0

လုံခြုံရေးအရေးကြီးသည့် ရခိုင်ပြည်နယ် မောင်တောခရိုင်အ တွင်း မဲဆွယ်စည်းရုံးရေး ကာလ၌ ကိုယ်စားလှယ်လောင်းများအတွက် ရဲတပ်ဖွဲ့ဝင်အပြည့်အဝဖြင့် လိုက် ပါကာကွယ်စောင့်ရှောက်ပေးမည် ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။
မောင်တောခရိုင်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် ၉ ခုအ တွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦးအပါအဝင် လွှတ်တော်ကိုယ် စားလှယ်ပေါင်း ၃၆ ဦးထိရှိကြောင်း သိရသည်။
ထို့အပြင် ယင်းဒေသတို့တွင် ဘင်္ဂါလီကျေးရွာ ၆ဝ ကျော်ရှိနေ သည့်အတွက် မလိုလားအပ်သော ပြဿနာများမဖြစ်ပွားစေရန် အဓိ ကရည်ရွယ်၍ လုံခြုံရေး ရယူပေး ခြင်းဖြစ်ကြောင်း၊ မောင်တောမြို့ နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်မြဝင်း က ပြောသည်။
”လမ်းခရီးအခက်အခဲနဲ့ အန္တ ရာယ်ကျရောက်နိုင်မှု နည်းပါးအောင် စီစဉ်ထားတာပါ။ နိုင်ငံရေးပါတီ တွေဘက်ကလည်း တောင်း တဲ့နှုန်း တွေရှိပါတယ်။ ကိုယ်စားလှယ်တစ် ဦးကို လုံခြုံရေး ဘယ်လောက်ပေး မလဲဆိုတာ အတည်မပြုရသေးပါ ဘူး” ဟု ၄င်းကပြောသည်။
အဆိုပါ မောင်တောမြို့နယ်၏ မဲဆွယ်စည်းရုံးခွင့်ရက်ကို စက်တင် ဘာ ၂၄ ရက်အား သတ်မှတ်ပေး ထားပြီး ယခုနှစ်ရွေးကောက်ပွဲကာ လအတွင်း ရခိုင်ပြည်နယ်တစ်ခုလုံး ၌ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၅၄ ဦးအထိ ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြက
ပြောသည်။
”အောင်မြင်တဲ့ ရွေးကောက်ပွဲ တစ်ခုကျင်းပဖို့ လုံခြုံရေးပိုင်းဆိုင် ရာက အရေးကြီးပါတယ်။ အနှောင့် အယှက်ကင်းဝေးဖို့က အားလုံးပူး ပေါင်းဆောင်ရွက်မှရမယ်”ဟု ၄င်း က ပြောသည်။
ထို့အပြင် ယခုနှစ် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ရွေးကောက် ပွဲအချိန်တွင် ရခိုင်ပြည်နယ်အတွက် အထူးရဲအင်အား ၁ဝဝဝ ကျော်နှ င့် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တို့ ပူး ပေါင်း၍ လုံခြုံရေးရယူသွားမည် ဖြစ်ကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ်တွင် လုံခြုံရေး အရေးကြီးသည့် ဒေသအဖြစ် ဘူး သီးတောင်၊ မောင်တောနှင့် စစ် တွေ စသည့်မြို့နယ်များကို သတ် မှတ်ထားကြောင်း သိရသည်။
ယင်းဒေသများအတွက် အဓိ ကယှဉ်ပြိုင်ရွေးချယ်ရမည့် ပါတီ များအနေဖြင့် ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ စသည့် အင်အားကြီး ပါတီများမှ အများဆုံးပါဝင်နေ ကြောင်း သိရသည်။
အောင်ဇော်ထူး
ပုံစာ - လာမည့်အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်း
စုကြည် မဲဆွယ်စည်းရုံးရေးခရီး ထွက်ဦးမည်ဖြစ်သည်။ (ဓာတ်ပုံ-အိအိခိုင်)

Popular News Journal

Post a Comment

 
Top