ACM Re-Post 21-6-2014
ရန်ကုန်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပြီးခဲ့တဲ့ နှစ်အတွက် အခွန်ဆောင်ထားတဲ့ ထောက်ခံချက်ကတ်ပြား (အဝါရောင်)ရှိမရှိ အခွန်စိစစ် ကြပ်မတ်ကောက်ခံရေး ဘုတ်အဖွဲ့က လိုက်လံ စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
သြဂုတ်လအတွင်းမှာ ရန်ကုန်တွင်းရှိတဲ့ စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းပေါင်း လေးသောင်းကျော်ကို လိုက်လံစစ်ဆေးမှာ ဖြစ်ကြောင်းနဲ့ အခွန်ဆောင်ပြီးတဲ့သူတွေက ကတ်ပြားတွေကို ဆိုင် ဒါမှမဟုတ် ရုံးခန်းတွေမှာ ချိတ်ဆွဲထားရမှာ ဖြစ်တယ်လို့လည်း အခွန်စိစစ်ကြပ်မတ် ကောက်ခံရေး ဘုတ်အဖွဲ့က ဆိုပါတယ်။
ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး ကလည်း “ဆိုင်တစ်ဆိုင် ကြည့်လိုက်တာနဲ့ ကတ်ချိတ်ထားတယ်ဆိုရင် ဒီဆိုင် အခွန်ပေးဆောင်ထားတယ် ဆိုတာ သိသာပါတယ်။ မကတ်ထား ရင်တော့ အခွန် မဆောင်ထားရသေးဘူးပေါ့။ မနှစ်ကတော့ အဝါ၊ ဒီနှစ်အတွက်တော့ ပန်းရောင်လို့ သတ်မှတ်ထားပါတယ်” လို့ ဆိုပါတယ်။
စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (Myanmar Restaurant Association) အထွေထွေအတွင်းရေးမှူး ဦးကျော်မြတ်မိုးက “ဒီလိုမျိုးလုပ်ရမယ် ဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ သူတို့ပေးထားတဲ့ အဝါကတ်လေးတွေတော့ ကျွန်တော်တို့ဆိုင်မှာ ရှိတယ်” လို့ ပြောပါတယ်။
အဲဒီကတ်ပြားမရှိရင် လုပ်ငန်းလိုင်စင် သက်တမ်းတိုးတာနဲ့ လုပ်ငန်းလိုင်စင် ပြန်ပြုလုပ်တဲ့ အခါမျိုးမှာ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ဦးကျော်မြတ်မိုးက ဆိုပါတယ်။
Aye Chan Mon Credit To:The Voice Weekly
http://
Post a Comment