ACM Re-Post 26-5-2014-
မဇ္ဈိမသတင်းဌာန
ရန်ကုန်၊ မဇ္ဈိမ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တပ်မတော်သားများနှင့် ပတ်သက်၍
စိန်ခေါ်ဟောပြောခြင်းသည် ဘောင်ကျော်ရာ ရောက်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူ၍ မေလ
၂၂ရက်က သတိပေးစာ ပေးပို့ ထားသည်။
ယင်းစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် ဟောပြောခဲ့သည့် "ကျွနိုပ်တို့တွေဟာ
အာဏာမက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာ မက်မောလို့ လုပ်နေတာ မဟုတ်ဘူးဆိုတာကို သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်ဆိုတဲ့စကားဟာ တစ်နည်းအားဖြင့် ပြောရရင် စိန်ခေါ်မှုလို့လဲ ပြောလို့ ရပါတယ်။ ကျွန်မ စိန်ခေါ်တယ်" စသဖြင့် ပြောခဲ့ခြင်းသည် အခြေခံ
ဥပဒေက ခွင့်ပြုထားသည့် ဘောင်ကို ကျော်နေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယူဆကာ သတိပေးခြင်းလည်း ဖြစ်သည်။
Aye Chan Mon Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/




Post a Comment