(တစ်)
ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ပြီလို့သာဆိုရတော့မယ်ထင်ပါရဲ့။ ကိုယ့်ကို အန္တရာယ်ပေး ဖို့ ပြေးလာတဲ့ သတ္တ၀ါအမျိုးအစား တွေဆိုရင်လည်း ထားပါတော့။ ငါ့ဝမ်းပူဆာမနေသာဆိုသလို အသက်ရှင်ရပ်တည်ဖို့ရာ ဆာလောင်မွတ်သိပ်လွန်းလှတာကြောင့် စားဖို့ရာဖြစ်နေတဲ့အတွက်ဆိုရင်လည်း ထားပါတော့။ ကိုယ့်စားကျက်ကို ၀င်ကာဖျက် လို ဖျက်ဆီးစိတ်နဲ့ လာရောက် ကျူးကျော်တဲ့ အကောင်တွေဆို ရင်လည်းထားပါတော့။ အခုဟာ က ...။
ယုန်ကလေးတွေက အ ကောင်သုံးလေးဆယ်လောက်ကို ရှိမယ်ထင်ပါတယ်။ တစ်ကောင် မှကို အသက်ရှင်လျက်မရှိတော့တာပါ။မြေကြီးမှာပြားချပ်လို့။ အဲသည့်နေ့တုန်းက အဲသည့်ယုန် အုပ်ဟာ သူတို့ဘာသာ သူတို့ကန် စွန်းခင်းကြီးရဲ့ အစပ်မှာ ကန် စွန်းရွက်ကလေးတွေထိုင်ပြီး ၀ါး နေကြတာဆိုလား။
အဲသည့်တုန်းမှာ ဆင်ဆိုး ကြီးရောက်လာခဲ့တာပါ။ ရှူးရှူး ရှူးရှူးနဲ့ သူ့ဘာသာသူ လျှောက် လာရင်း ယုန်အုပ်ကိုမြင်တော့ တစ်ကောင်မကျန် ငါ့ရှေ့လာခဲ့ ကြစမ်းဆိုပြီး လှမ်းခေါ်တော့တာ ပါတဲ့။ ဘယ်ပြေးရဲပါ့မလဲ။ ခမျာ များလာကြရရှာတာပေါ့။ တန်းစီ တဲ့။ ဆင်ဆိုးက အနားရောက်လာ တဲ့ ယုန်အုပ်ကို အနို့ကလို အမိန့် ပေးလေသဗျ။ နားရွက်ကလေး တွေ ထောင်ပြီး အမွေးကိုယ်စီက ဆွတ်ဆွတ်ဖြူနေတဲ့ ယုန်အုပ်ဟာ တောလမ်းမှာ တန်းစီပေးခဲ့ကြရ တာပါ။
တော်တော့ကို သွေးအေးတဲ့ ဆင်ဆိုးကြီး။ ဘယ်ညာခြေလှမ်း တွေနဲ့အတူ တစ်ကောင်ပြီးတစ် ကောင် နင်းချေပစ်လိုက်တာများ ဆိုတာ။ မြေကြီးပေါ်မှာ စက္ကူ သားလို ပြားချပ်နေတဲ့ ယုန်က လေးတွေရဲ့ခန္ဓာမှာ သွေးနီနီတွေ စွန်းကွက်လို့။
ဒါဟာ တမင်သက်သက် ရမ်းကားတာပဲပေါ့။ နောက်နေ့ ထုတ်တဲ့ တိရစ္ဆာန်ဒေးလီးသတင်း စာထဲမှာ ဆင်ဆိုးရဲ့ ပုံနဲ့တကွ အနို့ကလိုလုပ်တဲ့ သတင်းကို ဖော်ပြလိုက်တော့ တစ်တောလုံး အုတ်အုတ်ကျက်ကျက်ပေါ့။ တိရစ္ဆာန်တွေက ဆင်ဆိုးကို မှတ် မိကြသဗျ။
‘‘အဲဒါ...ဟိုတစ်လောက လွှတ်ပေးလိုက်တဲ့ ဆင်ရမ်းကား ကြီး’’ဆိုလား။
