0

ACM Re-Post 26-5-2014

ရန်ကင်းမြို့နယ်ရှိ စံပြလေ့ကျင့်ရေး အလယ်တန်း ကျောင်း (ရန်ကင်းတီတီစီ) ကျောင်းအပ်လက်ခံမှုနှင့် ပတ် သက်၍ စစ်ဆေးရန် ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ညွှန်ကြားလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါကျောင်းတွင် မိသား စုလိုက် တက်ရောက်ခဲ့သော အမျိုး သမီးတစ်ဦးက ၎င်း၏ သမီးကို ကျောင်းအပ်နှံရာ၌ ၀န်ကြီးများ ၏ လက်မှတ်မပါ၍ ငြင်းပယ် ခံခဲ့ရကြောင်း အင်တာနက် လူမှု ကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် ရင်ဖွင့် ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေး ခံရခြင်းဖြစ်သည်။

‘‘ဖေ့စ်ဘွတ်ခ်မှာ ပါလာတဲ့ အတွက် ၀န်ကြီးက စစ်ဆေးခိုင်း ထားတယ်။ ရန်ကုန်ပညာရေး တက္ကသိုလ်ပါမောက္ခချုပ်က ဦးဆောင်ပြီး ဒီနေ့စစ်ဆေးတာပါ’’ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးကပြောသည်။

စံပြ လေ့ကျင့်ရေးကျောင်း ဖြစ်သောကြောင့် မိဘများ စိတ်ဝင်စားမှုရှိနေသော အဆိုပါ ကျောင်းတွင် ရန်ကုန်တိုင်းဒေသ ကြီးရှိ ၀န်ကြီးအချို့အပါအ၀င် အ ခြားဝန်ကြီးဌာန ၀န်ကြီးလက်မှတ် များဖြင့် နယ်ကျော်၍ ကျောင်းဝင် ခွင့်ရရှိသော ကလေးများ ရှိနေ သည်။

ကျောင်းဝင်ခွင့် သတ်မှတ် ချက်များနှင့် ပြည့်စုံသော သမီး ငယ်ကို သူငယ်တန်းအပ်နှံရာ ငြင်းပယ်ခံခဲ့ရသော်လည်း နယ် ကျော်အပ်နှံသော ကလေးများက ကျောင်းဝင်ခွင့်ရရှိနေ၍ ကျောင်းရုံးခန်းသို့ ၀င်ရောက်မေးမြန်းရာ ၀န်ကြီးများ၏ လက်မှတ်ကြောင့် ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ဖေ့စ်ဘွတ်ခ်တွင် အမျိုးသမီးက ရင်ဖွင့်ရေးသားခဲ့သည်။

ယခုအခါရန်ကုန်ပညာရေး တက္ကသိုလ်ပါမောက္ခချုပ်က အဆိုပါကိစ္စကို စစ်ဆေးနေပြီး မကြာမီ တွင် ဆုံးဖြတ်ချက်ထွက်ပေါ်လာ နိုင်ကြောင်း ပညာရေးဝန်ကြီးဌာန နှင့် နီးစပ်သူများက သုံးသပ်သည်။

‘‘ဆရာမကြီးကတော့ ဘာမှ မပြောလိုတော့ပါဘူး။ ဘာဆက် ဖြစ်မလဲဆိုတဲ့ သတင်းပဲ စောင့်ကြည့်တော့မှာပါ’’ ဟု ရန်ကင်းတီတီစီ ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။ အစိုးရသစ် တက်လာပြီး နောက် ၂၀၁၁ ခုနှစ်တွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရက ရန်ကုန် မြို့တွင်း လာဘ်စားမှုအများဆုံး ကျောင်း ၁၉ ကျောင်းကိုထုတ်ပြန် ခဲ့ရာ အဆိုပါ စံပြလေ့ကျင့်ရေး အလယ်တန်းကျောင်းလည်း ပါ ၀င်ခဲ့သည်။

ဦးသိန်းစိန်အစိုးရသည် ယခု စာသင်နှစ်မှ စတင်၍ မူလတန်းမှ အလယ်တန်းအဆင့်ထိ ငွေ ကြေးကောက်ခံမှုမပြုလုပ်ရန် တား မြစ်ထားသော်လည်း နယ်ကျော်၍ ကျောင်းအပ်နှံမှုများအတွက် ၀န် ကြီးလက်မှတ် အသုံးပြုနေခြင်း များရှိနေဆဲဖြစ်သည်။

Aye Chan Mon Credit To:7Day News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top