0

ACM Re-Post 26-5-2014

ဂျပန်နိုင်ငံကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီးရှီဂဲယုအီဝါ ဆာကီသည် မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံ တပ်မတော်ကြား ဆက် ဆံရေးမြှင့်တင်ရန် မြန်မာနိုင်ငံ သို့ သုံးရက်ကြာချစ်ကြည်ရေးခရီး မေလ ၂၆ရက်တွင် စတင်လိုက် ကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်ကြီး၏ ယခုခရီးစဉ် မှာ ၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ် အပြီး နှစ်ပေါင်း ၆၀ကျော်အတွင်း မြန်မာနိုင်ငံသို့ ဂျပန်စစ်ဘက်ထိပ် တန်းအရာရှိကြီးတစ်ဦး ပထမဆုံး အကြိမ်လာရောက်ခြင်းလည်းဖြစ် သည်။ ၎င်း၏ခရီးစဉ်သည်နှစ်နိုင် ငံတပ်မတော်ကြားအပြန်အလှန် ဆက်ဆံရေးကို စတင်မြှင့်တင်ရန် နှင့် ပူးပေါင်းဆောင်ရွက်ရန်ပထမ ဆုံး စတင်လိုက်သည့် ခရီးစဉ် လည်းဖြစ်သည်။

ဂျပန်နိုင်ငံသည် စစ်အစိုးရ အုပ်ချုပ်စဉ်က ယခုကဲ့သို့တပ်မ တော်ချင်းထိတွေ့ဆက်ဆံမှုကိုမ ပြုလုပ်ခဲ့ပေ။ ယခုဒီမိုကရေစီစနစ် ကို ဖော်ဆောင်နေသည့် အစိုးရ လက်ထက်တွင်မူ မြန်မာ့တပ်မ တော်နှင့် စတင်ထိတွေ့ဆက်ဆံ ခြင်းဖြစ်ပြီး စစ်သင်တန်းပို့ချခြင်း၊ စစ်ရေးလေ့ကျင့်ခြင်း၊ စစ်လက် နက်ပစ္စည်း ပံ့ပိုးခြင်း စသည့်စစ် ရေးအကူအညီနှင့် လုံးဝမပတ် သက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယ သံအမတ်မစ္စတာ မာရုယာမက ပြောကြား သည်။

‘‘အရင် ဒီမိုကရေစီအစိုးရမ ဟုတ်တဲ့ စစ်အစိုးရလက်ထက် တုန်းကတော့ ဒါမျိုးဂျပန်တပ်မ တော်က မလုပ်ခဲ့ပါဘူး။ ခုဒီမိုက ရေစီအစိုးရလက်ထက်မှာတော့ ခေတ်မီတဲ့နိုင်ငံတစ်ခုမှာ ခေတ်မီ တဲ့တပ်မတော်ရဲ့အဓိကတာဝန်နဲ့ စွမ်းဆောင်ရည်တွေက ဘာတွေ လဲဆိုတာ မြန်မာ့တပ်မတော်ကို အသိအမြင်ဖလှယ်တာအပါအ ၀င် လူ့စွမ်းအားအရင်းအမြစ်သင် တန်းတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှု တွေမှာ ဂျပန်တပ်မတော်ကဘယ် လိုဆောင်ရွက်တယ်၊ တာဝန်ယူ တယ်ဆိုတာတွေကို ပိုပြီးနှစ်နိုင်ငံ တပ်မတော်ချင်းထိတွေ့ဆက်ဆံ အမြင်ဖလှယ်မှာပါ’’ဟု ၎င်းက ပြောသည်။

ဂျပန်ကာကွယ်ရေးဦးစီးချုပ် သည် မေလ ၂၆ရက်မှ ၂၉ရက်အ ထိ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ခရီးစဉ်အတွင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ခြင်း၊ ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက်လေ့လာခြင်း၊ နေ ပြည်တော်ရှိ စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခြင်း၊ သမ္မတ ဦးသိန်းစိန်အား ဂါရ၀ပြု တွေ့ဆုံခြင်း၊ ရန်ကုန်နှင့် နေပြည်တော်မြို့ တွင်း လှည့်လည်ခြင်းတို့ ပါဝင် ကြောင်း ခရီးစဉ် ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ဂျပန်နိုင်ငံသည် လွန်ခဲ့သည့် နှစ် လေးဆယ်ကျော်က ဂျပန်နိုင် ငံဆိုင်ရာ စစ်သံမှူးကို မြန်မာနိုင်ငံ တွင် ထားရှိခဲ့ပြီးနောက် တပ်မ တော်နှစ်ရပ်ကြားအထိအတွေ့မ ရှိသလောက်ဖြစ်ခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဂျပန်ရေ ငုပ်သင်္ဘောသုံးစီး ရန်ကုန်မြို့သို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့ သည်။

နှစ်ပေါင်း သုံးဆယ်အ တွင်း ပထမအကြိမ်အဖြစ် ဂျပန် ၀န်ကြီးချုပ်ရှင်ဇိုအာဘေးမြန်မာ နိုင်ငံသို့လာရောက်ခဲ့ပြီး ဂျပန်သို့ပေးရန်ရှိသော ကြွေးမြီများကို လျှော်ပစ်ခဲ့သည်။

မြန်မာစစ်တပ်တွင် လူ့အခွင့် အရေး ချိုးဖောက်မှုများ ရှိနေ ကြောင်း ဝေဖန်မှုများရှိနေသော် လည်း နိုင်ငံတကာက သတ်မှတ် လက်ခံသည့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုများ အ တိုင်း ဂျပန်နိုင်ငံက စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၄ ခုနှစ်သည် ဂျပန်−မြန်မာ သံတမန်ဆက်ဆံရေးထူ ထောင်ခဲ့သည့် နှစ်(၆၀)ပြည့်သည့် နှစ်လည်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလက မြန်မာ သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံသို့ သွားရောက်ပြီးနောက် ဟီးနိုးကဲ့သို့ ဂျပန်စီးပွားရေး လုပ်ငန်းအချို့ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင် ရောက်လာခဲ့ကြသည်။

Aye Chan Mon Credit To:
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top