အနုပဋိလောမတွေးခေါ်နည်း၊ အညမည တွေးခေါ်နည်း၊ ဒွန္နဝါဒ အစရှိသဖြင့် ခေါ်ကြတဲ့ ဒိုင်ယာ လက်တစ် တွေးခေါ်နည်းဟာနဂိုမှန် အဆိုလေးခုကို အခြေခံပြီးလောက ကို ရှုမြင်သုံးသပ်တယ်ဗျ။ နဂိုမှန် အဆို ဆိုတာကတော့ တစ်နဲ့တစ် ပေါင်းရင်နှစ်ရသလို နဂိုကတည်း က ရှင်းစရာမလိုဘဲ မှန်နေပြီးသား အခြေခံသဘောတရားတွေကို ပြောတာပါပဲ။
ဒိုင်ယာလက်တစ် တွေးခေါ် နည်းရဲ့ အခြေခံနဂိုမှန်အဆိုလေး ခုကတော့ အရာအားလုံးဟာ အပြန်အလှန်အကျိုးသက်ရောက် မှုရှိနေကြခြင်း၊ အရာအားလုံးဟာ အဆက်မပြတ်ပြောင်းလဲ လှုပ်ရှား တိုးတက်နေကြခြင်း၊ အရေအတွက် ကနေအရည်အချင်း အဖြစ် ပြောင်း လဲနိုင်ခြင်းနဲ့ အတွင်းပဋိပက္ခတွေ ဟာ ပင်ကိုကတည်းက ရှိနေကြ ခြင်းဆိုတာတွေပဲ ဖြစ်ကြတယ်ဗျ။ အရာရာမှာ အတွင်း ပဋိပက္ခ တွေဟာ ပင်ကိုကတည်းက ရှိနေ ကြတယ်ဗျ။ ကျွန်တွေနဲ့ ကျွန်ပိုင် ရှင်တွေရဲ့ ပဋိပက္ခ၊ လယ်သမား တွေနဲ့မြေရှင်တွေရဲ့ပဋိပက္ခ၊ အလုပ် သမားတွေနဲ့ အရင်းရှင်တွေရဲ့ ပဋိ ပက္ခတွေဟာ အဲဒီခေတ်စနစ်တွေ စတင် ဖြစ်ပေါ်လာကတည်းကပဲ ပါလာကြတယ်ဗျ။
အဲဒီပဋိပက္ခတွေဟာ အဆက် မပြတ် ပြောင်းလဲလှုပ်ရှားတိုးတက် လာကြပြီး အဲသလို တိုးတက်လာ တဲ့အရေအတွက်ဟာ လုံလောက် တဲ့ အရည်အချင်းတစ်ခုကို ရောက် ပြီဆိုတာနဲ့ မူလစနစ်ဟောင်းဟာ ပျက်သုဉ်းပြီး စနစ်သစ်ပေါ်ပေါက် လာတော့တာပဲဗျ။ ဆိုလို တာ ကတော့ဗျာ ကျွန် စနစ်ရဲ့အဖျက်မျိုးစေ့ဟာကျွန်စနစ် ထဲမှာပဲ ပါဝင်လာသလို၊ မြေရှင် ပဒေသရာဇ်စနစ်ရဲ့ အဖျက်မျိုးစေ့ဟာ လည်း မြေရှင်ပဒေသရာဇ် စနစ် ထဲမှာပဲပါလာခဲ့ပြီး၊ အရင်းရှင်စနစ် ရဲ့ အဖျက်မျိုးစေ့ဟာလည်း အရင်းရှင်စနစ်ထဲမှာပဲ ပါလာနေတယ်ဗျ။ အဲသလိုပဲဒီမိုကရေစီရဲ့ အဖျက် မျိုးစေ့ဟာလည်း ဒီမိုကရေစီထဲ မှာကိုပါလာပြီးသားပဲဗျ။ အဲဒီအချက်ကို တလောလေး က နေပြည်တော် မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြော သွား ခဲ့သေး တယ်ဗျ။
