0



နေပြည်တော်၊ စက်တင်ဘာ ၂၀
ယနေ့ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ဇေယျာသီရိမြို့နယ် မဲဆွယ်စည်းရုံးဟောပြောပွဲကောက်နှုတ်ချက်များ -
၁။ ပြည်သူတွေကို ဇောင်းပေးပြီး ဆွဲထားတဲ့ဥပဒေ ဆိုရင်၊ မေတ္တာတရားမှန်ကန်တဲ့ဥပဒေဆိုရင် ပြည်သူတွေရဲ့လယ်တွေကို သိမ်းစရာတောင် မရှိဘူး။ လယ်တွေပြန်ပေးပါဆိုလည်းပြန်မပေးဘူး။
ဥပဒေကို အလွဲသုံးစားလုပ်တယ်။
၂။ ဥပဒေကောင်းတွေတောင်ထိထိရောက်ရောက်မဖြစ်ဘူး။ ဟိုဟာလုပ်ပေးမယ်။ဒီဟာလုပ်ပေးမယ်ပြောပြီး အပြောပဲရှိတယ်။ အစိုးရဆိုတာပြည်သူတွေနဲ့နီးစပ်မှုရှိရင် သင်ယူလို့ရတယ်။ သင်ယူလို့မရတဲ့သူဟာ လုံးဝသင်လို့မရဘူး။
၃။ ကျွန်မတို့အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေ ဘယ်လောက်တော်လဲဆိုတာ အမှန်အတိုင်းပြောရရင် ကျွန်မသေချာမသိဘူး။ လွှတ်တော်ထဲရောက်မှသိမှာ။ ဒါကြောင့်ကိုယ့်အစိုးရကိုယ် သုံးသပ်ခွင့် ကို ကျွန်မတို့ အစိုးရဖြစ်ရင် သုံးသပ်ပိုင်ခွင့်ပေးမယ်လို့ ကျွန်မကတိပေးတယ်။
၎။ ပြည်သူကို ရန်သူလို မြင်တဲ့ စိတ်နဲ့တော့မရဘူး။ ဖိနှိပ်ခြိမ်းခြောက်ပြီး ကြောက်အောင် ခြိမ်းခြောက်ထားတဲ့စနစ်ကိုပြောင်းကိုပြောင်းရမယ်။ ပြီးတော့ အရင် တုန်းကပြည်သူတွေကို လှည့်မကြည့်ခဲ့တဲ့ သူတွေက အခုရွေးကောက်ပွဲနီးမှ ပြုံးပြနေတာကျွန်မတွေ့နေရတယ်။ '
ဆက်လက်၍ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေတစ်ချိန် ရာထူးနေရာရခဲ့ရင် ပါးရိုက်မယ်၊ထမင်းတစ်နပ်လျော့စား၊မီးပျက်ရင်ဖယောင်းတိုင်ထွန်း၊သူဌေးဖြစ်အောင်ဆိုက်ကားနင်းစသဖြင့် တွေနဲ့စော်ကားရင် ဒေါ်စု ဘယ်လိုတာဝန်ယူမှာလဲဆိုတဲ့ ဒေသခံတစ်ဦးရဲ့ မေးခွန်းအပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က
''ကျွန်မတို့ ကိုယ်စားလှယ်တွေကပါးရိုက်လည်းမကျွမ်းပါဘူး။ ပြီးတော့ ဆိုက်ကားသမားသူဌေးဖြစ်မယ်ဆိုတဲ့ မတည်နိုင်တဲ့ ကတိတွေမပေးပါဘူး။ ပြီးတော့ အနိုင်ရရင် သူတို့ကို နေရာပေးမယ်။ရာထူးပေးမယ် လို့မပြောနိုင်ပါဘူး။ အဖွဲ့ချုပ် မှာလည်းတိကျတဲ့စည်းကမ်းတွေချမှတ်ထားပါတယ်''လို့ ဖြေကြားခဲ့ပါတယ်။
ရဲလွင်
Popular News Journal

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top