ACM Re-Post 26-5-2014
မင်းအောင်ခိုင် ၊ Flower News Journal အတွဲ(၁၀) အမှတ် (၂၀)
ရန်ကုန်၊ မေ ၂၄- ပြစ်မှုကျူးလွန်သူများအား အပြစ်ပေးအ ရေးယူရာတွင် ကြိမ်ရိုက်ပြီး အပြစ်ပေးသည့်ဥပဒေကို မြန်မာ နိုင်ငံတွင် ကျင့်သုံးတော့မည်မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးဘရှိန်က ပြောသည်။
အင်္ဂလိပ်အုပ်စိုးစဉ်ခေတ်က ရာဇသတ်ကြီးဥပဒေ တွင် ပြစ်မှုကျူးလွန်သူများအား ကြိမ်ဒဏ်အပြစ်ပေးရန်( The Whipping Act, 1909 )ကို ပြဋ္ဌာန်းပေးခဲ့သည်။
''ဒီဥပဒေက အင်္ဂလိပ်ခေတ်ကတည်းက ပြဋ္ဌာန်းခဲ့ တဲ့ဥပဒေပါ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ မဆလခေတ်ကတည်း က ဒီဥပဒေကို မကျင့်သုံးတော့ပါဘူး။ လူ့အခွင့်အရေးအရလဲ ကိုက်ညီမှု မရှိတော့ဘူး''ဟု ဦးဘရှိန်ကဆိုသည်။
ပြည်ထောင်စုလွှတ်တော်က ကြိမ်ဒဏ်ပေးခြင်း အက် ဥပဒေကို ရုပ်သိမ်းမည်၊ မရုပ်သိမ်းမည်ဆိုခြင်းမှာ ပြည်သူများ အတွက် အကြောင်းထူးမည့် ကိစ္စတစ်ခုမဟုတ်ကြောင်း၊ အာ ဏာပိုင်များသည် လူ့ဂုဏ်သိက္ခာ၊ လူ့စိတ်ဓာတ်များ ကျဆင်း အောင် ထောင်ထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ပုံစံ ထိုင်ခိုင်းခြင်း၊ ဥပဒေမဲ့ ရိုက်နှက်ခြင်းများကို ပြုလုပ်ကြကြောင်း ပြည်မြို့မှ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ဆိုသည်။
''ထောင်ထဲကိုရောက်သွားပြီဆိုတာန
ယင်းကြိမ်ဒဏ်ပေးခြင်းအက်ဥပဒေကို
Aye Chan Mon Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.