0

ဗြိတိန်နိုင်ငံ Shropshire ရှိ Wellington တွင် အသက်(၁၇)နှစ်အရွယ် Georgia Williams သည် ကော်လိပ်ကျောင်းတွင် အတူကျောင်းတက်ရင်း ခင်လာခဲ့သည့် အသက်(၂၂)နှစ်အရွယ်ရှိသူ Jamie Reynolds နှင့်အတူ စိတ်ကူးယဉ်ဆန်ဆန် ဓါတ်ပုံရိုက်ကြဖို့ သဘောတူခဲ့ပြီး ကောလိပ်ကနေ တစ်နာခွဲလောက်အကွာအဝေးရှိ Jamie ၏ နေအိမ်သို့ လမ်းလျှောက်လိုက်ခဲ့ကြောင်း သိရသည်။

Georgia

Georgia က သူမလည်ပင်းတွင် ကြိုးစွပ်ပြီး စိတ်ကူးယဉ်ဆန်ဆန် ဓါတ်ပုံရိုက်ဖို့ Jamie နှင့် သဘောတူခဲ့ကာ ကြိုးကွင်းလည်ပင်းစွပ်ပြီး ကြိုးဆွဲချသေသလို ဖြစ်နေတဲ့ Georgia ၏ ပုံများကို Jamie က ဓါတ်ပုံရိုက်ယူခဲ့ကြောင်း သိရသည်။ တကယ်မှာ Jamie က Georgia အား ကြိုးဆွဲချသတ်ပြီး ထိုဓါတ်ပုံများကို အမိအရ ရိုက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Jamie

ထို့နောက် Wrexham သို့ ကားမောင်းမသွားမီ Georgia ၏ ဖုန်းမှတဆင့် ၎င်း၏ မိသားစုအား ဖုန်းစာတိုများပို့ကာ ဘာမှမဖြစ်လေဟန်ဖြင့် Jamie က လိမ်ညာခဲ့ပြီး နောက်တနေ့တွင်မူ Georgia ၏ အလောင်းကို ဖျောက်ဖျက်ပစ်ခဲ့ကာ Glasgow မြောက်ပိုင်းသို့ ၎င်းက ခရီးဆက်ခဲ့ကြောင်း သိရသည်။

Jamie ဟာထိုပုံများကို ဈေးပြိုင်စနစ်ဖြင့် အွန်လိုင်းပေါ်၌ ရောင်းချသူတစ်ဦးဖြစ်ပြီး ထိုကဲ့သို့သော လူသတ်နည်းမျိုးဖြင့် Jamie ဟာ မိန်းကလေးများကို သတ်ခဲ့သူဟု ရဲများက သံသယရှိကြောင်းလည်း သိရသည်။

Georgia အား သတ်ပြီး သုံးရက်အကြာတွင်မူ ဘတ်ဂျက်ဟိုတယ်၌ Jamie ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ လူသတ်သမား Jamie အား ၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ထောင်ဒဏ်တသက် ကျခံစေရန် တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။

၂၀၀၈ ခုနှစ်တုန်းကလည်း Jamie ဟာ ဆယ်ကျော်သက်တစ်ဦးကို ဓါတ်ပုံရိုက်မယ်ဟာ ဖြားယောင်းဟန်ဆောင်ပြီး လည်ပင်းညှစ်ခဲ့ဖူးကြောင်းလည်း သိရသည်။

Source : Dailymail

ပုံရိပ်(burmesehearts.com)

ACM Credit To:http://www.burmesehearts.com/
http://www.ayechanmon-news1.com/
Photo: ဓါတ်ပုံရိုက်ပေးမယ်ဆိုပြီး ကြိုးဆွဲချသတ်ခြင်း ခံရသည့် ဆယ်ကျော်သက်

ACM Credit To:http://www.burmesehearts.com
http://www.ayechanmon-news1.com/

Post a Comment

Top