0

ေျမေခြးေတြ၊ ဝံပုေလြ ေတြကို ေလထဲက သိမ္းငွက္နဲ႔အတူအမဲလိုက္တဲ့ ရိုးရာ ဓေလ့ကို မြန္ဂိုလူမ်ဳိး တခ်ဳိ႕ေတြ ကဆက္လက္ထိန္းသိမ္းထားတာျဖစ္ပါတယ္။ ဒီလိုအမဲလိုက္ဓေလ့ ေတြဟာ အခုေခတ္မွာ ေတာ့ အရမ္းရွားပါးေနပါၿပီ။ ႏွစ္ေပါင္း ၄၀၀၀ ေက်ာ္ၾကာၿပီျဖစ္ၿပီး ရိုးရာအစဥ္အဆက္လက္ဆင့္ကမ္း လာခဲ့တာျဖစ္ေပမဲ့ ဒီနည္းစနစ္နဲ႕ အမဲလိုက္ေလ့ရွိတဲ့ မြန္ဂိုလူမ်ဳိး ကေတာ့ အေယာက္ ၇၀ ပဲက်န္ပါေတာ့တယ္။ ၁၃ ႏွစ္အရြယ္ Asholpan ကေတာ့ ထင္ရွားတဲ့ မြန္ဂိုအမဲလိုက္မုဆိုးႀကီး ရဲ႕ သမီးျဖစ္ၿပီး ဒီအုပ္စုထဲက တစ္ေယာက္တည္းေသာ အမ်ဳိးသမီး မုဆိုးလည္းျဖစ္ပါတယ္။ မုဆိုးေတြက သိမ္းငွက္ေတြကို ၃ ၄ ႏွစ္ေလာက္အတူအမဲလိုက္ႏိုင္ေအာင္ ေလ့က်င့္ေပးၾကရပါတယ္။ မုဆိုးမိသားစုရဲ႕ မိသားစုဝင္ တစ္ဦးလိုလည္း သေဘာထားၾကတာျဖစ္ပါတယ္။ ျမင္းစီးမုဆိုးေတြဟာ သိမ္းငွက္ေတြကို ေလေပၚကေန သားေကာင္ကို ေစာင့္ၾကည့္ခိုင္းၾကတာ ျဖစ္ပါတယ္။ အမဲလိုက္တာ ေအာင္ျမင္သြားၿပီ ဆိုရင္ သိမ္းငွက္ကို ဆုခ်တဲ့ အေနနဲ႔ သားေကာင္ရဲ႕အသည္းကို ေကြ်းေလ့ရွိၾကပါတယ္။ (ZawGyiOne)
နှစ် ၄၀၀၀ ကျော်ကြာမြင့်ပြီဖြစ်တဲ့ ရိုးရာအမဲလိုက်ခြင်း
-------------------------------------------------------------
မြေခွေးတွေ၊ ဝံပုလွေ တွေကို လေထဲက သိမ်းငှက်နဲ့အတူအမဲလိုက်တဲ့ ရိုးရာ ဓလေ့ကို မွန်ဂိုလူမျိုး တချို့တွေ ကဆက်လက်ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီလိုအမဲလိုက်ဓလေ့ တွေဟာ အခုခေတ်မှာ တော့ အရမ်းရှားပါးနေပါပြီ။ နှစ်ပေါင်း ၄၀၀၀ ကျော်ကြာပြီဖြစ်ပြီး ရိုးရာအစဉျအဆက်လက်ဆင့်ကမ်း လာခဲ့တာဖြစ်ပေမဲ့ ဒီနည်းစနစ်နဲ့ အမဲလိုက်လေ့ရှိတဲ့ မွန်ဂိုလူမျိုး ကတော့ အယောက် ၇၀ ပဲကျန်ပါတော့တယ်။ ၁၃ နှစ်အရွယ် Asholpan ကတော့ ထင်ရှားတဲ့ မွန်ဂိုအမဲလိုက်မုဆိုးကြီး ရဲ့ သမီးဖြစ်ပြီး ဒီအုပ်စုထဲက တစ်ယောက်တည်းသော အမျိုးသမီး မုဆိုးလည်းဖြစ်ပါတယ်။ မုဆိုးတွေက သိမ်းငှက်တွေကို ၃ ၄ နှစ်လောက်အတူအမဲလိုက်နိုင်အောင် လေ့ကျင့်ပေးကြရပါတယ်။ မုဆိုးမိသားစုရဲ့ မိသားစုဝင် တစ်ဦးလိုလည်း သဘောထားကြတာဖြစ်ပါတယ်။ မြင်းစီးမုဆိုးတွေဟာ သိမ်းငှက်တွေကို လေပေါ်ကနေ သားကောင်ကို စောင့်ကြည့်ခိုင်းကြတာ ဖြစ်ပါတယ်။ အမဲလိုက်တာ အောင်မြင်သွားပြီ ဆိုရင် သိမ်းငှက်ကို ဆုချတဲ့ အနေနဲ့ သားကောင်ရဲ့အသည်းကို ကျွေးလေ့ရှိကြပါတယ်။ (Unicode)

Post a Comment

 
Top