0

ကျင်းပပြုလုပ်လျက် ရှိသည့် ကမ္ဘာ့ ဖလား ပြိုင်ပွဲတွင် အငြင်းပွားဖွယ်ရာ အချက်တစ်ခုရှိ နေသည်။ ယင်းမှာ ကမ္ဘာ့ ဖလားပြိုင်ပွဲ ကာလအတွင်း ကစားသမားများကို ချစ်သူဇနီးမယားများနှင့် အတူနေခွင့်ပေးသင့် မပေးသင့် ကိစ္စပင်ဖြစ်သည်။ အချို့က ကစားသမားများကို လွတ်လပ်စွာ နေထိုင်ခွင့် ပေးသင့်သည်ဟု တိုက်တွန်းခဲ့ကြ သော်လည်း ပြိုင်ပွဲကာလတွင် ပိတ်ပင်မှုပြု လုပ်ထားသည့် အသင်းအများ အပြားရှိခဲ့သည်။ စပိန်၊ ရုရှား၊ ဘော့စနီးယား၊ ချီလီ နှင့် မက္ကဆီကို စသည့် အသင်းများသည် ကမ္ဘာ့ ဖလားပြိုင်ပွဲ ကာလတွင် ချစ်သူဇနီး မယားများနှင့် အတူနေထိုင်ခွင့် ပိတ်ပင်ထားသည်။ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဘယ်လ်ဂျီယံ၊ ကော်စတာရီကာ စသည့် အသင်းများသည် ချစ်သူ ဇနီးမယားများနှင့် အတူနေထိုင်ခွင့်ပေး ထားသည်။ ဂျာမနီနှင့် နယ်သာလန်အသင်းတို့သည် ဟိုတယ်တစ်ခုတည်းတွင် နေထိုင်ခွင့်ပေးထားခြင်း ဖြစ်ပြီး၊ အခြားအသင်းများမှာ အကန့်အသတ်ဖြင့် နေထိုင်ခွင့်ပေးထားခြင်း ဖြစ်သည်။

ယင်းသို့ ချစ်သူဇနီးမယားများနှင့် နေထိုင်ခွင့်ပေးခြင်းသည် ရလဒ်ကောင်းများ ရယူရာတွင် များစွာ သက်ရောက်မှုရှိနေသည်ဟု သုံးသပ်ထား ကြသည်။ အင်္ဂလန် ကစားသမားများသည် ချစ်သူ ဇနီးမယားများနှင့် တွေ့ဆုံခွင့်ရှိ သော်လည်း အတူနေထိုင်ခွင့်ကိုမူ ပိတ်ပင်ထားသည်။ ဘရာဇီးလ် အသင်းနည်းပြ စကိုလာရီက ကစားသမားများကို ပြင်းထန်သည့် လေ့ကျင့်မှုပိတ်ပင်ထားသည်ကလွဲပြီး အခြားကိစ္စများကို ခွင့်ပြုပေးထားကြောင်းဆိုခဲ့ သည်။ ကော်စတာရီကာ အသင်းနည်းပြ ပင်တို ကလည်း ကစားသမားများကို ချစ်သူ ဇနီးမယားများနှင့် အတူနေခွင့်ပေးခြင်းကြောင့် ပျော်ရွှင်တက်ကြွမှု ကို ဖြစ်စေကြောင်း ဆိုခဲ့သည်။ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ပြိုင်ပွဲ ကာလအတွင်း ကစားသမားများကို ချစ်သူ ဇနီးမယားများနှင့် နေထိုင် ခွင့်ပေးခြင်းသည် ဆိုးရွားသည့် အကျိုးသက်ရောက်မှု မရှိကြောင်း သိရသည်။ ကမ္ဘာ့ ဖလား ကွာတားဖိုင်နယ်သို့ တက်ရောက်လာသော အသင်းအများစု သည် ကစားသမားများကို လွတ်လပ်စွာ နေထိုင်ခွင့်ပေးထားသည့် အသင်းများဖြစ်နေသည်ကိုတွေ့ ရှိခဲ့ရသည်။

ACM Credit To : Messenger News Journal
http://www.ayechanmon-news1.com/
Photo: ကမ္ဘာ့ ဖလား ပြိုင်ပွဲနှင့် ချစ်သူ ဇနီးမယားများ အတူ နေထိုင်ခွင့်ဂယက်

Post a Comment

Top