0


နေပြည်တော်၊ စက်တင်ဘာ ၂၀
၁။ ကျွန်မတို့နိုင်ငံရဲ့ပညာရေးစနစ်ကို ပြောင်းရမယ်။ ကျွန်မတို့နိုင်ငံရဲ့ပညာရေးစနစ်ဘယ်လောက်နိမ့်ကျနေလဲ ဆိုရင်နိုင်ငံလူဦးရေရဲ့ ၄ ရာခိုင်နှုန်းပဲဘွဲ့ရရှိတယ်။ အဲ့၎ရာခိုင်နှုန်းတောင် ဘွဲ့ရနဲ့ထိုက်တန်တဲ့ အလုပ် မရဘူး။ အားလုံးပြောသလိုပဲ ဘွဲ့ရအလုပ်လက်မဲ့ တွေကျွန်မတို့နိုင်ငံမှာသိပ်များနေပြီ။ ထပ်မလိုချင်တော့ဘူး။
၂။ ပညာရေးစနစ်ကိုပြောင်းရမယ်။ အရင်စစ်အစိုးရ ပညာရေးစနစ်အတိုင်းသွားနေလို့မရတော့ဘူး။ ဒါတွေကိုပြောရင် နောက်ဆုံးဒီနေရာပဲပြန်ရောက်တယ်။ ဘာလဲဆိုရင်အစိုးရကိုပြောင်းရမှာပဲ။
၃။ ဒေါ်စုအုပ်ချုပ်ရင် နိုင်ငံကိုကုလားတွေအုပ်ချုပ်မှာပဲလို့ပြောတာ က အင်မတန်မှ အောက်တန်းကျတဲ့နည်းလမ်းနဲ့ ပြည်သူတွေကိုဆော်ကားတာ။ ငါတို့ပြောရင်ပြည်သူတွေ ယုံမှာပဲ ဆိုတဲ့ စိတ်နဲ့ စော်ကားပြီးပြောတာ။ အောက်တန်းကျတာ။ ပြီးတော့ဌာနဆိုင်ရာတွေမှာ NLDကိုမဲမထည့်ဖို့ ပြောဆို ခြိမ်းခြောက်တာတွေရှိတယ်လို့သိရတယ်။ ဒါပေမဲ့မဲထည့်ရင် ဘယ်ကိုထည့်တယ်ဘယ်သူမှသိတာမှမဟုတ်တာ။ ဒါကြောင့်ကျွန်မတို့အဖွဲ့ချုပ်ကိုပဲမဲထည့်ပါလို့ပြောချင်ပါတယ်။
၎။ ကျွန်မလွှတ်တော်ထဲမှာတရား ဥပဒေစိုးမိုးရေးကော်မတီဥ က္ကဌ တာဝန်ယူထားတာမှန်တယ်။ ဒါပေမဲ့လွှတ်တော်ဆိုတာ လုပ်ကိုင်ရတာအကန့်အသတ်ရှိတယ်။ လွှတ်တော် ဆိုတာဥပဒေပြုရတာ။ ဒီဥပဒေကို ထိထိရောက်အောင်လုပ်ဖို့ ဖြစ်ဖို့က သက်ဆိုင်ရာ အာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ဖြစ်တယ်။
ရဲလွင်
Popular News Journal

Post a Comment

 
Top