ACM Re-Post 21-6-2014
မောင်တောမြို့နယ် တရားရုံးတွင် သက်သေထွက်ဆို ရန်ဒုရဲအုပ်က ခေါ်ယူလာစဉ်
လမ်းတွင် ရုံးချိန်းနောက်ကျ နေကြောင်း ပြောသည့်အတွက် ဒုရဲအုပ်က လက်
သီးဖြင့်ထိုး၍ ၀ဲဘက်မျက်လုံး ဒဏ်ရာပြင်းထန်စွာရရှိသွားသူ ဦးလှသိန်းက ဒုရဲအုပ်အားပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူပေးရန် ဇွန်လ ၂၀ ရက်က မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ ဒုရဲအုပ်က လက်သီးဖြင့် ထိုးခဲ့သည်မှာ ဟုတ်မှန်ကြောင်း၊ မိမိလူဘက်မှ မှားယွင်းမှုကိုပြန်လည်တောင်းပန်ထားပြီးဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူ ဦးလှသိန်းအားဒဏ်ရာပျောက်ကင်းသည်အထိဆေးကုသပေးမှုနှင့် ဆေးကုသနေစဉ် နေထိုင်စားသောက်မှုတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှူးက တာဝန်ယူထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
သို့သော်လည်း မျက်လုံး ဒဏ်ရာမှာ မသက်သာသည့်အတွက် စစ်တွေမြို့သို့ သွားရောက် ဆေးကုသရန် ဒုရဲအုပ်နှင့် တောင်ပြိုစခန်းမှူးတို့ကို ဇွန်လ ၁၉ ရက်၌ ပြောကြားစဉ်ငွေကျပ်သုံးသိန်းဖြင့် ကျေအေးရန်နှင့်မကျေအေးပါက တိုင်ချင်သည့်နေရာတွင် တိုင်ကြားနိုင်သည်ဟုပြောကြားခဲ့သည့်အတွက် ယနေ့တွင် ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူပေးရန် မြို့နယ်တရားရုံးသို့ လျှောက်ထားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
မျက်လုံးဒဏ်ရာ ပြင်းထန် စွာရရှိသွားသူ ဦးလှသိန်းမှာ ဇွန် လ ၂၁ ရက်တွင် စစ်တွေမြို့သို့ သွားရောက်ဆေးကုသမှု ခံရမည် ဖြစ်ကြောင်း သိရသည်။
Aye Chan Mon Credit To:7Day News Daily
http://www.ayechanmon-news1.com/

Post a Comment