0

ရူနီဟာ အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံး ဂိုးသွင်းဘုရင် ဆာဘော့ဘီချာလ်တန်ရဲ့ ၄၉ ဂိုး စံချိန်ကို ချိုးလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြောင်း ယခင် မန်ချက်စတာယူနိုက်တက် နည်းပြက ပြောလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟာ စနေညနေက ကစားခဲ့တဲ့ပွဲမှာ ပင်နတီကန်သွင်းခဲ့လို့ အခုဆိုရင် ဆာဘော်ဘီချာလ်တန်နဲ့ တစ်တန်းတည်း ဖြစ်လို့သွားပါပြီ။
ဒါပေမဲ့ ၂၀၀၄ ခုနှစ်တုန်းက ပေါင် သန်း ၃၀ နဲ့ ခေါ်ယူခဲ့ပြီး ၄င်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် ဆွတ်ခူးစေခဲ့တဲ့ ဖာဂူဆန်ကတော့ ရူနီကို ယခင်တုန်းကတော့ ခုလောက်အထိ ထွန်းတောက်လာမယ့် တိုက်စစ်မှူးအဖြစ် မထင်ထားခဲ့ကြောင်း ဆိုပါတယ်။
"ခုလောက်အထိဖြစ်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။ သူက အများထက်ပိုချွန်တဲ့ ဂိုးသွင်းသမား ဆိုတာ သူပြခဲ့တဲ့သက်သေက အခုမှ မဟုတ်ပါဘူး။ သူက အများထက် ပိုထူးခြားတယ်၊ ဒါကြောင့်ပဲ ကျွန်တော်တို့ သူ့ကို လိုချင်ခဲ့တာ" လို့ ဖာဂူဆန်က ITV မှာ ပြောခဲ့ပါတယ်။
ချာလ်တန်ဟာ အင်္ဂလန်အသင်းအတွက် ၁၉ ၅၈ ကနေ ၁၉ ၇၀ အထိ ကစားခဲ့ပြီး ကမ္ဘာ့ဖလားကို ၁၉ ၆၆ မှာ ရယူပေးခဲ့ပါတယ်။ သည် ဂန္တ၀င်ကစားသမားဟာ ယူနိုက်တက်အသင်းမှာ ရူနီကို အကြံပြုချက်များ ပေးခဲ့ဖူးကြောင်း ဖာဂူဆန်က ပြောပါတယ်။
"ဆာဘော်ဘီချာလ်တန်ရဲ့ ကစားသမားအပေါ် အကျိုးသက်ရောက်မှုက မေ့ဖို့ မလွယ်ပါဘူး။ သူအမြဲတမ်း အ၀တ်လဲခန်းလာပြီး ရူနီနဲ့စကားစမြည်ပြော၊ ချီးကျူးလေ့ရှိတယ်"လို့ ပြောခဲ့ပါတယ်။ သူတို့၂ဦးမှာ ဘယ်သူက ပိုပြီး ခမ်းနားကြီးကျယ်သလဲဆိုတဲ့ ကောက်ချက်ကိုတော့ ဖာဂူဆန်က မပေးပါဘူး။ ရူနီဟာ နိုင်ငံတကာတန်းဝင် ကစားသမားဆိုတာ သက်သေပြခဲ့ပြီလို့ပဲ ချီးမွမ်းခဲ့ပါတယ်။
"ရူနီရဲ့ စိတ်ဆတ်တဲ့ညဉ်ကလေးကိုလည်း ချစ်တာပဲ။ နောက်တန်းကစားသမားတွေကြားမှာ တွန်းတိုက်ဖြတ်ကျော်ရင်း ကစားတာပဲ။ ဒါ့အပြင် သူက ဂိုးသွင်းသူ၊ ဂိုးရအောင် ထောက်ပံ့ပေးသူ၊ အခုတော့ သူသက်သေပြခဲ့ပြီ။ Lineker၊ အိုဝင်နဲ့ ဂရိဗ်စ်တို့ကလည်း စံချိန်ချိုးဖို့ ကြိုးစားခဲ့ကြတာပဲ။ ဘယ်သူက ပိုကောင်းတယ်ဆိုတာ ပြောရခက်တယ်"။
ရူနီကတော့ သူဟာ အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလားရယူဖို့ မျော်လင့်ထားကြောင်း ပြောပေမယ့် ဖာဂူဆန်ကတော့ သည် ၂၉ နှစ်သားဟာ ရွိုင်းဟတ်ဆန်ရဲ့ အသင်းမှာ ငွေတံဆိပ် ကိုင်မြှောက်ခွင့်ရပါ့မလား သံသယ ရှိနေပါတယ်။ "ဒါက ခက်ခဲလွန်းပါတယ်။ ကျွန်တော်ပြောချင်တာ ဖလားရဖို့ဆိုတာ ကစားသမားကြောင့်ချည်း မဟုတ်သလို သူတို့အပေါ်မှာ မီဒီယာရဲ့ ဖိအား၊ ပရိသတ် စတဲ့အကြောင်းတွေလည်း ရှိသေးလို့ပါ" လို့ ဖာဂူဆန်က ဆက်ပြောခဲ့ပါတယ်။
လာလေယောင်း‬
Football Café

Post a Comment

 
Top