0

By အောင်အောင်(IR)

အခုတစ်လော သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးဟောင်း ဦးဆန်းဆင့်သတင်းတွေ ဖတ်ရတယ်။ နေပြည်တော်မှာ အမှုလာရင်ဆိုင်တယ်ဆိုပါတယ်။ စာနယ်ဇင်းတွေကိုလည်း သူငွေရေးကြေးရေးကိစ္စ ရှင်းကြောင်း၊ မတရားခံရတာသာ ဖြစ်ကြောင်း၊ သူ့ဘက်ကရပ်တည် ပေးကြဖို့ ရတဲ့အချိန်ကလေးမှာ တင်ပြသွားပါတယ်။ ဝန်ကြီးဟောင်းရဲ့ ကိုယ်ရေးအရာရှိ ဇနီးရဲ့ ငိုရှိုက်သံကိုလည်း ဘီဘီစီကတစ်ဆင့် ကြားခဲ့ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုစိတ် မကောင်းစရာအဖြစ်တွေ ဘယ် တော့များမှ လျော့ပါးရပ်စဲပါ့မလဲ။ ကျွန်တော်အများကြီးတွေးမိတယ်။

ဒီအစိုးရလက်ထက်မှာ ဦးဆန်းဆင့်ဟာ နိုင်ငံတော်အကြီး အကဲနဲ့ လူသိရှင်ကြား မကျေမလည်ဖြစ်ပြီး တာဝန်က ရပ်စဲခံ ရတဲ့အဆင့်အမြင့်ဆုံး အစိုးရ အရာရှိကြီးတစ်ဦးလို့ ပြောလို့ရတယ်။ အရင်စစ်အစိုးရလက်ထက်မှာလည်းဒါမျိုးတွေရှိခဲ့ပါတယ်။ အထင်ရှားဆုံးကတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ပေါ့။ ဦးဆန်းဆင့်လိုပဲရာထူးက ရပ်စဲခံရပြီး မိသားစုနဲ့တကွ အတားအဆီးခံ၊ အထိန်းအသိမ်းခံအဆင့်ရောက်ခဲ့တယ်။ ဖြစ်ပုံချင်းတူပေမယ့် ပြည်သူလူထု အတွင်း ဒီဖြစ်ရပ်တွေအပေါ် တုံ့ ပြန်ပုံချင်းကတော့ မတူပါဘူး။ ဦးခင်ညွန့်လက်ထက်တုန်းကတော့ သူတို့အချင်းချင်း ချကြပြီဆိုပြီး ပြည်သူအများက အကျေနပ်ကြီးကျေနပ်ခဲ့ကြပါတယ်။ ထောက်လှမ်းရေးအဖွဲ့ ပြိုပျက်တာကိုပဲ နိုင်ငံရေးသမားတွေကို၊ ပြည်သူတွေကို အနိုင်အထက်ပြုလို့ ဝဋ်လိုက်တာဆိုပြီး အများစုက ယူဆခဲ့ကြပါတယ်။ ဆိုရရင် ပြည်သူလူထုအတွင်း ဦးခင်ညွန့် အပေါ် သနားသူ၊ ကိုယ်ချင်းစာသူ အင်မတန်နည်းခဲ့ပါတယ်။

