0

Published on: July 7, 2014
Written by: ဇော်မိုးဦး ( မြိတ် )

မြန်မာ့သမိုင်းတွင် မေ့ပျောက်၍မရသော နေ့တစ်နေ့အဖြစ် သမိုင်းတွင်ခဲ့သည့် ၁၉၆၂ ခုနှစ် ၊ ဇူလိုင် ၇ ရက်အဖြစ်အပျက်အား အောက်မေ့ဖွယ်အဖြစ် မြိတ်မြို့တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ လက်ကမ်းစာစောင်များအား လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် မြိတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဆဲဗင်းဂျူလိုင် (၅၂) နှစ်ပြည့်အဖြစ် ရေးသားထားသော လက်ကမ်းစာစောင်များကို မြိတ်တက္ကသိုလ်၊ ဂျီတီစီကားဂိတ်များနှင့် နေရာတစ်ချို့တွင် ပြည်သူများနှင့် ကျောင်းသားများအား လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနှင့် အဲဒီနေ့တစ်နေ့ကို လူတွေအမှတ်ရနေစေဖို့ ပြုလုပ်တာဖြစ်ပါတယ် လူအင်အား ၁၅ ဦးလောက်နှင့် ပန်းဖလက် ၁၀၀၀ ကို လိုက်လံဝေငှခဲ့တာပါ
သမိုင်းကြောင်းတွေ၊ ကျောင်းသားသမဂ္ဂအကြောင်းတွေ ရေးသားထားတဲ့ လက်ကမ်းစာစောင်လေးတွေ လိုက်လံဝေငှခဲ့တာပါ" ဟု မြိတ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့သည်။

ACM Credit To : Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top