ရန်ကုန်၊ စက်တင်ဘာ ၇
အင်ဒို နီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသော မြန်မာနိုင်ငံသား ၁ဝ၅ ဦး သည် လူကုန်ကူးခံရသူများ မဟုတ် ကြောင်း အမှတ်(၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန် ကုန်)မှ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိ ရှိရသည်။
''လက်ရှိစစ်ဆေးနေတုန်းပါ။ တွေ့ရှိချက်အရတော့ လူကုန်ကူးခံရ သူတွေမဟုတ်ပါဘူး။ ရွှေ့ပြောင်းလုပ် သားတွေပါ။ အင်ဒိုနီးရှားငါးဖမ်းစက် လှေမှာလုပ်ကြပြီး စက်လှေရပ်ဆိုင်း သွားလို့ပြန်ဖို့ခက်ခဲနေကြတာ။ IOM ကို အကူအညီတောင်းလို့ IOM အစီအစဉ်နဲ့ပြန်လာကြတာ ပါ။ စစ်ဆေးမှုပြီးရင် ပြန်ပို့မှာပါ။ ဘယ်တော့ ပြီးမလဲ မသိရသေးပါဘူး'' ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ တပ်ဖွဲ့စုမှူးရဲအုပ် ဝေလွင်က ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ၊ အန်ဘွန်းကျွန်း တွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံ သား ၁ဝ၅ ဦးသည် ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၆ ရက် နံနက်တွင် Lion လေကြောင်းလိုင်းဖြင့် မြန်မာ နိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ပြီး စက်တင်ဘာ ၈ ရက်မှ စတင်ကာတွေ့ ဆုံမေးမြန်းမှုပြုလုပ်နေကြောင်း သိ ရသည်။
''IOM မှ စီစဉ်ပေးတဲ့ မော်တော် ယာဉ်တွေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်ကနေ ကြည့်မြင်တိုင် မြို့နယ်ရှိ သာဓုစာသင်တိုက်၊ သီရိမင်္ဂ လာကျောင်းသို့ ပို့ဆောင်ပေးခဲ့တယ်။ လူကုန်ကူးခံရသူတွေဟုတ်၊ မဟုတ် ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ (ရန်ကုန်)ကမေးမြန်းမှုတွေ လုပ်နေပါတယ်။ တွေ့ဆုံမေးမြန်းမှု တွေ ပြီးရင် သက်ဆိုင်ရာနေရပ်များ သို့ IOM အစီအစဉ်နဲ့ ပြန်ပို့ပေးမှာ ပါ''ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့နေပြည်တော်မှ ဒုရဲမှူး မင်းနိုင်က ပြောသည်။
ပြန်လည်ရောက်ရှိလာသောမြန် မာနိုင်ငံသား ၁ဝ၅ ဦးတွင်တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့မှ ၂၆ ဦးစီ၊ ဧရာဝတီတိုင်းဒေသ ကြီးမှ ၁၄ ဦး၊ ရခိုင်ပြည်နယ်မှ ၁၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁ဝ ဦး၊ ပဲခူးတိုင်းဒေသကြီးမှရှစ်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ သုံးဦး၊ ရှမ်း ပြည်နယ်တို့မှသုံးဦး၊ မကွေးတိုင်းဒေ သကြီးမှနှစ်ဦးနှင့် ကချင်ပြည်နယ်မှ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ရောက်ရှိလာ သူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း၊ ရဲဦးစီးအရာရှိချုပ်ရဲမှူးချုပ် သူရဘိုနီ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲ မှူးချုပ်ဝင်းနိုင်၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့ မှူးရဲမှူးကြီးနေမိုးသက်၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးတင်ဇော်မိုး၊ ရန်ကုန် တိုင်းဒေသကြီး အလုပ်သမားညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်၊ လေကြောင်းရဲတပ်ဖွဲ့ ခွဲမှူးဒုတိယရဲမှူးကြီးဥက္ကာကို၊ အမှတ် (၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ရဲမှူးရဲဝင်း အောင်နှင့် IOM နှင့် MOEAF တို့ မှ တာဝန်ရှိသူများမှ ကြိုဆိုခဲ့သည်။
KSL (MMK)
#DemocracyToday သတင်းစာမှ ကူယူဖော်ပြသည်။
https://www.facebook.com/democracytodaynewspaper
*************************************************************
အင်ဒိုနီးရှားမှ ပြန်လည်ရောက်ရှိလာသူများကို ကြည့်မြင်တိုင်မြို့နယ်ရှိ
ရွှေညဝါဆရာတော်ကြီး၏ကျောင်း၌ တွေ့ရစဉ်။ ဓာတ်ပုံ-မင်းမင်း
Yangon Media Group
Post a Comment