အခု ဦးဆန်းဆင့်ကိစ္စမှာ တော့ မတူပါဘူး။ အထူးသဖြင့် သူဧရာဝတီတိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင် ချိန်မှာ ပြည်သူ့အသံနားထောင် တယ်၊ ပြည်သူနဲ့ နီးစပ်မှုရှိတယ်ဆို ပြီး ဒေသခံပြည်သူအများကြားမှာ နာမည်ကောင်းရခဲ့တယ်။ ရလဒ် ကတော့ အုပ်ချုပ်ရေးအာဏာပိုင် တွေနဲ့ အဆင်မပြေဖြစ်လာတယ်။ အာဏာရပါတီ ထိပ်တန်းခေါင်း ဆောင်ပိုင်းနဲ့ ပဋိပက္ခဖြစ်တယ်ဆို တဲ့ သတင်းတွေလူသိရှင်ကြားပေါ် ထွက်လာတယ်။ ဒီနောက် နိုင်ငံ တော်သမ္မတကနေ သူ့ကိုပြည် ထောင်စုဝန်ကြီးအဖြစ် ပြောင်း ရွှေ့ခန့်အပ်လိုက်တယ်။ ဧရာဝတီ ဒေသခံတွေကလည်း သူ့ကို ဧရာ ဝတီတိုင်းဒေသကြီးရဲ့ လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ပဲ မြင်ချင်ကြတယ်။ သူကလည်း မသွားချင်ဘူးဆိုတဲ့ သတင်းမျိုးတွေ ထွက်လာတယ်။ သို့သော်လည်း နောက်ဆုံးမှာ တော့ သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် မြင်တွေ့လာခဲ့ရပါ တယ်။

ဒီဖြစ်ရပ်ဟာ နိုင်ငံရေးလေ့ လာသူတွေအဖို့ ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်ကို သွားသတိ ရစေတယ်။ ဆိုလိုတာ ဦးခင်ညွန့် တုန်းကလည်း ဒီလိုပဲ။ ထောက် လှမ်းရေးအကြီးအကဲတာဝန်က နေပြီးတော့ နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ကိုထမ်းဆောင်စေလိုက် တယ်။ အစကတော့ ထောက် လှမ်းရေးအကြီးအကဲကနေ နိုင်ငံ တော်ဝန်ကြီးချုပ်ဖြစ်တာ ရာထူး ကကျတာလား၊ တက်တာလား စသဖြင့် ဝေဖန်ခဲ့ကြတယ်။ တပ် အပေါ် ဩဇာလွှမ်းတဲ့ထောက် လှမ်းရေးတာဝန်များမှ ကင်းကွာ ခြင်းဟာ ဘာရာထူးတွေပဲရနေပါ စေ၊ ဒါဟာ ချောင်ထိုးခြင်းတစ်မျိုး ပဲလို့ ယူဆခဲ့ကြတယ်။ နောက် တော့ သူဟာ ထောက်လှမ်းရေး တာဝန်ကိုသာမက ဝန်ကြီးချုပ် တာဝန်ကိုပါ ပူးတွဲထမ်းဆောင် နေတယ်ဆိုတဲ့ သတင်းတွေထွက် လာတယ်။ ပြင်ပခန့်မှန်းချက်တွေ လွဲသွားခဲ့တယ်။ အဲဒီကတည်းက နိုင်ငံရေးအကဲခတ်အချို့က ဦးခင် ညွန့်နဲ့ အဲဒီကာလ နိုင်ငံတော် အကြီးအကဲအကြား မကျေလည် မှုတွေရှိတယ်ဆိုပြီး ဝေဖန်နေခဲ့ ကြတာဖြစ်တယ်။ သို့သော် သိပ် မကြာမီမှာပဲ တစ်နှစ်ကျော်သာ သာလောက်ပဲရှိမယ်ထင်တယ်။ ဦးခင်ညွန့်ဟာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ချိန်မှာ လာဘ်ပေး လာဘ်ယူကိစ္စအကြောင်းပြပြီး ရာထူးကဖယ်ရှားခြင်းခံလိုက်ရ တယ်။ အဓိကအချက်ကတော့ နိုင်ငံတော်အကြီးအကဲရဲ့အမိန့် ကို မနာခံမှုကြောင့်ဆိုတာ နောက် ပိုင်းသတင်းတွေမှာ ကျယ်ကျယ် ပြန့်ပြန့်သိလာခဲ့ရတယ်။ ဦးခင် ညွန့်ဟာ အဲဒီကိစ္စအပေါ် အတော် မကျေမချမ်းဖြစ်ခဲ့တယ်ဆိုတာ နောက်ပိုင်းတွေမှာထွက်လာတဲ့ ဗီဒီယိုဖိုင်တွေမှာ အထင်အရှား တွေ့ခဲ့ရတယ်။

