0

ညတစ်ညမှာ ယောက်ျားတစ်ယောက် အရက်မူးမူးနဲ့ အိမ်ပြန်ရောက်လာပြီး
ပစ္စည်းတွေကို ပစ်ပေါက်ရိုက်ခွဲနေရင်းက အော့အန်ပြီးတော့ ကြမ်းပြင်ပေါ် လဲကျသွားတယ်။
သူ့မိန်းမက သူ့ကို ဆွဲထူပြီးအခန်းထဲပို့ပြီးတဲ့အခါ အန်ဖတ်တွေနဲ့
ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းခဲ့တယ် …
နောက်တစ်နေ့မနက် ယောက်ျားနိုးလာတဲ့အခါမှာ မနေ့ညက အဖြစ်ကို စဉ်းစားပြီး သူ့မိန်းမ သူ့ကိုအရမ်းစိတ်ဆိုးဒေါသထွက်နေပြီလို့ထင်နေတယ်။
သူ့မိန်းမနဲ့ ရန်မဖြစ်ရပါစေနဲ့လို့လည်း ဆုတောင်းနေတာပေါ့ …
ဒါပေမယ့်သူအိပ်ယာကနေထထိုင်လိုက်တဲ့အခါ ဘေးကစားပွဲပေါ်မှာတင်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့လိုက်တယ် … “မနက်စာအတွက် ကို ကြိုက်တဲ့ မုန့်ဟင်းခါး စားပွဲပေါ်မှာ ပြင်ပေးထားတယ်နော် … ၀ယ်စရာတွေ ရှိလို့ ဈေးသွားလိုက်ဦးမယ် …ကို အလုပ်မသွားခင် အရောက်ပြန်လာခဲ့မယ် …အရမ်းချစ်တယ် …”
စာကိုဖတ်ပြီးတဲ့အချိန်မှာ သူအရမ်းအံ့သြသွားပြီး သူ့သားကိုမေးလိုက်တယ် ..
“မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ??”
သားက ပြန်ဖြေလိုက်တယ် … “မနေ့ညက အဖေအရမ်းမူးပြီး လဲကျသွားတဲ့ အချိန်မှာ အမေ အဖေ့ကို အိပ်ယာထဲ တွဲခေါ်လာပြီး အဖေ့ ဖိနပ်တွေ
အင်္ကျီတွေချွတ်ပေးနေတုန်းအဖေကမျက်စိတောင်မဖွင့်နိုင်ဘဲ ပြောလိုက် တယ်လေ …"ဟေ့ ကောင်မလေး! ငါ့ကို မထိနဲ့ …ငါ့တစ်ယောက်တည်း ထားခဲ့ …ငါ့မှာ အိမ်ထောင်ရှိတယ်!! တဲ့ …” ။။။
ဘယ်လိုအခြေအနေမျိုးမှာမဆိုသင့်ချစ်သူအပေါ် သစ္စာရှိပါ!!
သင်သာ သူ့ကို တကယ် တန်ဖိုးထားရင်သူလည်း သင့်တန်ဖိုးကိုသိပြီး သင့်ကို
ပြန်တန်ဖိုးထားပါလိမ့်မယ်
မူရင်းပိုင်ရှင်မသိပါ။
ကြိုး ဘလော့ဂ်မှ ကူးယူဖော်ပြပါတယ်။


အချစ်နှင့် အိမ်ထောင်ရေး

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top