0

အောင်သက်ကို ၊ ရန်ကုန်၊စက်တင်ဘာ-၂၆
မွန်ပြည်နယ်တွင်ဆရာဆရာ မများ၏ အပြောင်းအရွှေ့များနှင့် ပတ်သက်ပြီးလာဘ်ပေးလာဘ်ယူ မှုများရှိသည့်အတွက်ပညာရေးဝန်ကြီးဌာနသို့အထက်တန်းပြ ဆရာမတစ်ဦးကတိုင်ကြားလိုက် ကြောင်းသိရသည်။
ယင်းကဲ့သို့အပြောင်းအရွှေ့ များနှင့်ပတ်သက်ပြီးအထက်တန်း ပြဆရာမတစ်ဦးကပညာရေးဝန်ကြီးဌာနသို့တိုင်ကြားခဲ့ သည့်အတွက်ပြည်နယ်အတွင်း ဝန်ထမ်းအပြောင်းအရွှေ့များနှင့် ပတ်သက်ပြီးမှန်မှန်ကန်ကန် ဆောင်ရွက်ထားခြင်းရှိမရှိကိုအ ခြေခံပညာဦးစီးဌာနမှစုံစမ်းစစ် ဆေးမှုများပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။
ဖြစ်စဉ်မှာမွန်ပြည်နယ်၊ပေါင် မြို့နယ်၊အထက(ခွဲ)အလှပ် ကျောင်းတွင်၅နှစ်နီးပါးတာဝန် ထမ်းဆောင်ခဲ့သောအထက်တန်း ပြဆရာမဒေါ်မိကြူကြူ မွှေးသည်ဇာတိမြို့ ပေါ်ရှိအထက်တန်းကျောင်းတစ် ကျောင်းသို့အပြောင်းအရွှေ့ လျှောက်ထားခဲ့ရာမြို့နယ်တန်းစီ ဇယားတွင်အမှတ်စဉ်၁ဖြင့်ရွေး ချယ်ခြင်းခံခဲ့ရသော်လည်းအမှန် တကယ်အပြောင်းအရွှေ့ပြန်တမ်း ထွက်ရှိလာချိန်တွင်ယင်း၏အမည် မှာပါဝင်လာခြင်းမရှိဘဲတန်းစီဇ ယားအမှတ်စဉ်(၂)၊(၆)တွင်ပါဝင် နေသည့်ဆရာဆရာမများကသာ ပြောင်းရွှေ့ခွင့်ရရှိသွားကြောင်း သိ ရသည်။
''ကျွန်မကအပြောင်းအရွှေ့ မှာတန်းစီဇယား(၁)နဲ့အရွေခံရ တယ်။ဘာသာရပ်လည်းကိုက်ညီ မှုရှိတယ်။ကျောင်းအဆင့်သတ် မှတ်ချက်မှာလည်းဦးစားပေးအ နေနဲ့ကျွန်မကိုရွေးချယ်ပြောင်းရွှေ့ ခွင့်ပေးရမှာပါ။ဒါပေမယ့်အော်ဒါ မှာကျွန်မနာမည်မပါလာဘူး။ တန်း စီဇယားမှာကျွန်မအောက်ကလူ တွေ၊ဘာသာရပ်မကိုက်ညီတဲ့သူ တွေပဲအော်ဒါမှာပါသွားတယ်''ဟု ယင်းဆရာမကပြောသည်။
ယင်းကဲ့သို့အပြောင်းအရွှေ့ အမိန့်ပြန်တမ်းတွင်ယင်း၏နာမည် မပါဝင်သည့်အတွက်ပြည်နယ်ပ ညာရေးမှူးရုံးသို့အဆိုပါဆရာမ ကသွားရောက်စုံစမ်းရာတာဝန်ရှိ သူများကဒုတိယအကြိမ်တွင်ထုတ် ပြန်မည့်အပြောင်းအရွှေ့တွင်ယင်း ၏ နာမည်ကိုထည့်သွင်းပေးမည် ဖြစ်ကြောင်းပြန်လည်ပြောဆိုခဲ့ရာ ထပ်မံစောင့်ဆိုင်းခဲ့ကြောင်း၊ သို့ သော် ဒုတိယအကြိမ်တွင်ထုတ်ပြန်သည့်ပြန်တမ်းတွင်လည်းယင်း၏ နာမည်မပါဝင်သည့်အတွက်ထပ် မံပြီးပြည်နယ်ပညာရေးညွှန်ကြား ရေးမှူးထံသို့ သွားရောက်တွေ့ဆုံမေး မြန်းခဲ့သော်လည်းအခြေအနေမှာ မထူးခဲ့သည့်အတွက်အခြေခံပညာ ဦးစီးဌာနသို့သွားရောက်ကာမွန် ပြည်နယ်တွင်ဖြစ်ပေါ်နေသော ပညာရေးဝန်ထမ်းများ၏အပြောင်း အရွှေ့တွင်လာဘ်ပေးလာဘ်ယူ မှုများကိုစုံစမ်းစစ်ဆေးပေးရန် တိုင်းကြားခဲ့ကြောင်းသိရသည်။
