စစ်မှန်ဖို့ဆိုတာ
အမှန်တရားကိုသိမှ
အရာရာကို ချစ်မြတ်နိုးတတ်တာ ... ။
အရာရာဆိုတာ ...
တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး
ပညာရေး၊ နိုင်ငံရေး ...
အဲဒီအရေးတွေအတွက် စစ်မှန်မှု
ပြည်သူလူထု လိုလားနေတယ်လေ ... ။
အခုတော့ ...
မပြောင်းလဲတဲ့ အကြောင်းတရားကြောင့်
တစ်ထောင့်တစ်ည ပုံပြင်များလိုရှည်လျား
ေ၀၀ါးနေတဲ့ပြည်သူ
အူတူတူနဲ့ငေးငိုင်
အတွေးမှိုင်မှိုင်နဲ့ အဖြေရှာ
ဝေဒနာတွေက အများသား ... ။
ကဲ ...
တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူတွေရေ ...
တွေတွေဝေေ၀နဲ့ မပြတ်မသား
ပြည်သူကို ကြိုးရှည်ရှည်နဲ့ လှန်မထားနဲ့
အဲဒီကြိုးကို ဖြတ်မယ့်ပြည်သူ
စစ်မှန်တဲ့ မျိုးချစ်စိတ်တွေက တာဆူနေပြီ ... ။
လှနန္ဒာ (ရေကြည်)
Eternal Light Magazine
June 2014
“မျိုးချစ်စိတ်စစ်စစ်ဆိုတာ”
ACM RE-Post 18-6-2014
Aye Chan Mon Credit To: Eternal Light Magazine
http://www.ayechanmon-news1.com/
Post a Comment