0

ဒါးလပ်စ်၊ ဒီဇင်ဘာ ၂၇
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် တိုနေးဒိုး ဝင်ရောက်မှုကြောင့် ယင်းပြည်နယ်ရှိ ဒါးလပ်စ်မြို့၌ လူရှစ်ဦး သေဆုံးသွားခဲ့ရာ မုန်တိုင်းကာလ တစ်ပတ်အတွင်း ပြည်နယ်အသီးသီးတွင် သေဆုံးသူ ၂၆ ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဒါးလပ်စ်မြို့အနီး ဂါလန်းတွင် ကားများအတွင်းမှ လူငါးဦးမှာ ကားလမ်းဘေးသို့ လွင့်စဉ်သွားခဲ့ပြီး အနီးတစ်ဝိုက် မြို့များတွင် နောက်ထပ် အလောင်းသုံးလောင်း တွေ့ရှိခဲ့သည်ဟု ဒေသခံ မီဒီယာက သတင်းထုတ်ပြန်သည်။
တောင်ပိုင်းတစ်ခွင်သို့ ဝင်လာသော နှင်းမုန်တိုင်းများသည် မကြုံစဖူး ပြင်းထန်လွန်းပြီး တက္ကဆက်နှင့် ဟိုကလာဟိုးမားတွင် နှင်းထုသည် ၁၆ လက်မအထိ ရှိခဲ့ရာ ဘုရားရှိခိုးကျောင်းများ ပျက်စီးကာ ကားများနှင့် သစ်ပင်များကို နှင်းများဖုံး အုပ်သွားသည်ဟု သိရှိရသည်။
မြို့ကိုဖြတ်သန်းသွားသော တိုနေးဒိုး လေပြင်းများကြောင့် စနေနေ့ ညပိုင်းက ကားမတော်တဆမှုများ ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ရကြောင်း ဒါးလပ်စ်ရဲဌာနက ပြောကြားသည်။
ကားများအတွင်းမှ အနည်းဆုံး လူငါးဦးခန့် သေဆုံးခဲ့သည်ဟု သိရှိရပြီး လေဆင်နှာမောင်းက စုပ်ယူသွားသော ကားများကို ဒါးလပ်စ်အရှေ့ဘက် ၁၅ မိုင်အကွာတွင် ပြန်လည်တွေ့ရှိရသည်ဟု ရဲဌာနမှ မီလင်ဒါယူဘီနာက သတင်းထုတ်ပြန်သည်။
ထို့ပြင် ဒေသခံများအား လမ်းများပေါ်သို့ မထွက်ကြရန် သူမက တိုက်တွန်းခဲ့သည်။
ပျက်စီးသွားသော နေရာများတွင် နောက်ထပ် အသေအပျောက်ရှိ၊ မရှိကို စစ်ဆေးရန် ရဲတပ်ဖွဲ့ဝင်များက ကြိုးစားနေကြသည်ဟုလည်း သိရှိရသည်။
ရဲဌာန ပြောရေးဆိုခွင့်ရှိသူ မိုက်ဟက်ဖီးလ်က “လျှပ်စစ်မီးတွေ၊ လမ်းမီးတွေ ပြတ်တောက်သွားတဲ့အတွက် အမှောင်ထုနဲ့ နပမ်းလုံးနေရပါတယ်” ဟု ပြောကြားသည်။
တိုနေးဒိုးနှင့် နှင်းမုန်တိုင်းများကြောင့် အိမ်များနှင့် ဘုရားကျောင်းများအပြင် ဓာတ်အားလိုင်းများနှင့် ဓာတ်ငွေ့ပိုက်လိုင်းများပါ ပျက်စီးသွားသည်ဟု သတင်းများ ရရှိသည်။


The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top