0

ကောင်းမြတ်ကျော်

ရန်ကုန် ၊ နိုဝင်ဘာ ၅ ။ ။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် မြေနီ ကုန်းခုံးကျော်တံတားတည်ဆောက် ခြင်းအပါအဝင် ရန်ကုန်တိုင်းဒေ သကြီးအတွင်း အထူးစီမံကိန်း လုပ်ငန်းများဆောင်ရွက်ရန်အ တွက် ငွေ လုံးငွေရင်းအသုံးစရိတ် ၂၂၁ ဒသမ ၇၃၆ဘီလီယံ သုံးစွဲ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေး ဝန်ကြီး ဒေါ်စန်းစန်းနွယ်ကပြော ကြားသည်။

နိုဝင်ဘာ ၅ရက်တွင်ပြုလုပ် သည့် ပထမအကြိမ်ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အထူးအ စည်းအဝေးတွင် ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့၏ ၂၀၁၄- ၂၀၁၅ဘဏ္ဍာရေးနှစ်အရ ရသုံး ခန့်မှန်းခြေငွေစာရင်းလျာထား ချက်နှင့်ပတ်သက်၍ လွှတ်တော် သို့ ရှင်းလင်းရာတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

၂၀၁၄-၂၀၁၅ဘဏ္ဍာရေး နှစ် ရန်ကုန်တိုင်းဒေသကြီးအစိုး ရ၏ ငွေလုံးငွေရင်း အသုံးစရိတ် နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသ ကြီး ဘဏ္ဍာရေး ဝန်ကြီး ဒေါ်စန်း စန်းနွယ်က''ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့အနေဖြင့် အထူး စီမံကိန်းလုပ်ငန်းများကိုဆောင် ရွက်ရန်အတွက် ၃၂ဒသမ ၁၁ဘီ လီယံဖြစ်ပါတယ်။ စမ်းချောင်း မြို့နယ် မြေနီကုန်းခုံးကျော်တံ တား တည်ဆောက်ရန်အတွက် ၁၆ ဒသမ ၉၂၈သန်း၊ ဒေါပုံနှင့် သင်္ဃန်းကျွန်းမြို့ နယ် ဆက်သွယ် သည့် ငမိုးရိပ်ချောင်းကူးတံတား တည်ဆောက်ရန် ၉ ဒသမ ၂၈၂ ဘီလီယံ၊ ဒေါပုံနှင့် မင်္ဂလာတောင် ညွန့်မြို့နယ်နှင့် ဆက်သွယ်သည့် ငမိုးရိပ် သံပေါင်တံတားပြုပြင် ရန်အတွက် ၅ ဒသမ ၉ဘီလီယံ ဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေ သကြီးအတွင်း အထူးစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်မည့်အ ထဲတွင်ပါဝင်သည့် တံတားအ သစ်များတည်ဆောက်ရန်နှင့် ပြုပြင်ရမည့်အခြေအနေများ ကို ရှင်းလင်းပြောကြားခဲ့သည်။

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top