0


နေပြည်တော်၊ ACM Re-Post 21-6-2014

၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ကျွဲသတ်လေးကျေးရွာနေသူများဖြစ်သည့် မလှိုင်လှိုင်အေး(၃၀)နှစ်နှင့် မခိုင်လေး(၃၀)နှစ်တို့ ၂ ဦးသည် ဘက္ထရီအိုး(၁)လုံးစီ ခေါင်းပေါ်ရွက်လျက် အင်းရွာကျေးရွာမှ ကျွဲသတ်လေးကျေးရွာသို့ လမ်းလျှောက်ပြန်လာစဉ် ကျွဲသတ်လေးကျေးရွာအနီး၊ လယ်ကွင်းထဲသို့အရောက်၌ မိုးကြိုးပစ်ခံရပြီး ရင်ဘတ်/ကျောပြင်ညိုမဲဒဏ်ရာများဖြင့် (၂)ဦးလုံးသေဆုံးသွားခဲ့သည်။ အဆိုပါ သေဆုံးသူများ၏ အလောင်းအား သာယာဝတီမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး သာယာဝတီမြို့မရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ်(၁၀/၂၀၁၄)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Aye Chan Mon Credit To: ရဲဇာနည်
http://www.ayechanmon-news1.com/

Post a Comment

 
Top