0

ရန်ကုန်၊ စက်တင်ဘာ ၆
၆.၉.၂၀၁၅ ရက်နေ့ ၀၂၃၅ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အင်ဒိုနီးရှားနိုင်ငံ LION AIR လေကြောင်းလိုင်းဖြင့် အင်ဒိုနီးရှားနိုင်ငံတွင်
ရောက်ရှိနေသော မြန်မာရေလုပ်သား ၁၀၅ ဦးတို့ ပြန်လည်ရောက်ရှိ
လာခဲ့ပါသည်။
၎င်းမြန်မာရေလုပ်သားများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်း၊ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် သူရဘိုနီ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ၀င်းနိုင်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဒုတိယတပ်ဖွဲ့မှူး
ရဲမှူးကြီးနေမိုးသက်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှူး ဦးတင်ဇော်မိုး၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန
ဦးစီးမှု ဒေါ်မို့မို့လွင်၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်လွင်၊
လေကြောင်းရဲတပ်ဖွဲ့ခွဲမှူး(ရန်ကုန်) ဒုရဲမှူးကြီး ဥက္ကာကို၊ ရန်ကုန်မြို့ IOM ရုံးမှ ဦးအောင်ကျော်သန်းတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့ကြပါသည်။
ယင်းနောက် တာဝန်ရှိသူများမှ ရေလုပ်သားများတည်းခိုနေထိုင်မည့် ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်သို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီး လိုအပ်သည်များနှင့် ၎င်းတို့၏နေရပ် အသီးသီးသို့
ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
အဆိုပါရေလုပ်သားများမှာ ရန်ကုန်တိုင်းဒေသကြီးမှ(၁၀)ဦး၊ ပဲခူးတိုင်း
ဒေသကြီးမှ(၈)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၁၄)ဦး၊ မန္တလေးတိုင်း
ဒေသကြီး(၃)ဦး၊ မကွေးတိုင်းဒေသကြီးမှ(၂)ဦး၊ တနင်္သာရီတိုင်းဒေသကြီး
မှ(၂၆)ဦး၊ ရှမ်းပြည်နယ်မှ(၃)ဦး၊ မွန်ပြည်နယ်မှ(၂၆)ဦး၊ ရခိုင်ပြည်နယ်မှ
(၁၂)ဦးနှင့် ကချင်ပြည်နယ်မှ(၁)ဦးတို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police

Post a Comment

 
Top