို လက်ခံပြီး နေရာချထား ပေးဖို့ ဘာကြောင့် စီစဉ်ရတာလဲ။ သူတို့ကို နေထိုင်ခွင့်နဲ့ တခြား အခွင့်အရေးတွေ ပေးမှာလား။ တောင်ကိုရီးယားကို ရောက်နေပြီး ခိုလှုံခွင့်ရဖို့ ကြိုးစားနေသူတွေ အတွက်တော့ ဒီအစီအစဉ်ကို ဒေါသထွက်မှာပဲလေ’’ ဟု သိုနား က ပြောကြားသည်။
တောင်ကိုရီးယားတွင် ပြီးခဲ့ သည့် ငါးနှစ်တာအတွင်း ဒုက္ခ သည်အဖြစ် ခိုလှုံခွင့်လျှောက်ထား ခဲ့သူ နိုင်ငံခြားသား ၉,၁၅၅ ဦးထိ ရှိခဲ့သော်လည်း ၃၃၁ ဦးကိုသာ အစိုးရက ဒုက္ခသည်အဖြစ် အသိ အမှတ်ပြုခဲ့သည်။
တစ်နည်းအားဖြင့် တောင် ကိုရီးယားတွင် ခိုလှုံခွင့် ရရှိရန် ကြိုးပမ်းနေသူ အားလုံး၏ ၃ ဒသမ ၆ ရာခိုင်နှုန်းသာ ဒုက္ခသည် အဖြစ် မှတ်ပုံတင်ခွင့်ရခဲ့ခြင်း ဖြစ် သည်။
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ များ၏ ဒုက္ခသည် ခိုလှုံခွင့်ပြုမှု ပျမ်းမျှပမာဏသည် ၃၈ ရာခိုင်နှုန်း ဖြစ်သည်။
တောင်ကိုရီးယား ဥပဒေရေး ရာ အဖွဲ့တစ်ခုဖြစ်သည့် Advo-cates for Public Interest Law ၏ ဦးဆောင် ရှေ့နေ ကင်မ်ဂျောင် ချူးလ်က ပြည်တွင်းရှိ ဒုက္ခသည် များ၏ အခြေအနေသည်လည်း မဲဆောက်မှ မြန်မာဒုက္ခသည် များနှင့် ကွဲပြားမှု မရှိကြောင်း ထောက်ခံ ပြောကြားသည်။
‘‘ဟိုးအဝေးက နိုင်ငံတွေ က ဒုက္ခသည်တွေက ပိုပြီးတော့ အရေးတကြီး အကူအညီ လိုအပ် နေပြီး တောင်ကိုရီးယားမှာ ခိုလှုံ ခွင့်ရဖို့ ကြိုးစားနေသူတွေက တော့ သိပ်ပြီး အခက်အခဲမရှိဘူး ဆိုတာမျိုး အစိုးရက ယူဆတာ ပုံသေနည်းကြီးလို ဖြစ်နေပါ တယ်။ ဒီကဏ္ဍမှာ ပိုပြီးတော့ ပွင့် လင်းမြင်သာအောင် ဆောင်ရွက် သင့်ပါပြီ။ အရပ်ဘက်အဖွဲ့အ စည်းတွေနဲ့ ညှိနှိုင်းပြီး နည်းလမ်း ကျကျ ကိုင်တွယ်ဖို့ လိုပါတယ်’’ ဟု ကင်မ်က မှတ်ချက်ပြုသည်။
—Ref: Jakarta Post
http://www.7daydaily.com/story/46981

Post a Comment

 
Top