0


၁၉၈၆ ခုနှစ်က စ၍ရောက်ခဲ့ရသော ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် ယနေ့တိုင်အောင်အဆက် မပြတ်ခဲ့။ ၁၉၉၂ ခုနှစ်မှစ၍ နှစ် စဉ်ရောက်ဖြစ်ရပါသည်။ ယခုလည်း တပ်မတော်စစ်ဆေးရုံ ဖရားမွန် ကွတ်ကလောင်းတွင် ဆေးစစ်ဆေး ဖို့ ခရီးထွက်ရပြန်ပါပြီ။ မင်္ဂလာဒုံ လေဆိပ်သို့ ထိုင်းစစ်သံမှူး စီနီယာ ကာနယ်စလဝင်အူတာရပ် (ကိုသံလွင်) ကိုယ်တိုင် လာရောက်ပို့ဆောင်၍ စကားကော င်းနေကြသောကြောင့် လေယာဉ်ထွက်ခါနီးမှ လေယာဉ် ပေါ်တက်ခဲ့ပါသည်။လေယာဉ်ပေါ် ပါသောသူများကို သေချာမကြည့် လိုက်မိ။ ဘန်ကောက်လေဆိပ်သို့ ရောက်သောအခါ လက်တွန်းကုလားထိုင်စီးခရီးသည် ခြောက်ဦး ကိုလေဆိပ်အတွင်း ဝေးဝေးမသွားရအောင် ကားနှင့်ပို့ပါသည်။
ကားထဲရောက်သည်နှင့်ဦးညွန့် မောင်ရှိန်ကိုတွေ့ရသည်။ သံတမန် လောကအကြောင်း ဘာမှ မသိဘဲ သံအမတ်ကြီး တာဝန် ထမ်းေ ဆာင် ရန်ရောက်လာရသော ကျွန်တော့်အတွက် တကယ်အားကိုးခဲ့ရသူ ဖြစ်ပါသည်။ ယခုကျွန်တော်တို့ နှစ်ယောက်လေ ယာဉ် တစ်စင်း တည်း စီးလျက်ဘန်ကောက်သို့ ရောက်ခဲ့ ရပြန်ပြီ။ ရန်ကုန် ရွှေမြို့တော်ကြီးမှ ကျွန်တော်တို့ ထွက်ခွာလာ ရသော နေ့ သည် မြန် မာနိုင်ငံတော်ကြီး အတွင်း ရွေးကောက်ပွဲကြီးအတွက် မဲစာရင်းတွေ ကပ်ကြမည့်နေ့ ဖြစ် ကြောင်းရုတ်ချည်း ခေါင်းထဲပေါ် လာသည်။ စိတ် ဆိုတာကလည်း အခက်သား။ စက္ကန့်အတွင်းမှာ ရောက်ချင်ရာ ရောက်တတ်သည်။ ယခုလည်း ကျွန်တော့်စိတ်က အတိတ်ခပ်ဝေးဝေး ကို အရောက်ပြေးသွားသည်။
-ဒီမိုကရေစီ
-ရွေးကောက်ပွဲ
-ထိုင်းနိုင်ငံတစ်တွဲတည်းပေါ်လာသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ဒီမိုကရေစီခေတ်ကို ကျွန်တော် ကောင်းစွာမီခဲ့သည်။ ရွေးကောက် ပွဲကိုမီခဲ့သည်။ ဟိုအချိန်ဟို အခါ က နိုင်ငံရေးပါတီတွေယခုလိုမများ သေး။ရပ်ကွက်တွေထဲမှာဟောပြော ပွဲတွေကျင်းပကြသည်။ မဲဆွယ် ဟောပြောပွဲတွေမှာ လူတွေစုကြ သည်။ ၁၉၅၄ ခုနှစ်ကျမှ စစ်ထဲဝင် ခဲ့သူဖြစ်၍ ၅၂ ခု ရွေးကောက်ပွဲ တရားပွဲတွေကို မီခဲ့သည်။ စိတ် ဝင်စားဖို့ကောင်းသလို ရယ်လည်း ရယ်ရသည်။
