0






By ဒီဗွီဘီ 20 September 2015
မန္တလေးတိုင်း ဒေသကြီးအတွင်းမှာ မြန်မာနိင်ငံနဲ့ထိုင်းနိုင်ငံတို့ ပူးပေါင်းပြီး သံဃာတော် အပါး (၁ သောင်း)ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားက မန္တလေး တောင်ခြေမှာ ဒီကနေ့ မနက် ၇ နာရီက ပြုလုပ်ခဲ့ပါတယ်။
မန္တလေးတိုင်းအတွင်းက သံဃာတွေနဲ့ ထိုင်းနိုင်ငံက သံဃာတွေလာရောက်ခဲ့ကြသလို မန္တလေးမြို့က ကုသိုလ်ရှင် ဒကာ ဒကာမတွေလည်း လာရောက်ခဲ့ကြပါတယ်။
သံဂါ ၁ သောင်းကို ဆွမ်းဆန်စိမ်း လောင်းလှူရတဲ့ အဓိကအကြောင်းကတော့ ဗုဒ္ဓဘာသာသနာတော်ကို ပိုပြီး တည်တံ့ခိုင်မြဲပြန့်ပွားစေဖို့နဲ့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်သလို ၂ နိင်ငံ ရင်းနှီးချစ်ခင်မှု ပိုမိုတိုးတက်တက်လာစေဖို့နဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေ မပျောက်ပျက်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အိမ်ခိုင်မြဲ

Post a Comment

 
Top