0

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ရန်အတွက် အမေရိကန်နိုင်ငံအခြေစိုက် TPG Capital (ယခင် Texas Pacific Group) က ကန်ဒေါ်လာ သန်းလေးဆယ် ပမာဏကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း သတင်းရရှိသည်။

TPG Capital သည်မြန်မာနိုင်ငံတွင် မိုဘိုင်းတာဝါတိုင်များ တည်ဆောက်ရန်အတွက် Telenor Myanmar ကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်နေသည့် Apollo Towers တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် TPG Capital က နော်ဝေဆက်သွယ်ရေး ကုမ္ပဏီတွင် တိုက်ရိုက်ရင်းနှီးမြှုနှံခြင်းမဟုတ် ပဲ Telenor Myanmar နှင့်ပူးပေါင်းထားသည့် Apollo Towers မှတဆင့်ရင်းနှီးမှု ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ TPG Capital သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသို့ Apollo Towers မှတဆင့် ဝင်ရောက်လာခြင်းသည် လူဦးရေသန်းခြောက်ဆယ် ကျော်ရှိသည့် ဈေးကွက်လိုအပ်ချက် ကြီးမားသော မိုဘိုင်းဆက်သွယ်ရေးကဏ္ဍကို တဖက်တလမ်းမှ ပံ့ပိုးပေးရန်နှင့် အနာဂတ်အတွင် အကျိုးအမြတ်များ ရရှိလာရန်အတွက် ဟုသိရသည်။

ထို့ကြောင့် Telenor Myanmar ၏ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ရှစ်ထောင်ခန့် တည်ဆောက်မည့် အစီအစဉ်တွင် စင်္ကာပူအခြေစိုက် Apollo Towers နှင့် အမေရိကန်နိုင်ငံမှ TPG Capital ပါဝင်လာပြီဖြစ်သည်။

နော်ဝေဆက်သွယ်ရေး ကုမ္ပဏီနှင့် စင်္ကာပူအခြေစိုက် ဆက်သွယ်ရေးအဆောက်အဦ ဆောက်လုပ်သည့် လုပ်ငန်းတစ်ခုဖြစ်သည့် Apollo Towers တို့သည့်ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း စတင်လက်တွဲခဲ့ကြခြင်းဖြစ်သည်။


Aye Chan Mon Credit To: Internet Journal
http://www.ayechanmon-news1.com/

Post a Comment

 
Top