0

ကျွန်မက ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းတစ်ဦးပါ။ အဲဒီကုမ္ပဏီမှာ အလုပ်လုပ်နေတာက ငါးနှစ်လောက်ရှိပါပြီ။ အလုပ်လုပ်နေရင်း အိမ်ထောင်ကျသွားပါတယ်။ ခုဆိုကိုယ်ဝန်နဲ့ ပါ။ မီးဖွားရက်က နီးလာတော့ ရုံးကို ခွင့်တင်ပါတယ်။ ရုံးက ခွင့်ပေးပေမယ့် အဲဒီခွင့်ကာလမှာ လစာမပေးနိုင်ဘူးလို့ ပြောပါတယ်။ အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့ ဒုက္ခ တစ် ခုဖြစ်နေတဲ့ ဒီကိစ္စကို ကုမ္ပဏီဘက်က လစာပေးသင့်တယ်လို့ ကျွန်မတင်ပြပေမယ့် အလုပ်ရှင်က ခွင့်သာပေးပြီးလစာမပေးနိုင်ဘူးလို့ ဖြေပါတယ်။ ဒါက ဥပဒေနဲ့ ညီညွတ် ပါသလား၊ လစာရသင့်တယ်လို့ မထင်ဘူးလား။ ကျွန်မရှင်းရှင်းလင်းလင်းသိရအောင် ဒီကဏ္ဍကနေတစ်ဆင့် သက်ဆိုင်ရာကို မေးပေးပါလို့ တောင်းဆိုပါရစေ။

ကျေးဇူးတင်စွာဖြင့်
မမိုးမိုး
ပုဇွန်တောင်

မမိုးမိုးခင်ဗျာ၊ လူမှုဖူလုံရေးဥပဒေထဲမှာ မီးမဖွားမီ ရက်သတ္တ (၆)ပတ်၊ မီးဖွားပြီးရက်သတ္တ (၈)ပတ်အထိတရားဝင်ခွင့်ပေးရမယ်ဆိုတာပါထားပါတယ်။ သို့သော် လည်း အဲဒီ ကာလကို လစာပေးမပေးဆိုတာတော့ မပါတာတွေ့နေရပါတယ်။ အိမ်ထောင်သည် အမျိုးသမီးတိုင်းဆိုတာက တစ်ကြိမ်မဟုတ် တစ်ကြိမ် ဒီလို ကိုယ်ဝန်ဆောင်ပြီး ကေ လးမွေးဖွားရတာ ကြုံရတာမို့ ဒီမေးခွန်းရဲ့အဖြေကို အမျိုးသမီးတိုင်း သိလိုကြမှာပါပဲ။ ဒါ့ကြောင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနကို ဆက် သွယ် မေးမြန်းပေးလိုက်ပါတယ်။ ဝန်ကြီးဌာနရဲ့ ဥပဒေဌာနကတော့ အခုလိုပဲ ဖြေပေးပါတယ်။

”ကိုယ်ဝန်ဆောင် မွေးဖွားချိန်နီးကပ်ကာလ၊ မွေးဖွားကာလနဲ့ မွေးဖွားပြီးသတ်မှတ်ကာလတွေမှာ လစာခံစားခွင့် ရှိ/မရှိဆိုတာကို နိုင်ငံရဲ့ဥပဒေထဲမှာ လတ်တ လော အချိန် အထိ မပါဝင်သေးတာကို အရင်ပြောပါရစေ။ ဒီတော့ လစာ ပေးမပေးက အလုပ်ရှင်ရဲ့သဘောဆန္ဒသာဖြစ်တယ်လို့ ပထမဦးဆုံးပြောလိုပါတယ်။ အလုပ် ရှင်က လစာပေး ရင် လစာရပြီး၊ မပေးရင်မရပါဘူး။ ဥပဒေနဲ့ညီလား၊ မညီဘူးလား ဆိုတာကတော့ ဥပဒေအရပေးကိုပေးရမယ်လို့ မပါထားတဲ့အတွက် ဒါကို ဥပဒေ ချိုးဖောက် တယ် လို့ ပြောလို့မရပါဘူး။ ဒါပေမဲ့လည်း ဒါက နောင်ဆို ရှင်းရှင်းလင်းလင်းသိရမယ့်ကိစ္စဖြစ်တာကြောင့် ဥပဒေရေးဆွဲဖို့လုပ်ဆောင်နေပါပြီ။ ဥပဒေထွက်လာရင် တော့ အကျိုးခံ စားမှုတွေ ရရှိလာတော့မှာပါ”