သူ့ပါတီကိုယ့်ပါတီရွေးကောက် ပွဲဝင်မည့် ကိုယ်စားလှယ်များက လည်း အကြောင်းသိတွေ ဖြစ်ကြ သည်မို့ထိကပါးရိကပါးပြောကြဟော ကြသည်များကလည်း စိတ်ဝင်စား ဖို့ကောင်းသည်။ စိတ်ဆိုးစရာ ရန် ဖြစ်စရာလည်းမကြုံခဲ့ကြ။ နယ်တွေ မှာတော့ရန်ပွဲတွေရှိကြောင်း ကြား ရသည်။ ရိုက်ပွဲတွေ သတ်ပွဲတွေရှိ ကြသည်ဟုဆိုသည်။ လက်နက်ကိုင် သောင်းကျန်းသူတွေက ဖဆပလ ဘက် မဲပေးမည့် သူတွေကို လက် နက်နှင့်နှောင့်ယှက်ပစ်ခတ်ကြသည် ဟူသော သတင်းတွေနှင့် ဖဆပလ မဲရဖို့ မသေချာသောနေရာတွေက မဲပေးမည့် သူတွေ မလာနိုင်အောင် ပြူစောထီးတွေက နှောင့်ယှက်ကြ သည်ဟူသော သတင်းတွေလည်း ထွက်သည်။ နောက်ပိုင်းရွေးကောက် ပွဲတွေ မှာမတရားမှုတွေ အလွန်များ သည်ဟုလည်းသတင်းတွေ ပျံ့လွင့် ခဲ့သည်။ ထိုရွေးကောက်ပွဲတွေ ကျင်းပချိန်များမှာ ကျွန်တော် က တော နက်နက်တောင်အထပ်ထပ် တွေဆီ ရောက်နေခဲ့ရသည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း ၁၉၇၄ ခုနှစ်ရွေးကောက်ပွဲကျတော့ ၁၉၅၂ခုနှ စ်ရွေးကောက်ပွဲလို  လှုပ် ရှားမှုမျိုးမတွေ့ရတော့ပါချေ။ ယခု ရွေးကောက်ပွဲနှင့် ဝေးနေခဲ့သည်မှာ ကြာပြီဖြစ်သော ကျွန်တော်တို့ ခရီး ထွက် လာသောနေ့မှာမှ မဲစာရင်း တွေ ကပ်မည့်နေ့နှင့် လာကြုံနေရ သည်မို့ တပည့်ကျော် မောင်ထွန်း ရွှေအား ကိုယ်စားကြည့်ခိုင်းထား ခဲ့ရ ပါသည်။
”ကိုညွန့်မောင်ရှိန်၊ ကျွန် တော်တို့ ဒီမှာရှိချိန်က ထိုင်းရွေး ကောက်ပွဲတွေ ကြုံခဲ့ရတာမှတ်မိလား”
”မှတ်မိပါတယ် ရွေးကောက်ပွဲညမှာသံအမတ်ကြီးက မဲစာရင်းတွေကြည့်ခိုင်းလို့ ကိုသစ်လွင်နဲ့ ကိုထိန်လင်းအောင်က လွှတ်ထားပြီး ကျွန်တော်ကရုံးမှာစောင့်ရတယ် လေသံအမတ်ကြီး” ”အေးဗျာမနက်ကျမှ စာရင်း ချုပ်ကို ကြည့်လည်း ရတာပဲ၊ ရန်ကုန်ကိုလည်း မနက်မှ သတင်း ပို့ရတာပဲဟာ။ ကျန်တော်ကမလိုဘဲ သိချင်နေတာဗျ၊ ခင်ဗျားတို့ သက် သက်မဲ့ အိပ်ပျက်ကြရတာပေါ့” အတိတ်ကို ပြန် သတိ ရသော ဦးညွန့်မောင်ရှိန်က စကားဆက်လာသည်။
”ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ အကြို ၂ လလောက်အတွင်း လှုပ်ရှားကြတာကပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာနော်သံအမတ်ကြီး”
”ဟုတ်တယ်ဗျ၊ တချို့ကရိုးသားပါတယ်၊ မချမ်းသာပါဘူးဆိုပြီး ဆိုက်ကားတစ်စီးနဲ့ လူမြင်အောင်လမ်းတကာလှည့်ပြီး မဲဆွယ်ပြတာလေဗျာ”
”ရွေးကောက်ပွဲ အချိန်ကျမှ ဈေးဝယ်ကြတာရောသံအမတ်ကြီး”
