0

ACM Re-Post 26-5-2014

မေလ၃၁ ရက်နေ့ Myanmar Event Park မှာ ပြုလုပ်မယ့် Hip Hop Show time ပွဲမှာ အရင် ၁ဝနှစ် ကျော်ကာလက Acid သီချင်းတွေကို ပြန်လည် သီဆို သွား မှာဖြစ်ကြောင်းAcid အဖွဲ့ဝင် အနဂ္ဂက ပြောပါတယ်။ ဒီပွဲမှာ Rဇာနည် ကလည်း Acid အဖွဲ့နဲ့အတူ လာရောက် သီဆို ပေးမှာ ဖြစ်ကြောင်းလည်း သိရပြီး Acid ရဲ့ စ တင်ခြင်း အခွေထဲက သီချင်းတွေကို အဓိကထား သီဆို သွား မှာဖြစ်ကြောင်း ပြောပြလာတဲ့ Acid အဖွဲ့မှ အနဂ္ဂက..

“အဓိက ကတော့ စတင်ခြင်း ထဲက သီချင်းတွေကို ဖျော်ဖြေချင်တယ်။ ကျွန်တော် တို့မှာ သီချင်း အသစ်တွေလည်း ရှိပါတယ်။ သီချင်း အသစ်တွေ ကို တော့ ကျွန်တော့်တို့ ထည့် မဆိုသေးပါဘူး”လို့ ပြောပါတယ်။ စတင်ခြင်း အခွေ ထဲက သီချင်းတွေ သီဆိုဖြစ်ခြင်း က အရင်တုန်းက ပရိသတ်တွေ ကို ပြန်လည် ဆိုပြချင်တဲ့ သဘောလား လို့ အနဂ္ဂ ကိုမေးတော့

“ကျွန်တော်တို့ အနေနဲ့ အရင် တုန်းက ပရိသတ်တွေ ကိုလည်း မျှော်လင့် ပါတယ်။ အခု အငယ်တန်း ပရိသတ်တွေ ကိုလည်း မျှော်လင့်ပါ တယ်။ ကျွန်တော် တို့က အားလုံး ပျော်ရွှင်အောင် ဆိုပေးချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ Hip Hop စခဲ့တဲ့သူတွေ ဘယ်လိုဆိုခဲ့ ကြလဲ ဆိုတာကိုလည်း သိစေချင်တဲ့ သဘော ပါ။ ကျွန်တော်တို့ ကတော့ စတင်ခြင်း အခွေထဲ က သီချင်းတွေကို ပြန် လည် သီဆိုတိုင်းအမြဲ တမ်းစိတ်သစ်လူသစ် ပြန်ပြန်ဖြစ်မိပါ တယ်”လို့ ပြောပြပါ တယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ် ကျော်ကာလက ဆိုချင် ခဲ့တဲ့ စတိတ် ပုံစံမျိုးကို အခုပွဲမှာ သီဆိုရမှ ဖြစ် တဲ့ အတွက်သူ့ အနေနဲ့ တအားလည်း ရင်ခုန်ရ ကြောင်း အနဂ္ဂက ပြောပါ တယ်။

လင်းအက္ခရာ

Aye Chan Mon Credit To:Popular Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top