0
စိုးချစ်ချစ်ပိုင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၂၅)

ရန်ကုန်၊ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေသော ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို အရေးယူပေးရန် လွှတ်တော်သို့ တင်ပြထားသော်လည်း ယနေ့အချိန်အထိ အရေးယူမှုမျှမရှိသေးကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒ နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က ပြောသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ဇွန် ၃ဝ ရက်တွင် ပြုလုပ်သည့် သင်္ဃန်းကျွန်းမြို့နယ် (င၊တ)ရပ်ကွက်အတွင်း စံချိန်စံညွှန်းမမီ တရားဝင်ခွင့် ပြုချက်မရှိ ဆောက်လုပ်ထားသောအဆောက်အအုံများ ဥပဒေနှင့်အညီ ဖော် ဆောင်စေရန် ဆန္ဒထုတ်ဖော်ပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

''စံချိန်စံညွှန်းမမီ တရားမဝင် ခွင့်ပြုချက်မရှိဆောက်လုပ်တဲ့ အဆောက် အအုံတွေနဲ့ပတ်သက်ပြီး ဥပဒေက စာအုပ်ထဲမှာပဲရှိတယ်။ လက်တွေ့အကောင် အထည်ဖော်တာမရှိဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ပြည်သူကြားမှာ တရားစီရင် ရေးက အထက်ကညွှန်ကြားမှုနဲ့ပဲ ပြုလုပ်နေကြတယ်။ ဥပဒေအတိုင်း ထိထိ ရောက်ရောက် ဆောင်ရွက်မှုမရှိဘူး။ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးစနစ် အား နည်းတယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် ခွင့်ပြုချက်မရဘဲ ဆောက် လုပ်ထားသည့် အဆောက်အအုံများ အများဆုံးရှိရာမြို့နယ်အဖြစ် သင်္ဃန်းကျွန်း မြို့နယ်သည် ထိပ်ဆုံးမှာရပ်တည်နေကြောင်း၊ လွှတ်တော်တွင် မေးမြန်းချက် အရ သင်္ဃန်းကျွန်း မြို့နယ်တွင် တရားမဝင်ခွင့်ပြုချက်မဲ့ အဆောက်အအုံပေါင်း ၆ဝဝ ကျော်ခန့်ရှိကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ လွှတ်တော်မှ လိုအပ်သည့်အရေးယူမှုများ ပြုလုပ် နိုင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု ဖြေကြားခဲ့သော်လည်း ယခုအချိန်အထိ ထိရောက်သော အရေးယူမှုများမရှိသေးကြောင်း ယင်းက ဆက်လက်ပြော သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တောင်းဆိုလှုပ်ရှားနေသူ ဦးမြတ်ဆုက ''တရားမဝင် အဆောက်အအုံဆောက်လုပ်ရင် ဒဏ်ကြေးပေးဆောင်တယ်။ တစ်ဖက်နဲ့တစ်ဖက် အချိုးညီညီ အပေးအယူနဲ့ပြီးအောင် ဆောက်လုပ်သွား ကြတာပဲ။ အမည်းရောင် စီးပွားရေးလုပ်ငန်းရှင်တွေကလဲ ညှိလို့ရတယ်ဆိုပြီး ဆက်လက်လုပ်ဆောင်နေကြတယ်''ဟု ပြောသည်။

ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ (င၊တ)ရပ်ကွက်တွင်ပင် တရား ဝင်ခွင့်ပြုချက်မရှိ အဆောက်အအုံပေါင်း ၁၂၆ လုံးခန့်ရှိကြောင်း သိရပြီး ယင်း အဆောက်အအုံများ ဆက်လက်ဆောက်လုပ်ခြင်းမပြုရန်၊ ခွင့်ပြုချက်မရှိ ဆောက် လုပ်နေသူများကို သက်ဆိုင်ရာမှအရေးယူပေးရန်၊ ယင်းသို့ဆောက်လုပ်မှု များကို အရေးမယူဘဲ လျစ်လျူပြုထားသော အကျင့်ပျက်အာဏာပိုင်များအား ဖော်ထုတ်အရေးယူပေးရန် အဆိုပါရပ်ကွက်အတွင်းမှ အင်အား၂ဝဝ ကျော် ၃ဝဝ ခန့်ရှိသည့် ရပ်မိရပ်ဖများစုပေါင်း၍ ၂ဝ၁၄ ခုနှစ် မေ ၃၁ ရက်တွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ACM Credit To : Yangon Media GROUPLOVE
http://www.ayechanmon-news1.com/

Post a Comment

 
Top