0

၂၀၁၄ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် (၄) ရပ်အနက် ဒုတိယအဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းအား ၂၀၁၄ ခုနှစ် မတ်(၃၀) မှ ဧပြီ (၁၀) အထိ ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေဒေသအချို့တွင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေပါသဖြင့် သန်းခေါင်စာရင်း လုပ်ထုံးလုပ်နည်းနှင့် ပြည်တွင်းပြည်ပပညာရှင်များ၏ အကြံပြုချက်အရ စာရင်းကောက်ကာလအား Technical Delay အဖြစ် သတ်မှတ်ပြီး နောက်ထပ် ရက်သတ္တ (၈)ပတ် အထိ တိုးမြှင့်ဆောင်ရွက်နိုင်ခွင့်ရှိ၍ (၁၄-၆-၂၀၁၄) ရက်နေ့အထိ စာရင်းကောက်ကာလ တိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။
၎င်းကာလအတွင်း စာရင်းကောက်ယူရန် ကျန်ရှိနေသော ဒေသများတွင် သန်းခေါင်စာရင်း ဆက်လက်အကောက်ခံနိုင်ရေးအတွက် စည်းရုံးရေးနည်းလမ်းမျိုးစုံဖြင့် အကြိမ်ကြိမ်ကြိုးပမ်း ဆောင်ရွက်ခဲ့သော်လည်း သတ်မှတ်ကာလ ပြည့်မြောက်သည်အထိ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။
သို့ဖြစ်ပါ၍ သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိသောဒေသများတွင် သန်းခေါင်စာရင်းကာလ တိုးမြှင့်သတ်မှတ်ထားသော နောက်ဆုံးရက်ဖြစ်သည့် (၁၄-၆-၂၀၁၄) ရက်နေ့အထိ ထပ်မံ ကောက်ယူနိုင်ခြင်းမရှိတော့ပါသဖြင့် ဒုတိယအဆင့်လုပ်ငန်းစဉ်ဖြစ်သော နိုင်ငံတစ်ဝန်းလုံး သန်းခေါင် စာရင်း မြေပြင်ကွင်းဆင်းကောက်ယူမှုလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်ပါကြောင်းနှင့် ကျန်လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျှက်ရှိပါ ကြောင်း ပြည်သူလူထုအား အသိပေးကြေငြာအပ်ပါသည်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်

Aye Chan Mon Credit To: 2014 Myanmar Population and Housing Census
http://www.ayechanmon-news1.com/

Post a Comment

 
Top