တစ်ချိန်က သံအမတ်ကြီးနဲ့ တစ်ချိန်က ပထမအတွင်းဝန်တို့ မျက်စိထဲမှာ နှစ်ပေါင်းသုံးဆယ် လောက် ကို ပြန်လည် မြင်ေ ယာင် နေ မိကြ ပါတော့သည်။ ကျွန်တော် ရောက်သော  အချိန်က ထိုင်းနိုင်ငံ မှာ သောင်းကျန်းသူမရှိ။ သို့သော် လည်း လက်နက်ကိုင်ဆိုး သွမ်း သူ တွေပေါသည်။ မြို့လယ်ကောင်မှာ ပင်ပစ်ခတ်မှုတွေ ရှိသည်။ ကျွန်တော်တို့ ရောက်ရှိချိန်ကပါ တီကြီး လေးပါတီငါးပါ တီသာအ ပြိုင် အဆိုင်ရှိသည်။ ညွန့်ပေါင်း အစိုးရဖွဲ့ထားရသည်။ ထိုအချိန်က လက်ခံထားကြသောဖွဲ့စည်းပုံအခြေ ခံဥပဒေအရ ရွေးချယ်ခံ မ ဟုတ် သော ပြင်ပပုဂ္ဂိုလ်ကို ဝန်ကြီးချုပ် ခန့်ခွင့်ရှိသောကြောင့် ဗိုလ်ချုပ်ကြီး ပရင်မ်က ဝန်ကြီးချုပ် တာဝန်ယူထားချိန် ဖြစ် သည်။ ရွေးေ ကာက်ပွဲ နီးလာသည် နှင့်ကိုယ်စားလှယ်လောင်းများ ကိုယ် တိုင် ရပ်ကွက်တကာ ဈေးတကာ သို့သွားကြပြီ။ ပါတီခေါင်းဆောင် များ၊ ကိုယ် စားလှယ်များ အဖွဲ့ လိုက်ဈေးဝယ်ကြသည်။ ပထမဦး စွာ လမ်းမတန်းပေါ်ရှိ ဈေးဆိုင် တန်းတွေ တစ်ဆိုင်ဝင် တစ်ဆိုင် ထွက်သွားကြသည်။
ရွေးကောက်ပွဲအတွက် ပါတီအကြောင်း လက်ကမ်းကြော်ငြာများ ပေးဝေသည်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ရင်းနှီး ဖော်ရွေစွာနှု တ်ဆက် သည်။ ပြောင် ပြောင်တင်းတင်းပဲစည်းရုံးကြသည်။
ကိုယ်စားလှယ် လောင်းများ ၎င်းတို့၏ဇနီးများကိုယ်တိုင်ရပ်ကွက် ရှိဈေးကြီးဈေးငယ်တွေအတွင်းလမ်း လျှောက်၍ တစ်ဆိုင်ဝင် တစ်ဆိုင် ထွက်နှုတ်ဆက်ကြမိတ်ဖွဲ့ကြ ရင်းနှီး မှုယူကြသည်။ သူတို့ပါတီ သူတို့ ကိုယ်စားလှယ်ကိုသာ မဲပေးကြဖို့ပြောင်ပြောင် တင်းတင်းစည်းရုံးကြပါတော့သည်။ ပါတီအကြီးအသေးကိုလိုက်၍ စည်း ရုံးရေးအဖွဲ့ လူအင်အား အနည်းအများတော့ ကွာသည်။ ပါတီ ခေါင်းဆောင်များနှင့် ဇနီးများ ကိုယ်တိုင်ကတော့ ဈေး ဝယ်ကြသည်။ ဟင်းသီးဟင်းရွက်တွေဝယ်သည်။ သစ်သီးတွေဝယ် သည်။ ပန်းတွေဝယ်သည်။တစ်ပွေ့ တစ်ပိုက်ကြီးဝယ်ကြသည်။ လမ်း ဆုံလမ်းခွတွေမှာ နှစ်ယောက်သုံး ယောက်စီလ က်ကမ်းကြော်ငြာ များ ဝေ ငှကြသူတွေ ခြေချင်းလိမ်နေကြ သည်။ သည်လိုနည်းနှင့် လူမြင် သူမြင်စည်းရုံးကြသူတွေ ပလူပျံ သလို လှုပ်ရှားကြသူများတစ်နိုင်ငံ လုံး အနှံ့ တွေ့ကြရသည်။ လူမမြင် သူမမြင် စည်းရုံးကြတာတွေကို တော့ ကျွန်တော်တို့ ကိုယ်တွေ့ မသိကြရတာလည်း အမှန်။သည် လို လူ သိရှင်ကြား စည်း ရုံးကြသည်ထဲမှ တွက်ခြေကိုက်ကြ သူအောက်ခြေ လူတန်းစားတို့၏ ဝင်ငွေကိုတော့မေးလို့ရသည်။ ကျွန် တော်တို့
ဂေါက်ကွင်းရောက်တိုင်း မေးဖြစ်ကြသည်။
