0
သော်ဇင်ထက်- FLOWER NEWS journal အတွဲ(၁၀)၊ အမှတ်(၂၆)

ရန်ကုန်၊ ဇူလိုင် ၄- ယာဉ်စည်းကမ်းချိုး ဖောက်မှုအတွက် ချမှတ်သောဒဏ်ငွေ ၁၅ဝဝ မှာ ထိရောက်မှုမရှိသည့်အတွက် လိုင်စင် ပိတ်သိမ်းခြင်းဖြင့် တင်းကျပ်စွာအရေးယူ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှသိရသည်။

လက်ရှိတွင် ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများအား ငွေဒဏ်ဖြင့်သာအ များဆုံးအရေးယူလျက်ရှိပြီး စည်းကမ်းပျက် မောင်းနှင်နေသောယာဉ်မောင်းများအား ယာဉ်လိုင်စင်ပိတ်သိမ်းခြင်းကို တင်းကျပ် စွာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးဒုတိယရဲမှူးကြီး လင်းထွဋ်က ဇူလိုင် ၂ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည့်ယာဉ်မောင်းလိုင်စင်များ အား ဥပဒေနှင့်အညီ ပြစ်မှုအမျိုးအစားအ လိုက်ပိတ်သိမ်းရာတွင် ၁၉၆၄ ခုနှစ် မော် တော်ယာဉ်ဥပဒေအရ ပုဒ်မ/နည်းဥပဒေ ၁၄ မျိုးအား အဓိကထားထုတ်ပြန်ကြေညာ ထားပြီး ကျူးလွန်သည့်အကြိမ်အရေအတွက် အလိုက် အနည်းဆုံး တစ်လမှ အများဆုံး လေးနှစ်အထိ လိုင်စင်ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ အခုထုတ်ပြန်တာ က နေ့စဉ်ဖမ်းဆီးမှုအနေအထားတွေမှာ ဒီ ပြစ်မှုတွေပါရင် ယာဉ်လိုင်စင်ပိတ်သိမ်းသွား မယ့်အနေအထားဖြစ်ပါတယ်။ ယာဉ်စည်း ကမ်းတရားရုံးကချမှတ်တဲ့ဒဏ်ငွေ ၁၅ဝဝ ကလုံလောက်မှုမရှိတဲ့အတွက် ယာဉ်လိုင် စင်ပိတ်သိမ်းအရေးယူသွားမှာပါ။ အမြန်ဆုံးတော့ ဆောင်ရွက်သွားမှာပါ။ ယာဉ်မောင်း တွေသိရှိအောင် မီဒီယာကတစ်ဆင့် ကြေ ညာရခြင်းဖြစ်ပါတယ်''ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ခရီးသည်တင်ယာဉ်လိုင်းအများစုမှာ ယာဉ် စည်းကမ်းချိုးဖောက်မှု အများဆုံးဖြစ်ပြီး အပြိုင်မောင်းနှင်ခြင်း၊ မီးနီဖြတ်ခြင်း၊ မှတ်တိုင် မဟုတ်ဘဲယာဉ်ရပ်ခြင်း၊ လမ်းပြောင်းပြန် မောင်းခြင်း၊ မီးပွိုင့်တွင် ခရီးသည်အတင် အချပြုလုပ်ခြင်း၊ တံခါးဖွင့်မောင်းခြင်းတို့မှာ အများဆုံး ပြုလုပ်လျက်ရှိကြောင်း ယင်းက ဆက်လက်ပြောသည်။

ရန်ကုန်စည်ပင်သာယာနယ်နိ မိတ်အတွင်း ယာဉ်စည်းကမ်းချိုးဖောက်မှု များကို အထူးဖမ်းဆီးရေးအဖွဲ့ ကိုးဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း အလုံးစုံဖမ်း ဆီးနိုင်ခြင်းမရှိသေးကြောင်း ယခုကဲ့သို့ လိုင်စင် ပိတ်သိမ်းခြင်းကို စနစ်တကျဆောင်ရွက် ခြင်းကြောင့် စည်းကမ်းချိုးဖောက်သည့်ယာဉ် လျော့နည်းပြီး ယာဉ်ကြောကျပ်တည်းမှုကို အနည်းငယ်ဖြေလျှော့နိုင်ရန် မျှော်လင့်ထား ကြောင်း ယင်းကဆိုသည်။

ACM Credit To:Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top