0

====================================
မာန်ယုကျော် (ရွှေဝမြေ)
====================================
ရန်ကုန် ၊ အောက်တိုဘာ ၁၇။ ။ သင်္ဃန်းကျွန်း၊ စံပြဈေးမီးပွိုင့်အ နီးတွင် ယာဉ်မောင်းနှင့် ယာဉ်ထိန်းရဲ တို့ အပြန်အလှန်ရိုက်နှက်မှုတစ် ခု အောက်တိုဘာ ၁ရရက် နံနက် ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် ယာဉ်မောင်းဦးစိုးပိုင်၃ရ နှစ် မောင်းနှင်လာသည့် နံပါတ် ၅ခ/----ရှိနှင့် ၃၉ခရီးသည်တင် ယာဉ်သည် တောင်ဒဂုံဘက်မှ မြို့ တွင်းသို့ မောင်းလာပြီး သင်္ဃန်း ကျွန်း စံပြဈေးအနီးရှိ ပြည်ထောင် စုခုံး တံတားပေါ် မှ ဆင်းလာစဉ် မီးပွိုင့်အရောက် မီးဝါဖြတ်မှုဖြစ် ပွားရာမှ အစပြုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''၃၉ယာဉ်က မီးဝါဖြတ်တာ ကို ယာဉ်ထိန်းရဲက တားတာကို မရပ်ဘဲ ခပ်ဝေးဝေးမှာ သွားရပ်တာ။ အဲဒါယာဉ်ထိန်းက လိုက် သွားပြီး ဘာလို့မရပ်တာလဲ။ တာ ဝန်အရလုပ်တာလို့ ပြောတာကို ဒရိုင်ဘာကဆင်းလာပြီး ပြန်ပြော တာကနေ ဒရိုင်ဘာ က ကားပေါ် သွားပြီး သံတုတ်ယူပြီး ယာဉ်ထိန်း ရဲကို ရိုက်တာ၊ ယာဉ်ထိန်းရဲက လက်နဲ့ကာပြီး သံတုတ်ဝင်လုတယ်။ ပြီးတော့ နှစ်ယောက်စလုံးထွေး နေကြတာ။ အဲဒီ့အချိန်မှာ ယာဉ် ထိန်းရဲတစ်ဦး ထပ်ယောက်လာ ပြီး ဖုန်းဆက် တာ တွေ့ ရတယ်''ဟု အနီးရှိဈေးရောင်းသူ မျက်မြင် တစ်ဦးက ပြောသည်။

ယင်းနှင့်ပတ်သက်၍ ၅၁ လမ်းမှ တာဝန်မှူးရုံးအားဆက် သွယ်ရာ တာဝန်ရှိသူတစ်ဦးက ''ဒီဖြစ်စဉ်မှာ ဘယ်သူ့ဘက်က လွန်တယ်၊ မလွန်ဘူးဆိုတာ တော့ ကျွန်တော်တို့စစ်ဆေးဆဲမို့ ပြောလို့မရသေးပါဘူး''ဟု ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ အောက်တို ဘာ ၁၇ ရက် ည နေ၅နာရီခွဲခန့်တွင် ပြောသည်။

''ခုံးတံတားပေါ်ကဆင်းလာ စဉ်မှာပဲ မီးပွိုင့်ကမီးဝါသွားတယ်။ ဒါနဲ့ ရှေ့ဆက် မရ၊ နောက်ဆုတ် မရဖြစ်နေတုန်း ယာဉ်ထိန်းရဲက ကားပေါ်တက်လာပြီး ကားသော့ ကိုဖြုတ်တယ်။ အဲဒီကနေ အချင်း အချင်းစကားများပြီး ယာဉ်မောင်း နဲ့ယာဉ်ထိန်းရဲ တို့ အပြန်အလှန် ရိုက်ကြတယ်''ဟု ဌာနခွဲ(၉)မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်ကို သင်္ဃန်း ကျွန်း မြို့မရဲစခန်းမှ(ပ)၄၃၀/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၃/၃၅၃ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။


အေးချမ်းမွန် Credit To >Yangon Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top