0

ACM Re-Post 5-6-2014

ဖေဖော်ဝါရီလအတွင်းက တပ်ပိုင်မြေအတွင်း ကျူးကျော်သည်ဟုဆိုကာ သက်ဆိုင်ရာကသမီးကလေးကျေးရွာအား အကြမ်းဖက် ဖယ်ရှားခဲ့မှုအပေါ် ဆန္ဒပြခဲ့သည့် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုမှ ကိုထင်ကျော်အား ဇွန် ၄ ရက်က ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ-၁၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည်။

အဆိုပါ ဆန္ဒပြခဲ့မှုကို ဖေဖော်ဝါရီ ၁၈ ရက်က ကျောက်တံတားမြို့နယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုချက်တောင်းခံခဲ့ကာ မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုခဲ့သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပယ်ချခဲ့ကြောင်းနှင့် ပယ်ချခံခဲ့ရသည့် အကြောင်းရင်းမှာ ခွင့်ပြု ချက်တင်ရာတွင် သတ်မှတ်ထားသည့်ရက်ထက် သုံးနာရီ နောက်ကျသည့်အတွက်ဟု ဆိုကြောင်း ကိုထင်ကျော်က ပြောကြားသည်။

“ကျွန်တော့်ကို ဒီကနေ့ ကျောက်တံတားမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် သုံးလ ချမှတ်လိုက်ပါတယ်။ပုဒ်မ-၁၈နဲ့ ဖြစ်ပါတယ်။ခွင့်ပြုချက်တင်တာကို မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုပေမယ့် တကယ်ပြတဲ့အချိန်ကျမှ မြို့နယ်အုပ်ချုပ်ရေးမှူးက သတ်မှတ်ချက်နဲ့ မညီဘူးဆိုပြီး ခွင့်ပြုမိန့်မရဘူးလို့ပြောတယ်။ အဲဒီအတွက်ကြောင့် ပုဒ်မ-၁၈နဲ့ တရားစွဲဆို ထောင်ချခံရတာပါ” ဟု ကိုထင်ကျော်က တရားရုံးအမိန့်ချမှတ်ပြီးနောက် ပြောကြားသည်။

ယင်းကဲ့သို့ ခွင့်ပြုချက်မဲ့ဖြင့်ဆန္ဒပြခဲ့သည့်အတွက်ဟုဆိုကာပုဒ်မ-၁၈ဖြင့် ကျောက်တံတားမြို့နယ်တရားရုံးက တရားစွဲဆိုခဲ့ကာ ငါးကြိမ်မြောက်ရုံးချိန်းတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုမှ ကိုထင်ကျော်ကို ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ဆန္ဒပြခဲ့မှုများနှင့်ပတ်သက်၍ မြို့နယ် ၁၁မြို့ နယ်မှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

Aye Chan Mon Credit To: Eleven Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top