အခု ဦးဆန်းဆင့်ကိစ္စမှာဆို လည်း ဦးဆန်းဆင့်ကို ငွေရေး ကြေးရေးကိစ္စတွေနဲ့ ဖမ်းဆီးတာ ပါဆိုပေမယ့် နောက်ပိုင်းမှာ အဓိ ကအကြောင်းပြချက်က နိုင်ငံ တော်အကြီးအကဲရဲ့အမိန့်ကိုမနာ ခံလို့ဆိုတာမျိုးတွေ့လာရတယ်။ သူ့ကို ဒီလိုအကြောင်းပြဖယ်ရှား ခြင်းဟာ အတော်ကိုမတရားတာ ပါလို့ ဦးဆန်းဆင့်က ဖွင့်ဟခဲ့ပါ တယ်။ ဆိုရှယ်မီဒီယာတွေမှာ တော့ ဦးဆန်းဆင့်ကို ချီးကျူးကြ သူရှိသလို စစ်အုပ်စုက လူ ဟောင်းချင်းအတူတူ တစ်ယောက် နဲ့တစ်ယောက် ဘာမျှမထူးပါဘူး ကွာဆိုပြီး အာဏာရပါတီရဲ့ အကွဲအပြဲအဖြစ် မြင်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဦးခင်ညွန့်ဟာ နိုင်ငံရေးအရ သေခဲ့ပြီဖြစ်ပါ တယ်။ ဦးဆန်းဆင့်အတွက်က တော့ ဒါဟာသူ့ရဲ့နိုင်ငံရေးလမ်း အစလည်းဖြစ်လာနိုင်ပါတယ်။

စဉ်းစားကြည့်ပါ။ ဒီနိုင်ငံမှာ တာဝန်ထမ်းဆောင်တဲ့အခါ ဘယ်လောက်တော်နေပါစေ၊ ဘယ်လောက်မှန်ကန်ပါစေ၊ ဘယ်လောက်ကြိုးစားပါစေ အလိုက်သင့်မနေလို့ကတော့ ဆောရီးပါ။တက်တက်ကြွကြွနဲ့ လမ်းသစ်ဖောက်ပြီး အလုပ်လုပ်ပြန်ရင်လည်း အမိန့်မနာခံဘူးဖြစ်ဦးမယ်။ ဒီတော့ အရှိကိုအရှိအတိုင်း လုပ်ကိုင်ဆောင်ရွက်ချင်သူတွေ၊ တင်ပြပြောဆိုလိုသူတွေဟာ အနှေးနဲ့အမြန် အန္တရာယ်ကျရောက်လာတတ်ပါတယ်။

မကြာခဏဆိုသလို နိုင်ငံ တော်အကြီးအကဲများရဲ့ မိန့်ခွန်း တွေမှာပြောင်းလဲကြပါ၊ ပြင်ဆင် ကြပါ၊ စိတ်သစ်၊ လူသစ်နဲ့ ကြိုး စားကြပါဆိုတာတွေဟာ ပြောင်း လဲကြမယ်၊ ပြင်ဆင်ကြမယ်၊ စိတ်သစ်၊ လူသစ်နဲ့ ကြိုးစားကြ မယ်ဆိုရင် ဦးဆန်းဆင့်ဟာ နမူ နာပဲလို့ လူထုအကြားပြောစမှတ် ဖြစ်လာပါလိမ့်မယ်။ တကယ် တော့ ဒီနိုင်ငံဟာ ပြုပြင်ပြောင်းလဲ ရေးကာလဖြစ်ပါတယ်။ စိတ်သစ်၊ လူသစ်နဲ့ ကြိုးစားရမယ့်ကာလ ဖြစ်ပါတယ်။ စစ်အစိုးရကာလ ချွတ်ခြုံကျခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို ပြန်လည် ပြုပြင်ကုစားနေတဲ့ကာလလည်း ဖြစ်ပါတယ်။ ဒီလိုကာလမျိုးမှာ ရဲရဲရင့်ရင့်တွေးခေါ်ပြီး ပြုပြင် ပြောင်းလဲလိုသူတွေ အများအပြား ပေါ်ပေါက်လာဖို့လိုပါတယ်။

