By ဆွေမွန်ဆက်သွယ်ရေးဆိုင်ရာ အကြံဉာဏ်များပေးနိုင်ရန် အကြံပေးပုဂ္ဂိုလ်ရာထူးအတွက် ခန့်အပ်မည့်သူများကို ရွေးချယ်ပြီးဖြစ်ရာ လာမည့်အပတ်အတွင်း ထုတ်ပြန်ပေးသွားနိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများအတွက် ကမ္ဘာ့ ဘဏ် (World Bank)မှ အထောက်အပံ့များဖြင့် လက်ရှိတွင် ပြည်တွင်းရှိလျှောက်ထားသည့်သူ ခြောက်ဦးထဲမှ တစ်ဦးကို ရွေးချယ်ပြီးဖြစ်ရာ နောက်တစ်ဦးအတွက် ကမ္ဘာ့ဘဏ်နှင့် နောက်ဆုံးအဆင့် ညှိနှိုင်းနေခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ဦးက ပြောသည်။
‘‘ပြည်တွင်းဘက်က တစ်ဦး ကိုတော့ နောက်ဆုံးအဆင့်အနေ နဲ့ ရွေးပြီးပါပြီ။ ပြည်ပဘက်ကတော့ World Bank ကပဲ ရွေးနေ ပါတယ်။ နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့လောက်တော့ ရွေးချယ်ထား တဲ့သူတွေကို တရားဝင်ထုတ်ပြန်နိုင်မယ်ထင်ပါတယ်’’ဟု ဦးကျော်ဦးက ပြောသည်။
ပြည်တွင်းမှ တစ်ဦးနှင့် ပြည်ပမှ တစ်ဦးကိုအကြံပေးအဖြစ် ခန့်အပ်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှု များဆောင်ရွက်ရာတွင် လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ တရားဝင်ထိန်းသိမ်းရေးအဖွဲ့အစည်းအား အကြံဉာဏ်များပေးရန်၊ ဆက်သွယ်ရေးဆိုင်ရာ လှိုင်းနှုန်း (Spectrum Manage-ment)ပိုင်းဆိုင်ရာများနှင့် ဆက်သွယ်ရေးလိုင်စင်ဆိုင်ရာအားလုံးကို အကြံဉာဏ်များပေးရန်အတွက်ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထပ်မံခေါ်ယူထား သည့် စာတိုက်ဆိုင်ရာဝန်ဆောင်မှုမူဝါဒနှင့် ဥပဒေအသစ်ရေးဆွဲ ရန်အတွက် လိုအပ်သည့် အကြံ ဉာဏ်များနှင့် အထောက်အပံ့များ ပေးနိုင်ရန်အတွက်လည်း ပြည်တွင်း၊ ပြည်ပမှ အတိုင်ပင်ခံ ပုဂ္ဂိုလ်များဖိတ်ခေါ်ထားရာ ပြည်တွင်းမှ လာရောက်လျှောက်ထားသူ ခြောက်ဦးခန့်ရှိကြောင်း ဦးကျော်ဦးက ပြောသည်။
စာတိုက်ဆိုင်ရာ၊မူဝါဒပိုင်းဆိုင်ရာများနှင့် ဖြစ်ပေါ်လာမည့် စာတိုက်ဥပဒေတွင် လိုအပ်သည့် အချက်အလက်များပံ့ပိုးပေးနိုင် ရန်၊ အကောင်အထည်ဖော်ရာတွင် အကူအညီရရှိရန်နှင့် လက် ရှိလုပ်ဆောင်နေသည့် မူဝါဒလုပ်ငန်းများတွင်လည်း အကောင် အထည်ဖော်နေသူများအား အကူအညီပေးနိုင်ရန်အတွက် ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ACM Credit To : 7 Day Daily
http://www.ayechanmon-news1.com/
Post a Comment