အခုရက်ပိုင်းအတွင်း ဆူးလေနဲ့ အောင်မင်္ဂလာအဝေးပြေးကို အထူးလိုင်းဆိုပြီး ပို့ဆောင်ရေးတစ်ခုက တစ်ယောက်တစ်ထောင်ကျပ်နှုန်းနဲ့ ပြေးဆွဲနေတာ တွေ့ရပါတယ်။ ဒါကလည်း ခရီးသွားတွေ လိုအပ်ချက်ဖြည့်တာဖြစ်တယ်လို့ ခံယူတဲ့ အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ဒီရက်အတွင်း တိုက်ဆိုင်တာလား မသိပေမယ့် ၄၃ ယာဉ်လိုင်း အ ထူးတွေ ပြေးဆွဲတာ တော်တော်ကျဲသွားပါတယ်။ ရွှေပေါက္ကံထဲဆို အထူးလိုင်း မဝင်တော့သလောက်ပါပဲ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်လိုင်းတွေပြေးဆွဲနေတာ ဘယ် လို ပုံစံလဲလို့ မေးလိုပါတယ်။

သုသု
ရွှေပေါက္ကံ

ကိုယ်ပိုင်ကား၊ တက္ကစီတွေကို လက်လှမ်းမမီသူ၊ လိုရာခရီးကို ငွေကျပ် နှစ်ရာသုံးရာနဲ့ပဲသွားနိုင်သူတွေအဖို့အတွက်တော့ ဘတ်စ်ယာဉ်လိုင်းက အားကိုးစရာတစ်ခုပါပဲ။ ဒါ့အပြင်အများပြည်သူတွေအတွက်လည်း လိုအပ်ချက်တစ်ခုပါပဲ။ ခရီးသွားဖို့ စီးစရာယာဉ်လိုင်း ကျဲလာရင် စောင့်ဆိုင်းရတဲ့ဒုက္ခအပြင် လိုရာခရီးရောက်အောင် သွားမယ် ဆိုတဲ့ သူတစ်ယောက်အတွက် စိတ်ဒုက္ခများသောကိစ္စတစ်ခုပဲလို့ ပြောလိုပါတယ်။ ဒီမေးခွန်းကိုတော့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေးကော် မတီကို မေးပေးပါ့ မယ်။ ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က ”ရွှေပေါက္ကံထဲကို ၄၃ အထူးလိုင်း အလာကျဲသွားတာက ဆူးလေ-အောင်မင်္ဂလာကို တစ်ယောက်တစ်ထောင်နဲ့ ပြေးဆွဲတဲ့ ယာဉ်လိုင်းကြောင့်မဟုတ်ဘူးလို့ ကျွန်တော် တင်ပြလိုပါတယ်။ ဘာမှမဆိုင်ပါဘူး။ အဲဒီလိုပြေးဆွဲတာက အောင်မြန်မာယာဉ်လိုင်းပါ။ အဝေးပြေးနဲ့ ဆူးလေတစ်ခုတည်း မ ဟုတ်ဘူး။ စုပေါင်းသွားလိုတဲ့သူတွေကို မြို့နယ်အထိ လိုက်ပို့ပေးတဲ့ ယာဉ်လိုင်း တစ်ခုပါ။ ဒါဆို ယာဉ်အလာကျဲသွားတာ သူနဲ့မဆိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိေ လာက်ပြီ လို့ ထင်ပါတယ်။ ရွှေပေါက္ကံထဲကို ၄၃ ယာဉ်လိုင်း(အထူး) အလာကျဲသွားတယ်ဆိုတာ ဟုတ်နိုင်ပါတယ်။ ဒီထဲကိုဝင်တဲ့ ၄၃ ယာဉ်က ၁၃ စီးပဲရှိပါတယ်။ ဒီတော့ အခြားလမ်းကြောင်းမှာလို ယာဉ်တစ်စီးနဲ့တစ်စီး ခပ်စိတ်စိတ်မရှိနိုင်ဘူးပေါ့ဗျာ။ ဒီလိုဖြစ်တာကလည်း အဲဒီနေရာကနေ စီးနင်းသူအရေအတွက်ပေါ်မူတည်ပြီး ယာဉ် လိုင်းတွေ က ပြေးဆွဲကြတာပါ။ ပုဂ္ဂလိကတစ်ခုရဲ့ စီးပွားရေးဖြစ်တာကြောင့် သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုအပေါ်ကို ကျွန်တော်တို့က ဖိအားပေးလို့မရပါဘူး။ ကျွန်တော်တို့က ယာ ဉ် လိုင်းတွေကို စည်းကမ်းပိုင်းသာ ထိန်းချုပ်တဲ့ ကော်မတီသာဖြစ်ပါတယ်ခင်ဗျာ”

