ထားဝယ်၊ စက်တင်ဘာ ၂၂-
တနင်္သာရီတိုင်းဒေသကြီးအတွင်းနှင့် တိုင်း/ကျော်ပြေးဆွဲလျက်ရှိသည့် စည်းကမ်းဖောက်ဖျက်သည့် ယာဉ် နှင့် ယာဉ်လိုင်းအား ခုနစ်ရက်ပြေး ဆွဲခွင့်ပိတ်သည့် ပြစ်ဒဏ်ကို လာ မည့် အောက်တိုဘာလကုန်တွင် စတင်မည်ဖြစ်ကြောင်း ထားဝယ်မြို့ နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။
ကနဦးတွင် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်လိုင်းများအားချ မှတ်မည့် ပြစ်မှုပြစ်ဒဏ်များကိုဆိုင်း ဘုတ်များထောင်ကာ အသိပညာပေး သွားမည်ဖြစ်ပြီး အောက်တိုဘာလ ကုန်မှသာ စတင်အရေးယူမည်ဟု အထက်ပါ ကော်မတီဥက္ကဋ္ဌဦးပိုသိန်း ကပြောသည်။
စည်းကမ်းဖောက်ဖျက်သည့် ယာဉ်လိုင်းများကို မြို့နယ်ပုဂ္ဂလိကယာဉ်လိုင်း များပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီကအရေးယူမည်ဖြစ်ပြီး မော်တော် ယာဉ်ကိုမူ သက်ဆိုင်ရာဌာနများက အရေးယူမည်ဟု ဦးပိုသိန်းကရှင်းပြသည်။
''တကယ်လုပ်စားမယ်ဆိုရင်လုပ်ငန်းလိုင်စင်ပြည့်လုပ်ထားဖို့ လို တယ်''ဟု ၎င်းကဆိုသည်။
တိုင်း/ကျော်လုပ်ငန်းလိုင်စင် သက်တမ်းမရှိသည့်ယာဉ်များဖြင့် ပြေးဆွဲသော ယာဉ်အသင်း၏ပြေးဆွဲ ခွင့်အား ခုနစ်ရက်ပိတ် ပြစ်ဒဏ်ခံရ မည်ဖြစ်ပြီး၊ တိုင်း ကျော်လုပ်ငန်းလိုင် စင်အမျိုးအစားမမှန်ဘဲပြေးဆွဲခြင်း၊ ခရီးစဉ်မမှန်ဘဲပြေးဆွဲခြင်း၊ ယာဉ်အသင်းမမှန်ဘဲပြေးဆွဲခြင်းပြုလုပ်လျှင် သတိပေးမှတ်တမ်းတင်ပြစ် ဒဏ် သုံးကြိမ်ပြည့်ပါကယာဉ်အသင်း ပြေးဆွဲခွင့် ခုနစ်ရက်ပိတ်ပြစ်ဒဏ်ချ မှတ်မည်ဟု သိရသည်။
ထို့အပြင် တိုင်းတွင်း တနင်္သာ ရီတိုင်းဒေသကြီး၏ လုပ်ငန်းလိုင်စင် မရှိဘဲပြေးဆွဲခြင်း၊ နယ်ဝင်ဆောင်ရွက်ခြင်းမပြုဘဲပြေးဆွဲခြင်း၊ ကိုယ် ပိုင်ယာဉ်ဖြင့် ပြေးဆွဲခြင်းပြုလုပ်လျှင် လည်းအထက်ပါအတိုင်းအရေး ယူခံရမည်ဖြစ်သည်။
ယခင်က စည်းကမ်းဖောက်ဖျက် သည့်ယာဉ်များသာ ငွေဒဏ်ပေး ဆောင်ရပြီး ယခုအခါယာဉ်များစည်း ကမ်းဖောက်ဖျက်လျှင် ခရီးသည်တင် ယာဉ်အသင်း ကိုပါ ပိတ်မည်ဟုအသိ ပေးလာကြောင်းခရီးသည် တင်ယာဉ် အသင်းပိုင်ရှင်များကပြောသည်။
ယခင်က စည်းကမ်းဖောက်ဖျက် သည့်ယာဉ်များသာ ငွေဒဏ်ပေး ဆောင်ရပြီး ယခုအခါယာဉ်များစည်း ကမ်းဖောက်ဖျက်လျှင် ခရီးသည်တင် ယာဉ်အသင်း ကိုပါ ပိတ်မည်ဟုအသိ ပေးလာကြောင်းခရီးသည် တင်ယာဉ် အသင်းပိုင်ရှင်များကပြောသည်။
''ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံးစာရွက်စာတမ်းစုံအောင်ကြိုး စားပေးရမယ်၊ရေရှည်ဘယ်လိုရှိလာ မယ်ဆိုတာကိုတော့ စောင့်ကြည့်ရ မယ်''ဟု ရွှေလီရတနာခရီးတင်ယာဉ် အသင်းပိုင်ရှင် ဦးရန်နိုင်က မှတ် ချက်ပြုသည်။
ခရီးသည်တင်ယာဉ်များနှင့် ပတ်သက်သည် စည်းကမ်းချက် အသစ် ထုတ်ပြီးစအချိန် ခဏတာမျှသာယင်း ကဲ့သို့ တင်းကျပ်လေ့ရှိပြီးနောက်ပိုင်း တွင် ပုံမှန်အတိုင်းကိုင်တွယ်မှုအား နည်းလေ့ရှိသည်ဟု ခရီးသည် တင်ယာဉ်လိုင်းအသိုင်းအဝိုင်းက ဝေဖန်သည်။

Dawei Watch
Democracytoday
*************************************************************
ရန်ကုန်-ထားဝယ်-မြိတ်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်တစ်စီး။
Photo: Dawei Watch
Democracytoday
*************************************************************
ရန်ကုန်-ထားဝယ်-မြိတ်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်တစ်စီး။
Photo: Dawei Watch
Yangon Media Group
Post a Comment