''အပြောင်းအရွှေ့အော် ဒါမထွက်ခင်ပြည်နယ်ရုံးကလူကြီး တစ်ယောက်။ကျွန်မကိုသူ့ အိမ်လာခဲ့ဖို့အသိဆရာမတစ် ယောက်ကတစ်ဆင့်ခေါ်ခိုင်း တယ်။ကျွန်မမသွားခဲ့ဘူး။အခုကျွန်မနာမည်မပါတဲ့အချိန် ကျ တော့ ကျွန်မ Ph.D တက်နေ လို့ဆိုတဲ့အကြောင်းပြချက်ကိုပေးတယ်။ ဒါတွေကိုကြိုသိနေတဲ့အတွက်သင်တန်း မရှိတဲ့အချိန်မှာ ကျွန်မကျောင်းမှာစာသင်တယ်။ စာစစ်ဖို့ကျွန်မသွားတယ်။ လက်ရှိတာဝန်ကျကျောင်း မှာကျွန်မစာသင်ထားတဲ့ ကျောင်းခေါ်ချိန်တွေကို အချိန်မရွေးစစ်နိုင်တယ်။ ကျွန်မ ဘက်ကဘာအမှားမှလုပ်ထားတာ မရှိဘူး။ဒါကြောင့်ကျွန်မဒီလို တိုင် လို့ကျွန်မရာထူးကိုထိခိုက်မယ်ဆို ရင်လည်းဂရုမစိုက်ပါဘူး။ကျွန်မ အမေကမုဆိုးမပါ။ ကျွန်မ အပြောင်းအရွှေ့ လျှောက်တယ်ဆိုတာက အမေအို နဲ့ အတူတူ နေချင်လို့ပါ၊ အဲဒီ ကျောင်းမှာ တာဝန်ထမ်းဆောင် ခဲ့တာ ၅ နှစ်လည်း ရှိပြီမို့လို့ အခု လို အပြောင်းအရွှေ့ လျှောက်တာပါ၊ ကျွန်မလို ခံနေရတဲ့ ပညာရေးဝန်ထမ်းတွေအားလုံးအတွက် ကျွန်မ အမုန်းခံပြီး ရင်းလိုက်တာပါ''ဟု ဆရာမဒေါ်မိကြူကြူမွှေး ကပြော သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မွန်ပြည်နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာပြည်နယ်ပ ညာရေးညွှန်ကြားရေးမှူးထံသို့ ဆက်သွယ်မေးမြန်းရာဆရာဆရာ မများ၏အပြောင်းအရွှေ့များနှင့် ပတ်သက်ပြီးလာဘ်ပေးလာဘ်ယူ မှုတစ်စုံတစ်ရာပြုလုပ်ထားခြင်းမ ရှိကြောင်းပြန်လည်ဖြေကြားခဲ့ သည်။
မွန်ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးဦးကျော် ရင်ကလည်း''ဒီအကြောင်းတွေကို ကျွန်တော်မသိပါဘူး။ဘုတ်အဖွဲ့ ဥက္ကဌကိုပဲမေးပါ''ဖုန်းမှတစ်ဆင့် ပြန်လည်ဖြေကြားခဲ့သည်။
မွန်ပြည်နယ်ပညာရေးဝန် ထမ်းများ၏အပြောင်းအရွှေ့ကို ပြည်နယ်ပညာရေးညွှန်ကြားရေး မှူးဦးဆောင်သော၊ဒုတိယညွှန် ကြားရေးမှူး၊လက်ထောက်ညွှန် ကြားရေးမှူးများပါဝင်သောဘုတ် အဖွဲ့ဝင်တို့ကအပြောင်းအရွှေ့ များကိုစီမံကြောင်းဘုတ်အဖွဲ့တွင် ပြည်နယ်ပညာရေးမှူး မွန်ပြည်နယ် ညွှန်ကြားရေး မှူး ကဥက္ကဌအဖြစ်တာဝန်ယူ ကြောင်းသိရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး နေပြည်တော်အခြေခံပညာဦးစီး ဌာနမှမည်ကဲ့သို့စစ်ဆေးဆောင် ရွက်ပေးသွားမည်ကိုသိရှိရန်အခြေ ခံပညာဦးစီးဌာန၊တိုင်စာလက်ခံ ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးထံသို့ဆက်သွယ်မေးမြန်း ရာဖုန်းဆက်ပိတ်ထားသည်နှင့် သာတွေ့ကြုံခဲ့ရသည်။

Post a Comment

 
Top