ကျွန်တော်က စစ်ကိုင်းတိုင်းဒေသကြီးထဲက အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တစ်ဦးပါ။ ခုတလော ကျွန်တော့်အလုပ်မှာ ငွေအရမ်းလိုနေပါတယ်။ ဒါကို ပြင်ပထက် စာ ရင် ဘဏ်ကပဲ ငွေချေးချင်ပါတယ်။ ဘယ်လိုဆက်သွယ်ပြီး ငွေချေးလို့ ရပါသလဲ။ ပြီးခဲ့တဲ့လက ကျွန်တော် ကြားထားမိတာက ကျွန်တော်တို့လို လုပ်ငန်းရှင် လေးတွေ အ တွက် တိုင်းဒေသကြီး ပြည်နယ်တစ်ခုကို ငွေကျပ် ၁ ဘီလျံ ချေးယူနိုင်ဖို့ ချထားပေးတယ်လို့ ကြားရလို့ပါ။ ဒီအတွက် မေးပေးပါဗျာ။

လေးစားလျက်
ဦးမောင်ဘို
စစ်ကိုင်း

ဦးမောင်ဘိုရဲ့ မေးမြန်းမှုကို ကျေးဇူးတင်ပါတယ်။ လိုအပ်နေတဲ့ ငွေအရင်းအနှီးကို ချေးယူမှုက ပြင်ပမှာဆို ကျပ်ငွေ ၁ဝဝ ကို ၃ ကျပ်တိုးက အနည်းဆုံးဖြစ်နေတဲ့အချိန်ပါ။ ဒါတောင်မှ တန်ဖိုးကြီးပစ္စည်း အပေါင်ပေးမှ၊ ရင်းနှီးမှ ရရှိတဲ့ငွေကိုအတိုးပေးရတာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ငွေရှာရတာ ခက်ခဲပါတယ်။ ဦးမောင်ဘို ရဲ့မေးမြန်းတာကို အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ဥက္ကဋ္ဌ ကိုယ်တိုင်က ဖြေကြားပေးခဲ့ပါတယ်။ အဖြေကို ကြည့်လိုက်ကြရအောင်ဗျာ။

”တိုင်းဒေသကြီး၊ ပြည်နယ်များက အသေးစားအလတ်စားလုပ်ငန်းရှင်များကို ဒီနှစ်မှာအထူးသီးသန့်အတိုးနှုန်း ၈ ဒသမ ၅၊ ငွေ ၁ဝဝ လျှင် ပြား ၇ဝ အတိုး ယူပြီး ချေးေ ပးဖို့လုပ်ထားပါတယ်။ ချေးယူလိုသူက သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ရဲ့ ထောက်ခံမှု အရင်ယူပါ။ ကိုယ်က လုပ်ငန်းရှင်တစ်ဦးဖြစ် တယ် ဆိုတဲ့ အကြောင်းပါ။ ပြီးရင် တက္ကသိုလ်ရိပ်သာလမ်းသစ်က SME ဗဟိုဌာနကို တင်ပါ။ အဲဒီဌာနက ငွေချေးလိုသူမှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင် တစ် ဦးဖြစ် တယ်။ သူ့ လုပ်ငန်းကလိုင်စင်လုပ်ထားတယ်။ သက်တမ်းလည်း မကုန်သေးဘူးလို့ စစ်ဆေးပြီးရင် ကျွန်တော်တို့ဘဏ်ကို ငွေချေးခွင့်စာရွက်ရောက်လာမှာပါ။ ဒီအခါ ဆို ရာဖြတ် အဖွဲ့ က ငွေချေးသူထံလာရောက်ပြီး လုပ်ငန်းကို စစ်ပါ့မယ်။ ပြီးတာနဲ့ ငွေချေးပါတယ်။ တစ်ဦးကို အများဆုံး ကျပ်သိန်း ၁ဝဝဝ ချေးပါ့မယ်။ ငွေချေးသူ အပေါင် တင်မှု က ချေး ယူမှုရဲ့ ပမာဏကို မမီရင်တော့ ကျပ်သိန်း ၁ဝဝဝ အောက်ကို သာ ချေးပေးပါ့မယ်။ နောက်အစီအစဉ်တစ်မျိုးကို ထပ်လုပ်ထားတာက ငွေချေးလိုသူ က ကျပ်သိန်း ၁ဝဝဝ ထက်ကျော်ပြီး ချေးလိုတယ်၊ သူ့ကို ငွေချေးပေးရမယ်ဆိုရင် ဆက်ထုတ်ချေးပေးပါ့မယ်။ ဒါပေမဲ့ ၁၂ ရာခိုင်နှုန်း အတိုးနှုန်းနဲ့ပါ”ဟု ပြောကြားပါတယ်။

Aye Chan Mon Credit To: http://www.popularmyanmar.com/
http://www.ayechanmon-news1.com/

Post a Comment

 
Top