ရေခဲမုန့်များ အရည်မပျော်ဘဲ ကြာရှည်ခံရန် အတွက် ပြုလုပ် နိုင်မည့် အသားဓာတ် တစ်မျိုးကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ လိုက်ပြီ ဖြစ် သည်။ ယင်းအသားဓာတ် မှာ ဂျပန်ရိုးရာ နံနက်ခင်း စာတစ်ခုဖြစ်သည့် ‘Natto’ အမည် ရ အစားအစာထဲတွင် ပါဝင်သော ဓာတ် တစ်မျိုးဖြစ်ပြီး ၄င်းက ရေခဲ မုန့်တွင် ပါရှိသည့် ရေနှင့်အဆီ ဓာတ်များကို လေထဲတွင် ဓာတ်ပြု ကာ အေးခဲနေစေမည် ဖြစ်သည်ဟု ဆို သည်။
ယင်းအသားဓာတ်ကို ရေခဲ မုန့်တွင် ပေါင်းစပ် ထည့်သွင်းလိုက် ပါက အဆိုပါ ရေခဲမုန့်မှာ ပုံမပျက် ဘဲ တာရှည် ခံမည်ဖြစ်ကြောင်း ကို အီဒင်ဘာ့ခ်ျ တက္ကသိုလ်နှင့် ဒန်ဒီး တက္ကသိုလ် တို့မှ သုတေသန ပြုလုပ် သူများက ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ် သည်။
ထို့ပြင် အဆိုပါ အသားဓာတ်ပါ ရေခဲမုန့်သည် အချိုပွဲများတွင် အနည်းဆုံးသော ကယ်လိုရီ ဓာတ်ဖြင့် စားသုံးသူများ အတွက် အကျိုးဖြစ် စေ မည် ဖြစ်သည်။
ထို့ကြောင့် ပညာရှင်များ အနေဖြင့် အသားဓာတ် ဖြည့်တင်း ထားသည့် ရေခဲမုန့် များကို နောင် လာမည့် သုံးနှစ်မှ ငါးနှစ်အ တွင်း ဈေးကွက် အတွင်း သို့ ထုတ်လုပ်ဖြန့် ဖြူးရောင်းချနိုင် ရန် မျှော်လင့်လျက် ရှိသည်။
Natto ဟု အမည်ရသည့် ယင်း ဂျပန်အစားအစာ မှာ ပဲပိစပ် ကို ကဇော်ဖောက်ထားခြင်း ဖြစ်ပြီး ယင်းအား ထမင်းနှင့် တွဲဖက် စား လေ့ ရှိသည်။ ၄င်းတွင် အသား ဓာတ်မြင့်မားစွာ ပါဝင်ပြီး စေးကပ် သော အမျှင်သဏ္ဌာန် များလည်း ရှိ ကာ ပျစ်နှစ်၍ ဒိန်ခဲကဲ့ သို့ အနံ့ ရှိ သည်။ ယင်းတွင် ပါသည့် ပဲပိစပ် မှ အဆိုပါ အသားဓာတ် ကို ရရှိ စေခြင်း ဖြစ်ပြီး ယင်းအသားဓာတ် က ရေခဲမုန့် စားသုံးသူများ အား နှစ်သက်မှု ကို ရရှိစေမည်ဟု ဆို သည်။
ထို့ပြင် အဆိုပါအကျိုးဆက် ကြောင့် ရေခဲမုန့်များအား တစ် နေရာမှ တစ်နေရာသို့ သယ်ယူပို့ ဆောင်ကြရာတွင် အဆင်ပြေနိုင် မည်ဖြစ်ပြီး အပူချိန်အနိမ့်အောက် တွင် အရည်ပျော်နိုင်မည့် ကိစ္စမှ လျော့နည်းသွားတော့မည်လည်း ဖြစ်သည်။
KTZO
Ref: DailyMail
http://popularmyanmar.com/afpopular/archives/4658
Post a Comment