နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းအား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်သည်။
ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဌာန်းချက်များအရ သမ္မတရုံးဝန်ကြီးဌာန (၁) ဒုတိယဝန်ကြီး ဦးသန့်ရှင်းအား ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်။
ဒုတိယဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (ခ) တို့ပါ ပြဌာန်းချက်များအရ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်အား ၄င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။
(Source - MOIWebportalMyanmar)
ACM RE-Post 18-6-2014
Aye Chan Mon Credit To: The Voice Weekly
http://
Post a Comment