သူ ပြောသွားခဲ့တာကတော့ ”ဒီမိုကရေစီ၏ အဖျက်မျိုးစေ့သည် ဒီမိုကရေစီစနစ်အတွင်းမှာပင် ပါ ဝင်လာတတ်သည်။ ထိုမျိုးစေ့မှာ အစွန်း ရောက်မှုပင် ဖြစ်သည်။ ထို အဖျက်မျိုးစေ့ကိုထိန်းနိုင်လျှင် ဒီမို ကရေစီတည်ဆောက်ရေး လမ်း ကြောင်း၍ဖြေလျှော့ရေးမှ ကူးပြော င်း ရေး၊ ထိုမှတစ်ဆင့် ဒီမိုကရေစီ ခိုင် မာရေးသို့ တစ်ဆင့်ပြီးတစ်ဆင့်အောင် မြင်စွာ တက်လှမ်းနိုင်မည် ဖြစ် ပေသည်။ မထိန်းနိုင်လျှင်မူ ဒီမိုက ရေစီစနစ်က နောက်ပြန်လျှောကျ သွားတတ်သည်” ဆိုတာတွေပဲဗျ။
ကနေ့ မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီ တည်ဆောက်နေချိန် ပဲဗျ။ ခက်တာက ဒီမိုကရေစီ တည် ဆောက်ရေး လမ်းကြောင်းပေါ် လျှော က်နေကြချိန်မျိုးမှာ အင်မတန် အဖိုးတန်တဲ့ လက်နက်တွေကို တလွဲသုံးလာကြသလို ဖြစ်လာ တာ တွေကို တွေ့နေရ တယ်ဗျ။လူထုချီ တက်ဆန္ဒပြတယ် ဆို တာဟာ အင်မတန် ထိရောက်ပြီး တန်ဖိုးရှိလှတဲ့လက်နက်တစ်ခုဗျ။နည်းစနစ်မှန်မှန်နဲ့သာ သုံးမယ် ဆိုရင် လူထု အားကို ဘယ်သူမှ မခံနိုင်ဘူးဗျ။ ခုတော့ ထစ်ခနဲရှိ ချီတက်ဆန္ဒပြ၊ ထစ်ခနဲရှိ ဆန္ဒ ဖော်ထုတ်လုပ်လာကြတာကြောင့် ဒီလက်နက် ကို ပြည် သူကတောင် မလေးစားတော့သလိုဖြစ်လာတယ် ဗျ။ ဆန္ဒပြချီ တက်ရာမှာပါဝင်သူ တွေကိုတောင်ကွယ်ရာတစ်မျိုးရှေ့ တင်တစ်မျိုးအ မနာ ပ ပြောလာကုန် ကြပြီဗျ။
အားလုံးကိုတော့ မဆိုလိုပါဘူး။ အချို့သော စုန်းပြူးတွေကို ပေါ့ဗျာ။ ဖဲကြိုးတပ် ဆန္ဒဖော်ထုတ် တယ်ဆိုတာဟာလည်း အကြမ်း မဖက် ဆန္ဒဖော်ထုတ်နည်းတွေထဲ မှာ ထိရောက်တဲ့ လက်နက်တစ်ခုပဲဗျ။ ခုတော့ကာ ဖဲကြိုးရောင်စုံတွေ ပလူပျံလာတော့ မြင်ရကြားရသူတွေမှာ တစ်မျိုးကြီးပဲ။ နောက်ပြီးတော့ကာ ဘွိုင်း ကောက်လုပ်တယ်ဆိုတဲ့ သပိတ် မှောက်ခြင်းဟာလည်း ဘယ်လောက် ထိရောက်တယ်ဆိုတာ သမိုင်းမှာအထင်အရှားပါပဲဗျ။ ခုတော့ကာ ယာဉ်စည်းကမ်း ဖောက်ဖျက်တဲ့အတွက် အပြစ် ပေးတဲ့ ဒဏ်ငွေ ပမာဏတိုးလိုက် တာကြောင့် လိုင်းကားတွေမထွက် တော့ဘူးဆိုပြီး သပိတ်မှောက်ကြ ပြန်လေတော့ကာ ဒီသပိတ်မှောက် ခြင်းတို့၊ ဆန္ဒပြခြင်းတို့ဆိုတဲ့ လက် နက်တွေ ကို အများပြည်သူက တစ်မျိုးမြင်လာကြတာလည်း သိပ် မဆန်းလှပေဘူးဗျ။