ဂေါက်ကွင်းမှ ကယ်ရီမလေး များအား ဒီတစ်ပတ် ဘယ်လောက် ရသလဲဟု အမြဲမေးကြသည်။ သူ တို့ကလည်းပုံမှန်ဖြေကြသည်။  ဟို ပါတီကဘတ် ၃ဝဝ ပေးတယ်။ ဒီပါတီက ဘတ် ၅ဝဝပေးတယ်။ ဒီ တစ်ပတ်မှာ စုစုပေါင်းဘယ်လောက် ရတယ်။ ဒီလိုစကားတွေကတော့ ထမင်းစားရေသောက် သဘော ပြောဖြစ်ကြပါ၏။ ဒါကတော့ဂေါက်ကွင်းရောက် ချိန် ရွေးကောက်ပွဲနှင့် အောက်ခြေ လူတန်းစားတို့ အကြားနိုင်ငံရေး ဆက်ဆံမှုဘဝသာ ဖြစ်ပါ၏။ ရွေးကောက်ပွဲတစ်ခါ ကျင်းပ လျှင် ပါတီပေါင်းစုံ စုစုပေါင်းကုန် ကျငွေမည် မျှ ဖြစ်သည်ကို စာရင်း အင်း မှန်ကန်စွာသိနိုင်သော နိုင်ငံ ဟူ၍ သည်ကမ္ဘာလောကတွင် မရှိ ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော့် အတွေ့အကြုံအရ တစ်ခုသော ရွေးကောက်ပွဲကာလ ကထိုင်းဘတ်ငွေတစ်ရာတန် နှစ်ရာ တန် ငါးရာတန်တွေ ခြံဝင်းကျယ် ကျယ် တိုက်ကြီးတစ်လုံးအပြည့် ဖမ်းဆီးရမိသော သတင်းက ဟိုး လေးတစ်ကျော် ဖြစ်ခဲ့ကြပါသေး သည်။ ဤသို့တွေ့ရှိခဲ့ သောငွေများ သည် အောက်ခြေလူတန်းစားများ အား ၂ဝဝ၊ ၃ဝဝ၊ ၅ဝဝ ဘတ်စီ ပေးရန်အတွက်သာဖြစ်ကြောင်း  သတင်းထွက်ပါသည်။
စီးပွားရေးလောကနှင့်နိုင်ငံရေး လောက ဆက်နွယ်မှုအတွက်တော့ မည်သူမှခန့်မှန်းနိုင်ခြင်း မရှိကြပါ ချေ။ဘန်ကောက်မြို့ရှိ သုဝဏ္ဏ ဘူမိ လေဆိပ်သည် အရှေ့တောင်အာရှ မှာ အကြီးဆုံးလေဆိပ်ဟု ဆိုကြ သော်လည်း ကမ္ဘာမှာတော့ ခပ် သေးသေး လေ ဆိပ်လေးပါ။ ဘန် ကောက်မြို့မှာ ကျွန်တော်ကြုံခဲ့ရ သော ဖြစ်စဉ်များသည် ကမ္ဘာနှင့် ယှဉ်သော် ဘာဆိုဘာမျှမဟုတ်ပါ။  သို့သော် မြန်မာနိုင်ငံသည် ကျွန်တော်တို့အတွက်တော့ ကမ္ဘာ ကြီးပါ။မြန်မာနိုင်ငံအတွင်းကမြန်မာ နိုင်ငံရေးသမားများ ငွေမကုန်ကြစေချင်ပါ။ အချင်းချင်း ကောင်းေ သာ ယှဉ်ပြိုင်မှုနှင့်သာ ယှဉ်ပြိုင်အနိုင် ယူကြစေချင်ပါသည်။ ရွေးကောက် ပွဲမှာယှဉ်ပြိုင်ပြီး နိုင်သူတို့ပြုံးသလို ရှုံးသူတို့ အမုန်းတရားတွေ ပယ်နိုင် ကြစေချင်ပါသည်။ ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲကိုပြည်တွင်းမှစောင့် ကြည့်နေကြပါသည်။ ပြည်ပမှစောင့် ကြည့်ေ နကြပါသည်။  ပြည်တွင်းမှ နောက်မျိုးဆက်တို့ အတုယူမမှား ကြစေဖို့ပြည်ပမှပုဂ္ဂိုလ်တို့ မှားယွင်း သောရည်ရွယ်ချက်နှင့် ဝင်မ လာကြစေဖို့ ယခု ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်ပါကြောင်း တင်ပြချင်မိရပါတော့သည်။
မောင်သက်ဆွေ
http://popularmyanmar.com/afpopular/archives/5834

Post a Comment

 
Top