(နှစ်)
ယုန်အကောင်သုံးဆယ်ဝန်း ကျင်သူတို့ဘာသာသူတို့ ကန်စွန်း ရွက်စားနေကြတာကို လာကြစမ်း လို့ ခေါ်ယူကာ တောလမ်းတစ်နေ ရာမှာ တန်းစီထိုင်ခိုင်းပြီး တစ် ကောင်မှမကျန်ရလေအောင် နင်း သတ်လို့ ထွက်ခွာသွားတဲ့ ဆင်ဆိုး ကြီးရဲ့ကိစ္စပြီးခါစမှာ အမှုပေါ်လာပြန်တာက ကျားသောင်းကျန်းကိစ္စ။
မူလမဆွက ကျားတွေဟာ ဗိုက်ဆာလာရင် သားကောင် လိုက်ပြီး စားမယ်။ ဗိုက်ဝရင် အိပ် မယ်။ ဒါပါပဲ။ အခုကျားသောင်း ကျန်းကကျတော့ မွေးကင်းစ ဒရယ်ကလေးတွေ၊ သမင်ကလေး တွေ၊ ဆတ်ကလေးတွေ၊ ချေက လေးတွေ၊ စိုင်ကလေးတွေ၊ မြင်း ကျားကလေးတွေ၊ နွားကလေး တွေကိုမှ အမဲလိုက်ပြီး စားတာတဲ့ ခင်ဗျ။ ပြီးရင် ထိုထိုသောသတ္တ၀ါ ကလေးတွေရဲ့ အမေတိရစ္ဆာန်မ ကြီးတွေကို လည်မျိုကိုခဲကာ သတ်ပြီးတဲ့ သကာလမျက်နှာကို လက်သည်းနဲ့ခြစ်ကာ မစားဘဲ ထားပစ်ခဲ့တာတဲ့ခင်ဗျ။
အဲသည့် ကျားသောင်းကျန်း သတင်းကိုလည်း တိရစ္ဆာန်ဒေးလီးသတင်းစာထဲမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ကြတာပေါ့။ သတင်းစာဖတ်တိရစ္ဆာန်များက ကျားသောင်းကျန်းကို ကောင်းကောင်းကြီးမှတ်မိကြပါတယ်။
‘‘မကြာခင်ကမှ အထဲက ထွက်လာတဲ့ ကျားပဲ’’တဲ့။
(သုံး)
အခုတစ်လောမှာဖြင့် စုံနံ့ သာမြိုင်တော်ကြီးဟာ ကြောက် ဇောအဟုန်တွေကြောင့် နောက် ကျောမလုံတဲ့ တောကြီးဖြစ်နေခဲ့ရ ပါပေါ့။ ထိတ်တလန့်လန့်နဲ့ စိတ်မ သန့်တဲ့တောကြီးဖြစ်နေခဲ့ရပါ ပေါ့။ ရန်အငွေ့တွေနဲ့ အန်ဆေ့ဖ် (un safe) လေရတဲ့ တောကြီးဖြစ် နေခဲ့ရပါပေါ့။ ဗိုလ်ကျရမ်းကား တဲ့ အကောင်တို့အလိုကျစခန်း သွားတဲ့ တောကြီးဖြစ်နေခဲ့ရပါ ပေါ့။
တစ်ရက် တိရစ္ဆာန်စကူးလ် (school) အတက်မှာ ခြင်္သေ့တစ် ကောင် ကျောင်းဝင်းထဲဝင်လာပြီး ဗိုက်ဆာတဲ့အတွက် သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်ထဲက တစ်ကောင်ကောင်ပေးစမ်းဆိုပြီး တောင်းတဲ့အတွက် ကျောင်းအုပ် ဆရာ သာလိကာကြီးနဲ့ လက် ထောက် ကျောင်းအုပ် ကြက်တူ ရွေးကြီးတို့က ကျောင်းတက်နေ တဲ့ အကောင်ကလေးတွေကို တော့ မလုပ်ပါနဲ့ ခြင်္သေ့ရယ်လို့ ဆိုပြီး တောင်းပန်ကြပေမယ့် မရ ပါဘူးတဲ့။ ဇွတ်အတင်း အဓမ္မဆို သလို တစ်ကောင်ဆွဲစားသွားခဲ့ တာပါ။ မင်းတို့ပါ သေချင်သလား လို့ သာလိကာနဲ့ ကြက်တူရွေးကို တောင် ကြိမ်းမောင်းသွားခဲ့သေး တယ်ဆိုလား
‘‘အဲသဟာ လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးလိုက်တဲ့ ခြင်္သေ့ပေပ ဗျာ’’
လာပြန်ပြီလွတ်ငြိမ်းခွင့်။ စုံနံ သာမြိုင်တော်ကြီးထဲမှာဦးသျှောင် တိရစ္ဆာန်ဘ၀နဲ့ တောရဲ့ လောကကို စီမံဖော်စပ်ထုတ်လုပ်နေတဲ့မြေခွေးက မကြာခဏဆိုသလို ဖမ်းထားတဲ့ တိရစ္ဆာန်တွေကို လွှတ်လွှတ်ပေးနေတာကြောင့် Beautiful mind မြေခွေးဆိုပြီး နာမည်ရရနေခဲ့တာကြာပေါ့။ အ ကြင်နာကြီးတယ်၊ သနားကရုဏာ စိတ်လျှံကျယိုဖိတ်လေ့ရှိတယ်၊ စာနာထောက်ထားတတ်တယ်၊ ခွင့်လွှတ်တတ်တယ်ဆိုပြီး ဦးသျှောင်မြေခွေးရဲ့ သတင်းဟာ လေယူရာမှာ မွှေးကြူလို့ နေခဲ့ပေ တာပ။
အဲ...ဟိုတစ်လောကတော့ တောအချုပ်မှာ ဖမ်းထားခဲ့တဲ့ အ ကောင်တွေထဲက တချို့ကို လွှတ် ပေးခဲ့တယ်ဆိုတဲ့ သတင်းလူ့ရွာ ဘက်ကို ပြန့်လွင့်လို့လာခဲ့ပါသေး တယ်။ ဟော..အခု ကျပြန်တော့ ရာဇ၀င်တိရစ္ဆာန်ဆိုးကြီးတွေအ ဖြစ်နဲ့ တောတစ်ဝှန်းမှာသဘော ကြမ်းမနောရမ်းခဲ့ကြတဲ့ ဆင်ဆိုး ကြီးရယ်၊ ကျားသောင်းကျန်းရယ်၊ ခြင်္သေ့ရမ်းကားရယ်ကို လွတ်ငြိမ်း စေလို့ဆိုကာ လွှတ်ပေးသမျှပြုလို့ အပြီးမှာ ယင်းထို တိရစ္ဆာန်တွေက နဂိုအဆိုးကိုပိုတိုးကာ သောင်း ကျန်းလာခဲ့တာတွေကြောင့် အကာအရံမဲ့တဲ့ သဘောနဲ့ကဗျာ မဆန်တဲ့ တောဖြစ်လာခဲ့ရတာ ပါ။
‘‘အဆွေမြေခွေးက ဘယ့် နှာကြောင့် လွှတ်ပေးရသတုံးဗျ။ အခုတစ်တောလုံး နေ့တထိတ် ထိတ် ညတထိတ်ထိတ်ထဲနဲ့’’ တောအချုပ်ကလေးရဲ့ နံဘေးမှာ လမ်းလျှောက်ကြရင်းက ဂျက်က မြေခွေးကို အဲသလိုပြောမိခဲ့တယ်။ ‘‘သြော်...သနားသည်းခံဆို တဲ့ နာယကရဲ့ ဂုဏ်တစ်ရပ်ပေါ့။ ဆရာကြီးဂျက်ရယ်...ထောင် အနှစ်နှစ်ဆယ် ချထားတဲ့တိရစ္ဆာန် ဆိုးတွေ ဟော...ကရုဏာကြီးတဲ့ ကျုပ်လက်ထက်မှာ သုံးလပဲထား ပြီး ပြန်လွှတ်ပေးခဲ့တာ အဲဒါ သမိုင်းဗျာရဲ့’’တဲ့..သူက။
