0


ဟိန်းကိုစိုး| ACM Re-Post 5-6-2014

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လာရောက်ဂါဝရပြုစဉ် ဗုံးခွဲတိုက်ခိုက်ခံရသဖြင့် သေဆုံးခဲ့ရသော တောင်ကိုရီးယား ခေါင်းဆောင် ၁၇ ဦးအတွက် အာဇာနည် ဗိမာန်အတွင်း ရည်ရွယ်ဆောက်လုပ်နေသည့် အထိမ်းအမှတ် အဆောက်အအုံကို ဇွန် ၆ ရက်၌ စတင်ဖွင့်လှစ်မည်ဟု တည်ဆောက်ရေးတာဝန်ခံ ဦးညီညီမင်းက ဇွန် ၄ ရက်တွင် မဇိ္ဈမကို ပြောသည်။

ယင်းအဆောက်အအုံကို ရွှေတိဂုံဘုရားမြောက်ဖက်မုခ်ရှိ အာဇာနည်ဗိမာန် အဓိက၀င်ပေါက်၏ ညာဘက်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။

“ဒီဟာကို ကိုရီးယားက အကုန်တာဝန်ယူပြီး ဆောက်တာပါ။ ကျန်တဲ့ အသေးစိတ်အကြောင်းအရာတွေကိုတော့ ပြောလို့ မရသေးပါဘူး”ဟု ဦးညီညီမင်းက ဆိုသည်။

အဆိုပါ အဆောက်အအုံကို ၂၀၁၄ နှစ်အစောပိုင်းက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၃ ခုနှစ်၌ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နှင့်အဖွဲ့ အာဇာနည်ဗိမာန်သွားရောက်ကာ ဂါရ၀ပြုခဲ့စဉ် မြောက်ကိုရီးယားနိုင်ငံ၏ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် တောင်ကိုရီးယား ဒုတိယ၀န်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာအပါအ၀င် အခြားသော အရာရှိစုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ရပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ယင်းသို့ အာဇာနည်ကုန်းအတွင်း တောင်ကိုရီးယားအထိမ်းအမှတ်အဆောက်အအုံ တည်ဆောက်မှုအပေါ် ပြည်သူအချို့ က ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က မြို့တော်ခန်းမရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့သေးသည်။

Aye Chan Mon Credit To: Mizzima - News in Burmese
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top