0


ACM Re-Post 21-6-2014

    Ooredoo မြန်မာက မြန်မာပြည်ဈေးကွက်အတွက် စမတ်ဖုန်းလောက ထိပ်သီးကုမ္ပဏီကြီးတခုနဲ့ စာချုပ် ချုပ်လိုက်ကြောင်း ဒီကနေ့ သတင်းထုတ်ပြပါတယ်။

    အဲဒါကတော့ Samsung ပါပဲ။

    ထုတ်ပြန်ချက် အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။


Ooredoo နှင့် Samsung တို့ မြန်မာပြည် တွင် မိုဘိုင်း အင်တာနက် ၀န်ဆောင်မှုများ ပေးအပ်ရန် ပူးပေါင်း ဆောင်ရွက်ကြမည်။

အကျိုးတူ  ပူးပေါင်း ဆောင်ရွက်မှုကြောင့် ကုန်ကျ စားရိတ် သက်သာသော မိုဘိုင်း အင်တာနက် အသုံးပြုမှုများ ပိုမို တိုးတက် များပြားစေ

ရန်ကုန်၊ မြန်မာ။

Ooredoo မြန်မာ၏ ဆင်းမ်ကဒ်များ စတင် အသုံးပြု၍ ရသည့် အချိန်မှ စပြီး မြန်ဆန် သွက်လက်သော ကုန်ကျ စားရိတ် သက်သာ သည့် မိုဘိုင်းအင်တာနက်  ၀န်ဆောင်မှုများ ပေးဆပ်နိုင်ရန် အတွက် နည်းပညာ ကုမ္ပဏီကြီး Samsung နှင့် နားလည်မှု သ၀ဏ်လွှာ ယနေ့ လက်မှတ် ရေးထိုး လိုက်ပါသည်။

ဒေတာ အသုံးပြု ၍ ရသော Samsung မိုဘိုင်း စက်ပစ္စည်းများ တွင် Ooredoo မြန်မာ ၏ 3G ကွန်ရက် ကို အကောင်းဆုံး အသုံးပြုနိုင် ရန်အတွက် နိုင်ငံတကာ မိုဘိုင်း ဆက်သွယ်ရေး ကုမ္ပဏီ Ooredoo မြန်မာ သည် အထူး စီမံ ထားသော သုံးစွဲနည်းများကို Ooredoo မြန်မာ၏ သုံးစွဲသူ ပြည်သူ လူထုထံ အားပေးအပ်သွားရန် အစီအစဉ် ရှိပါသည်။

ကမ္ဘာတလွှား ရှိ ဈေးကွက်များ တွင် ကြီးမားသည့် အောင်မြင်မှုများ ရရှိနေသော Samsung Galaxy စမတ်ဖုန်း နှင့် tablet များကို ဒေသခံ လက်လီ မိုဘိုင်းဆိုင်များတွင် လွယ်ကူစွာ ၀ယ်ယူနိုင်ပါသည်။

Android စနစ်သုံး smart ဖုန်း လောကတွင် နံပါတ်တစ် ဖြစ်ပြီး ကမ္ဘာတ၀ှမ်း လုံးတွင်လည်း smart ဖုန်း ဈေးကွက် ၏ ခေါင်းဆောင် ဖြစ်သည့် Samsung နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် မြန်မာပြည်သူ လူထု သုံးစွဲသူများ အတွက် မိုဘိုင်း အင်တာနက် ၀င်ဆောင်မှု အခွင့်အလမ်းများ ပွင့်လင်း လာမည် ဖြစ်ပါသည်။

Ooredoo မြန်မာ မှ ပေးဆပ်မည့် ထုတ်ကုန် နှင့် ၀န်ဆောင်မှု များတွင် ဈေးနှုန်း သက်သာ သော အသံ (ဖုန်းလိုင်း)၊ SMS နှင့် Data Bundle အချက်အလက်များ ရရှိနိုင်သော အင်တာနက် နှင့် တွဲလျှက် ရောင်းချသော အစီအစဉ်များ၊ အရည်အသွေး မြင့် ဆင်းမ်ကဒ်များ ၊ သုံးစွဲသူ ၀န်ဆောင်ရေး နှင့် သုံးစွဲသည့် မိုဘိုင်း စက်ပစ္စည်း ကို သိရှိနိုင်သော စွမ်းရည် များ ပါဝင်မည် ဖြစ်ရာ ကမ္ဘာတ၀ှမ်း နှင့် ယှဉ်သော် သုံးစွဲသူ အနည်းဆုံး ဖြစ်နေသေးသည့် ဈေးကွက် တစ်ခု တွင် မိုဘိုင်း နှင့် အင်တာနက် သုံးစွဲသူများ လျှင်မြန်စွာ တိုးတက် ဖွံ့ဖြိုး လာမည်ဖြစ်ပါသည်။


      ရန်ကုန်မှာ တွေ့ရတဲ့  Ooredoo ရဲ့ မိတ်ဆက်ပွဲတခု မြင်ကွင်း (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

Aye Chan Mon Credit To:
http://www.ayechanmon-news1.com/

Post a Comment

 
Top