ဒီဆောင်းပါးဟာ ဦးဆန်း ဆင့်ကို အမွှမ်းတင်လိုတဲ့ ဆောင်း ပါးမဟုတ်သလို သူ့ရဲ့လုပ်ဆောင် ချက်တွေ မှန်ကန်မှုရှိ၊ မရှိ အာမခံ ပေးခြင်းလည်းမဟုတ်ပါ။ နိုင်ငံ တော်အစိုးရအနေနဲ့ရော၊ နိုင်ငံ တော်သမ္မတအနေနဲ့ရော ထိန်း ကျောင်း၊ လုပ်ကိုင်ပိုင်ခွင့်ရှိပါ တယ်။ သို့သော် အစိုးရအဖွဲ့ အတွင်း ဦးဆန်းဆင့်တစ်ဦးသာ ယခုကဲ့သို့ အရေးယူခြင်းက မေး ခွန်းနှင့် သံသယများကို ထွက်လာ စေသည်။ တိုင်းပြည်ကို အားလုံး သော အားတွေနဲ့ ဝိုင်းဝန်းတည် ဆောက်စေလိုရင်းသာ ဖြစ်ပါ တယ်။ နိုင်ငံရေးမှာ အင်အားကြီး တဲ့သူက အင်အားနည်းတဲ့သူကို အနိုင်မယူစေလိုခြင်းသာဖြစ်ပါ တယ်။ နိုင်ငံရေးယဉ်ကျေးမှုတစ် ရပ်ကို ဖော်ဆောင်စေလိုရင်းသာ ဖြစ်ပါတယ်။ အရင်စနစ်အကျင့် ဟောင်းတွေမှ ဖယ်ခွာစေလိုရင်း သာဖြစ်ပါတယ်။ စာရေးသူတို့ နိုင်ငံဟာ နေရာအတော်များများ မှာ တိုးတက်မှုပြလာနေတယ်ဆို ပေမယ့် အချိန်မရွေးအောက်စိုက် ဆင်းသွားနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံတော်အစိုးရ အနေနဲ့ အရာအားလုံးမှာ ပိုမို သဘောထားကြီးမှုကို ပြပေးပါ။ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို ဖော်ဆောင်ပေးပါ။ အခုလည်း တပ်မတော်ကို စိန်ခေါ်တယ်လို့ လူသိရှင်ကြားပြောခဲ့တာတောင် မသိကျိုးကျွံပြုနိုင်ခဲ့တယ်မဟုတ် လား။ အဲဒါ နိုင်ငံရေးယဉ်ကျေးမှု အသစ်တစ်ရပ်ရဲ့ အစပါပဲ။ အဲဒီ နိုင်ငံရေးယဉ်ကျေးမှုအစကို ဦးဆန်းဆင့်ကိစ္စကြောင့်နဲ့ အများ ပြည်သူကြား သံသယမဝင်စေလို ပါဘူး။ ဒီယဉ်ကျေးမှုကို အပြန် အလှန်ငြင်းကြ၊ ခုံကြရင်းနဲ့ ရင့် ကျက်ခိုင်မာလာအောင် လုပ်ဖို့ ဒီနိုင်ငံက နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။

ACM Credit To: 7 Day Daily
http://www.ayechanmon-news1.com/
Photo: နောက်ပြန်မဆုတ်စေလိုပါ

Post a Comment

Top