အင်မတန်ထိရောက်တဲ့အကြမ်း မဖက်ဆန္ဒဖော်ထုတ်ခြင်း လက်နက်တွေကို ဒီမိုကရေစီ ခေတ်မှာ ဒီလိုလုပ်မှဖြစ်မယ်ဆိုတဲ့ မှားယွင်း တဲ့ အစွန်းရောက်အတွေးအခေါ် တွေနဲ့ တလွဲသုံးလာကြလေတော့ ကာ ဒီမိုကရေစီဆိုတာ ဒါမျိုးကြီး လားလို့တောင် ထင်လာကြစရာ ရှိတယ်ဗျ။ ဒါဟာ ကောင်းသော လက္ခဏာတစ်ရပ် မဟုတ်တာကတော့ သေချာတယ်ဗျ။ ဗိုလ်ချုပ် အောင်ဆန်းပြောခဲ့သလို လွတ်လပ်ရေး ရတယ်ဆိုပြီး အများသူငါ သွားရာလမ်းပေါ်မှာ ဆေးရိုးတက်လှမ်းသလိုမျိုးပဲဗျ။
ပြီးတော့ကာဘာကိုမှသေသေ ချာချာမသိဘဲနဲ့နေရာတကာ တတ် သိနားလည်သယောင် ဝင်ဝင်ပါနေ ကြတဲ့ မြင်းထိန်းငတာလို လူစား မျိုးတွေလည်း အများကြီး ပေါ်လာ ကြတယ်ဗျ။ တစ်ခုခု အကြောင်းကိစ္စ လေး မဖြစ်လိုက်နဲ့ မြင်းထိန်း ငတာတွေဟိုကတစ်ယောက်သည် ကတစ်ယောက်ပေါ်လာကြပြီး ဟိုဆွ သည်ဆွ၊ ဟိုလူ့ပုတ်ခတ်သည်လူ့ ပုတ်ခတ်၊ ဟိုလူ့မြှောက်ပေး သည် လူ့ဆွဲချ လုပ်လာကြတာ ကို လည်း မျက်စိနဲ့မဆံ့နားနဲ့မဆံ့ တွေ့လာရ တယ်ဗျ။
လူမှုကွန်ရက်ပေါ်မှာ အဆိုး ဆုံးပေါ့ဗျာ။ ထုံးစံအတိုင်း သူတို့ ဆင်တဲ့ အကွက်ထဲကို ရိုးရိုးသားသားနဲ့ပဲ နားယောင်ပြီး ကျသွား သူတွေကလည်း မနည်းကြလေ တော့ကာ လူမှုကွန်ရက်ပေါ်က စတဲ့မီးပွားဟာ ပြင်ပလောက မှာ မီးတောက်လေးတွေ ဖြစ်ဖြစ်လာ ပြီးခုနကပြောသလို အင်မတန်ထိ ရောက်တဲ့အကြမ်းမဖက်ဆန္ဒ ဖော် ထုတ်ခြင်း လက်နက်တွေကို တလွဲ သုံးတာတွေဖြစ်လာကြတာ များ တယ်ဆိုတာကို တွေ့လာရတယ်ဗျ။ ဒီတော့ကာ ပြည်သူတိုင်းမှာ အာဏာပိုင်တယ်ဆိုတဲ့ ဒီမိုကရေစီ စနစ်ထဲမှာကို သူ့ရဲ့ အဖျက်မျိုး စေ့ ဟာပါလာပြီးသားဆိုတာကိုသတိ ချပ်ရမယ်ဗျ။ဒီနေရာမှာ အာဏာ ဆိုတာ နဲ့ပတ်သက်လို့ စကားလေးတစ်ခွန်း သတိရမိတယ်ဗျ။ ‘အာဏာ ဆိုတာ တစ်စုံတစ်ယောက်ကို သတ်ပစ် လောက်တဲ့ ကျိုးကြောင်းခိုင်လုံမှု ရှိနေပါလျက်နဲ့တောင် မလုပ်တာ ပဲ။ ဧကရာဇ်တွေဆီမှာ ရှိတယ်။ သူခိုးတစ်ယောက်ကို ဧကရာဇ်ရှေ့ မှောက်သွင်းလာတယ်။ သူ့ကို သနား ပါလို့ ပြားပြားဝပ်တောင်းပန်တယ်။ သူ သေရတော့ မယ်ဆိုတာ သူသိ တယ်လေ။ ဒါကို ဧကရာဇ်က ခွင့် လွှတ်လိုက်တယ်။ အဲဒီ လူကို။ လွှတ်ပေးလိုက်တယ်။ အဲဒါ ဟာ အာဏာပဲ” လို့ ဂျာမန် သူဌေး ကြီး အော်စကာ ရှင်ဒလာက ပြော ခဲ့တယ်ဗျ။ သူဟာ နာဇီပါတီဝင် ဂျာမန်လူမျိုးတစ်ယောက် ဖြစ်ပေ မယ့်နာဇီဖက်ဆစ်တွေက ဂျူးလူမျိုး တွေကို မျိုးတုန်းသတ်ဖြတ်နေချိန် မှာ ဂျူးလူမျိုးတစ်ထောင်ကျော်ကို သူ့ဘဝနဲ့ရင်းပြီး အသက်ကယ်တင် ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ ပဲ။ ကိုယ့် လက်ထဲမှာရှိတဲ့အာဏာ ကို အတိုင်းအဆမဲ့ သုံးတာဟာ အာဏာရူးသာ ဖြစ်တယ်ဗျ။
ဒီသဘောအတိုင်းပဲ ဒီမိုကရေ စီစနစ်ကပြည်သူ့လက်ထဲကို အပ် နှင်းထားတဲ့အာဏာကိုချင့်ချင့်ချိန် ချိန်မဟုတ်ဘဲအတိုင်းအဆမဲ့သုံးကြ ရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြ ပြီး ဒီမိုကရေစီစနစ်ကနေမင်းမဲ့စရိုက် ဆန်တဲ့အစွန်းရောက်စနစ်ဘက်ကို ရောက်သွားမှာပဲဗျ။ အဲဒီမှာ ဒီမို ကရေစီပျက်သုဉ်းပြီပေါ့ဗျာ။ ဒါပါပဲ။ အရာရာမှာအတွင်း ပဋိပက္ခ တွေဟာပင်ကိုကတည်းက ရှိနေကြတယ်ဆိုတာရယ်၊ အဲဒီ ပဋိပက္ခတွေဟာ အဆက်မပြတ် ပြောင်းလဲလှုပ်ရှား တိုးတက်လာကြ ပြီး အဲသလိုတိုးတက်လာတဲ့ အရေအတွက်ဟာ လုံလောက်တဲ့ အ ရည်အချင်းတစ်ခုကို ရောက်ပြီဆိုတာနဲ့ မူလစနစ်ဟောင်းဟာ ပျက်သုဉ်း သွားတတ်တယ်ဆိုတာရယ်၊အာဏာ ကို အတိုင်းအဆမဲ့ မ သုံးကြဖို့ရယ်၊ စနစ် တစ်ခုရဲ့ အဖျက်မျိုးစေ့ဟာ အဲဒီ စနစ်ထဲမှာပဲ ပါလာတယ်ဆိုတာ တွေရယ်ကို သတိပြုကြစေချင်တာပါပဲဗျာ။
ဟက်ကာ
http://popularmyanmar.com/afpopular/archives/5867

Post a Comment