ဂျာမနီနိုင်ငံသည် အလုပ်အကိုင်ရှိသော ဆင်းရဲနေဆဲဖြစ်သည့် အလုပ်သမားများအား အကူအညီပေးနိုင်ရန် အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် သက်ရောက်မှုရှိမည့် အခြေခံလစာ သတ်မှတ်ချက်ကို ကျင့်သုံးတော့မည် ဖြစ်ကြောင်း သိရသည်။်
ဂျာမနီအစိုးရသည် လုပ်ခကို တစ်နာရီလျှင် ယူရို (၈ ဒသမ ၅၀) သတ်မှတ်မည်ဖြစ်ပြီး၊ ယင်းကြောင့် လစာနည်းသော လုပ်ငန်းခွင် များတွင် လုပ်ကိုင်နေရသည့် လုပ်သား ငါးသန်းကျော် အကျိုးကျေးဇူး ရှိလာမည်ဖြစ်သည်။ ၎င်းစနစ်ကို ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလမှ ၂၀၁၇ ခုနှစ် အထိ စမ်းသပ် ကျင့်သုံးမည်ဖြစ်သည်။
တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် အခြေခံလစာ သတ်မှတ်ချက်ကို ကျင့်သုံးမည် ဖြစ်သောကြောင့် အခြေခံလစာ နှုန်းထားနှင့် ပတ်သက်လျှင် ဥရောပသမဂ္ဂ အဖွဲ့ဝင် (၂၈) နိုင်ငံအနက် (၂၁) နိုင်ငံတို့နှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသည့် ဂျာမနီသည်လည်း ဥရောပသမဂ္ဂ စံချိန်မီ လစာနှုန်းတားကို ပေးနိုင်တော့မည် ဖြစ်သည်။ တစ်နာရီ လုပ်ခတိုးမြှင့်ပေး မည့်ကိစ္စကို ဂျာမနီနိုင်ငံသား မဲဆန္ဒရှင်များကလည်း ထောက်ခံကြကြောင်း နိုင်ငံသားအမြင် စစ်တမ်းများတွင် ဖော်ပြထားသည်။
တစ်နာရီ လုပ်ခပေးနှုန်းများကို လုပ်အား ဈေးကွက် ကော်မရှင်က နှစ်နှစ်လျှင် တစ်ကြိမ် ပြန်လည် သုံးသပ်မည် ဖြစ်သည်။ ပြင်သစ်တွင် လုပ်ခမှာ တစ်နာရီလျှင် ယူရို (၉ ဒသမ ၅၃) ဖြစ်ပြီး၊ ဗြိတိန်တွင် လုပ်ခမှာ တစ်နာရီလျှင် ယူရို (၇ ဒသမ ၉၁) ( ၆ဒသမ ၃၁ ပေါင်) ဖြစ်ကြောင်း သိရသည်။
ဂျာမနီ၏ ယခု ဆုံးဖြတ်ချက်သည် ဂျာမနီအဓိက အန်ဂျလာမာကယ်၏ ချွေတာရေးလမ်းစဉ်မှ လမ်းခွဲသည့် လုပ်ရပ်တစ်ခု ဖြစ်ပြီး အကျိုးဆက်အဖြစ် စီးပွားရေးတိုး တက်မှုများရှိလာမည် ဖြစ်ကာ ကုန်သွယ်ရေး ပိုလျှံမှုရှိနေသည့် ဂျာမနီအတွက် စားသုံးသူ ၀ယ်လိုအား တိုးလာမည်ဖြစ်ကြောင်း ပြင်သစ်က ချီးကျူး ပြောဆိုခဲ့သည်။
သို့သော် ဂျာမနီ နိုင်ငံတွင်းတွင်မူ စီးပွားရေး လုပ်ငန်းစုများက တစ်နိုင်ငံလုံး တစ်ပြေးညီ အခြေခံလစာ သတ်မှတ်ချက်ကြောင့် စီးပွားရေးအရ ရုန်းကန်နေရဆဲ နိုင်ငံအရှေ့ပိုင်းရှိ ပြည်နယ်များတွင် အလုပ်အကိုင်နေရာ ဆုံးရှုံးမှုများ ရှိလာမည် ဖြစ်ကြောင်း သတိပေး ပြောဆိုခဲ့သည်။
တစ်နိုင်ငံလုံး တစ်ပြေးညီ အခြေခံလစာ သတ်မှတ်မည့် ကိစ္စကို လွှတ်တော်တွင်း တင်ပြခဲ့ရာ အာဏာရ ညွန်ပေါင်းအဖွဲ့က ထောက်ခံခဲ့သည်။ လက်ဝဲ၀ါဒီ Linke ESifh Greens ပါတီတို့ကလည်း ထောက်ခံခဲ့ကြသည်။
ACM Credit To : Messenger News Journal
http://www.ayechanmon-news1.com/
Post a Comment