‘‘အခု...တောအချုပ်ထောင် မှာ တစ်ကောင်မှ မရှိတော့ဘူး လားမြေခွေးငဲ့’’
‘‘သြော်...ဂျက်ဆရာရယ် မြေခွေးသည်လောက် မိုက်ပါ့မ လားဗျာ...တောအတွက် အန္တ ရာယ်သိပ်ကြီးတဲ့ အကောင်ဆိုး တွေကိုတော့ ဆက်ဖမ်းထားရပေ တာပေါ့’’တဲ့။
မြေခွေးက အချုပ်ထောင် တံခါးကို အသာလှပ်ပြီး ဖမ်းထား ဆဲ တိရစ္ဆာန်ကလေးတချို့ကို ပြ ပါတယ်။
‘‘အဲဒါက ချိုးငှက်ကလေး တွေ ငြိမ်းချမ်းရေးပေးပါဆိုတဲ့ သတ္တ၀ါလေးတွေ...ဟောဟိုဟာ က ဒေါင်းအုပ်စု...ခွင့်တူညီမျှဝါဒ ဖြူစင်တဲ့ တောအသွင်ကို ပြောင်း ချင်တယ်ဆိုတဲ့ အကောင်တွေ ... ဒါက ဇီးကွက်...တောသတင်း စာတွေကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းရေးဖို့ လှုံ့ဆော် တဲ့ သတ္တ၀ါ၊ ဟိုဥစ္စာက သိုးအုပ်စုတိရစ္ဆာန် စကူးလ်မှာ ခေတ်မီဘုတ်အုပ်တွေနဲ့ သင်ပေးဖို့ တောင်းဆိုတဲ့ အကောင်ကလေး တွေ။...အဲသလို အန္တရာယ်များတဲ့ သတ္တ၀ါတွေကို ချန်ထားပြီး အနေ အေးပုံရတဲ့ တိရစ္ဆာန်တွေကို အ ကုန်လွှတ်ပေးလိုက်တာပါ’’
မနောလှသူ ဦးသျှောင်မြေ ခွေးကြီးက တောအချုပ်ကို တံခါး ပြန်ပိတ်ရင်း ပြောတော့ ဂျက်ရင် ထဲမှာ မိုးပေါက်တွေပက်ဖျန်း လိုက်တဲ့ ကြာပန်းကြီးနှယ်လန်း ဆန်းသွားလိုက်တာ။ ဒါပေါ့။ ဆင် ဆိုးတို့၊ ကျားသောင်းကျန်းတို့၊ ခြင်္သေ့ရမ်းကားတို့ကို လွှတ်ပေးပြီး ချိုးကလေးတွေ၊ သိုးကလေးတွေ၊ ဒေါင်းကလေးတွေ၊ ဇီးကွက်က လေးတွေကို ဆက်ချုပ်ထားတော့ တောငြိမ်းချမ်းတာပေါ့။တောစိမ်း လန်းတာပေါ့။ တိရစ္ဆာန်တွေရဲ့ စီမံခန့်ခွဲပုံတွေကတော့ လူတွေဆီ ကနေ လှမ်းကြည့်ရင် အကုန်လုံး ပြေားပြန်ဇောက်ထိုးတွေချည်းပဲ။ ဒါ့ကြောင့်လည်း တိရစ္ဆာန်ဘ၀က မတက်ကြတာကိုး။
(ဖော်ပြပါသရော်စာသည် စာရေးသူ ဂျက်ကွမ်းခြံကုန်း၏ အာဘော်သာဖြစ်သည်)
http://www.7daydaily.com/story/45751
Post a Comment