ယုဝေ| တနင်္လာနေ့၊ ဇွန်လ ၂၃ ရက်၊ ၂၀၁၄ ခုနှစ်
သတင်းမီဒီယာများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်းမှုများသည် ယခင်စစ်အစိုးရလက်ထက်ကဲ့သို့ ကျင့်သုံးနေခြင်းများဖြစ်သည်ဟု မီဒီယာသမားများက ဝေဖန်လိုက်သည်။
ယခုရက်ပိုင်းအတွင်း သတင်းမီဒီယာဌာနအချို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သတင်းတပ်ဖွဲ့က ခေါ်ယူ စုံစမ်းမေးမြန်းခြင်းများ
ပြုလုပ်နေခြင်းဖြစ်သည်။
ခေါ်ယူမေးမြန်းခြင်းခံရသည့် သတင်းမီဒီယာဌာနများသည် ပြစ်မှုကျူးလွန်ခြင်း တစ်စုံတစ်ရာမရှိဘဲ အဆိုပါဌာန၏ ၀င်ငွေ၊ ထွက်ငွေ အစရှိသည့် စီးပွားရေးလမ်းကြောင်းကိုသာ ခေါ်ယူမေးမြန်းခြင်းဖြစ်သည့်အတွက
မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က “အပြစ်တစ်စုံတစ်ရာရှိလို့ ခေါ်ယူမေးမြန်းတယ်ဆိုရင်လည်း ဟုတ်တယ်။ အခုက လုပ်ထုံးလုပ်နည်းနဲ့ မညီပါဘူး။ သူတို့အနေနဲ့ သိချင်တာ သိကောင်းရှိနိုင်ပေမယ့် တိုက်ကို လာရောက် မေးမြန်းတာပဲ ရှိသင့်ပါတယ်”ဟု အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ သုံးသပ်သည်။
သတင်းစားဂျာနယ်နှင့် ပတ်သက်သည့် စီးပွားရေးလမ်းကြောင်းများကို ခေါ်ယူ မေးမြန်းခြင်းသည် အကောက်ခွန်ဦးစီးဌာနနှင့်သာ သတ်ဆိုင်ပြီး ယင်းကဲ့သို့မေးမြန်းမှုများအပေါ် သတင်းမီဒီယာများဘက်မှ တုံ့ပြန်မှု တစ်စုံတစ်ရာရှိလာနိုင်သည်ဟု ဦးမြင့်ကျော်က ဆိုသည်။
သတင်းတပ်ဖွဲ့က ခေါ်ယူစုံစမ်းခြင်းကို ခံခဲ့ရသည့် ယူနတီဂျာနယ်ရုံးအဖွဲ့မှူး ဦးအောင်ထွန်းဝင်းက “သူတို့က ဂျာနယ်ရဲ့ ရပ်တည်ချက်နဲ့ ၀င်ငွေထွက်ငွေကို မေးတာပါ။ နောက် ဂျာနယ်သတင်းစာတွေ အကုန်လုံးကို ခေါ်မေးမြန်းမယ်လို့တော့ ပြောတယ်။ နေ့လယ်က သွားခဲ့တာပါ”ဟု ပြောသည်။
သတင်းရေးသားဖော်ပြမှု တစ်စုံတစ်ရာ မှားယွင်းမှုမရှိဘဲ ယင်းကဲ့သို့ သတင်းတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံမှုများသည် ယခင် စစ်အစိုးရလက်ထက်ကပင် မရှိခဲ့ဟု ၀ါရင့်သတင်းစာဆရာများက ဆိုသည်။
ဧရာဝတီ သတင်းဌာန၏ တာဝန်ခံ အယ်ဒီတာ ဦးရဲနည် “ဒါက အခွန်ဌာနနဲ့ပဲ ဆိုင်တဲ့ ကိစ္စပါ။ ဒီလိုမျိုးသတင်းတပ်ဖွဲ့က ၀င်မေးတယ်ဆိုတော့ မေးခွန်းထုတ်စရာတွေ ဖြစ်လာတာပေါ့။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပါ”ဟု ပြောသည်။
ဖွံ့ဖြိုးလာသည့် ပုဂ္ဂလိက သတင်းမီဒီယာများအပေါ် တင်းကျပ်မှုများဖြစ်လာပါက ဖွံ့ဖြိုးတိုးတက်မှုတွင် အနှောက်အယှက်များ ဖြစ်ပေါ်စေမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မီဒီယာများ၏ ငွေစာရင်းကိုလည်း ထုတ်ပြန်ကြေညာပေးသင့်သည်ဟု ဦးရဲနည်က ဆိုသည်။
သတင်းတပ်ဖွဲ့မှ ယူနတီဂျာနယ်၊ Myanmar Post နှင့် The Voice သတင်းဌာန တို့ကို ခေါ်ယူတွေ့ဆုံမေးမြန်းပြီးဖြစ်သည
Aye Chan Mon Credit To: Mizzima - News in Burmese
http://
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.