0

Byမောင်ကံ
ACM Re-Post 21-6-2014

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်လုံခြုံရေးအတွက် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်မှ တာဝန်လွှဲပြောင်းရယူလိုက်သည့် နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့မှူးရုံးတွင် ဖွဲ့စည်းပုံ အင်အားတိုးမြှင့်ရန် ရဲမှူးကြီး အဆင့်ရှိသူတစ်ဦးကို ဒုကွပ်ကဲရေးမှူးအဖြစ်ထားကာ တပ်ဖွဲ့ဝင် အင်အား ၆၀၀ ထပ်မံတိုးမြှင့်ရန်စီစဉ်နေကြောင်း နယ်ခြားစောင့် ရဲအရာရှိတစ်ဦးကပြောသည်။

လက်ရှိနယ်ခြားစောင့်ရဲကွပ် ကဲမှုအဖွဲ့မှူးရုံး လက်အောက် တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်အင်အားမှာ ဖွဲ့စည်းပုံထက် နည်းနေသေးသည့်အတွက်ဖွဲ့စည်းပုံနှင့်အညီ ဖြစ်စေရန် အင်အားတိုးချဲ့ခြင်းဖြစ်ကြောင်း အထက်ပါအရာရှိက ဆက်လက်ပြောကြားသည်။

မောင်တောနယ်စပ်လုံခြုံ ရေးအတွက် နယ်ခြားစောင့်ရဲကွပ် ကဲမှုအဖွဲ့မှူးရုံးအပါအဝင် နယ် ခြားစောင့်ရဲတပ်ဖွဲ့ခွဲလေးခုကို ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံအရ အ ရာထမ်း၊ အမှုထမ်းပေါင်း ၃,၃၀၀ ကျော်ရှိရမည် ဖြစ်သော်လည်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်း ဦးရေမှာ ၂,၀၀၀ ကျော်သာရှိသေး၍ နောက်ထပ်အင်အား ၁,၀၀၀ ကျော် လိုအပ်နေကြောင်း သိရ သည်။

Aye Chan Mon Credit To:
http://www.ayechanmon-news1.com/

Post a Comment

 
Top