By ယမင်း
တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းက ကလေးများကို ၀မ်းရောဂါဖြစ်ပွားစေသည်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဝမ်းပျက်ဝမ်းလျှောရော ဂါကြောင့် ကလေးသူငယ်ဦးရေ တစ်ထောင်လျှင် ၆၆ ဦး ပုံမှန် သေဆုံးနေရပြီး အသက်ငါးနှစ် အောက်ကလေးသူငယ်များမှာ အဆိုပါရောဂါကြောင့် အများဆုံး သေဆုံးနေကြောင်း Save the children က သုတေသနပြုနေ ကြောင်းသတင်းရရှိသည်။
အဆိုပါရောဂါသည် မြန်မာ နိုင်ငံတွင် ဖြစ်ပွားမှုအများဆုံးဖြစ် သည့် ကူးစက်ရောဂါတစ်မျိုးဖြစ် ပြီး အမျိုးသားအဆင့်ကလေးသူ ငယ်ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ မဟာဗျူဟာစီမံကိန်း၏ လေ့လာချက်အရ ငါးနှစ်အောက် ကလေးသူငယ်သေဆုံးမှု၏ ၂၅ ရာခိုင်နှုန်းမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့်ဖြစ်ကြောင်းသိရ သည်။
‘‘ကလေး၊ လူကြီးဖြစ်ပွား နှုန်းကအတူတူပဲ။ ဒါပေမဲ့ သေဆုံးနှုန်းက ကလေးတွေ ပိုများတယ်။ဘာကြောင့်လဲဆိုတော့ ကလေး တွေရဲ့ကိုယ်ခံအားခြေအနေရယ်၊ နောက်တစ်ခုက ကလေးတွေရဲ့ အပြုအမူ၊ သူတို့ကိုပံ့ပိုးနေတဲ့ လူ ကြီးမိဘတွေရဲ့အပြုအမူ၊ တစ် ကိုယ်ရေ သန့်ရှင်းမှု၊ ပတ်ဝန်း ကျင်သန့်ရှင်းမှုတွေကြောင့် သူတို့ မှာ လူကြီးတွေထက်စာရင် သေ ဆုံးမှုကပိုများနေတယ်’’ဟု ကျန်း မာရေးဦးစီးဌာနမှ ကျန်းမာရေး ပညာအရာရှိဒေါ်အိအိဆွေကဆို သည်။
အသက်ငါးနှစ်ကလေးများ ထဲတွင် အသက်ခြောက်လမှ ၂ နှစ်ကြားရှိ ကလေးများ၌ ပိုမို အဖြစ်များ၍ ယင်းရောဂါဖြစ်စေ သည့် အကြောင်းရင်းများမှာ လက် မသန့်ရှင်းခြင်း၊ ရေမသန့် ရှင်းခြင်း၊ အိမ်သာမသန့်ရှင်းခြင်း၊ ပတ်ဝန်းကျင်မသန့်ရှင်းခြင်းနှင့် အစားအစာ မသန့်ရှင်းခြင်းတို့ ကြောင့်ဖြစ်ပြီး ၎င်းတို့ထဲမှ လက် မသန့်ရှင်းခြင်းသည် အဓိကဖြစ်ပွားစေသည့်အကြောင်း အရာဖြစ်ကြောင်း သိရသည်။
‘‘အဓိကကတော့လက်ပေါ့။ လူတွေကတော့ လက်ကိုဆေး ကြောတာပဲပေါ့။ ဒါပေမဲ့ လက် ဆေးတဲ့နေရာမှာ တကယ့်ကို စနစ်တကျပုံစံနဲ့ လက်ဆေးတာ မဟုတ်ဘူးဆိုရင် သူ့ရဲ့လက်မှာရှိ တဲ့ချေးတွေလည်း စင်ကြယ်သင့် သလောက် စင်ကြယ်မှာမဟုတ် ဘူး’’ဟု ၎င်းကပြောကြားသည်။
မြို့ပြနှင့်ကျေးလက်ဒေသ များတွင် ကျန်းမာရေးဦးစီးဌာန၏ လေ့လာသုတေသနပြုချက်အရ အိမ်သာမှဆင်းပြီး လက်မဆေး သူရာခိုင်နှုန်းမှာ ၄၉ ရာခိုင်နှုန်း၊ ရေဖြင့်ဆေးကြောသူရာခိုင်နှုန်း မှာ ၄၈ ရာခိုင်နှုန်းရှိပြီး စနစ်တကျ ဆပ်ပြာဖြင့် ဆေးကြောသူရာခိုင် နှုန်းမှာနှစ်ရာခိုင်နှုန်းသာရှိကြောင်းသိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် ကလေးသူငယ်များ ဖြစ်ပွားနှုန်း အမြင့်ဆုံးရောဂါမှာ ဝမ်းပျက်ဝမ်း လျှောရောဂါ၊ ဒုတိယမှာ အဆုတ် ရောင်ရောဂါနှင့် တတိယမှာ ငှက် ဖျားရောဂါတို့ဖြစ်ကြောင်းသိရ သည်။
ACM Credit To: 7 Day Daily
http://www.ayechanmon-news1.com/
Post a Comment